Thursday, February 25, 2010

Day 2 & 3: Bamaw

Bamaw is a beautiful town with some simple attractions such as the old Bamaw City, the jetty, some pagodas and churches. Friendship hotel with international standard service was also found in Bamaw. A friend of mine who travels very frequently said the breakfast at Friendship is the best in Kachin State. I also love the decorations in its Friendship Café and bar.

ဗန်းမော်ကို ညနေဖက် ရောက်လာတာ ဆိုတော့ စက်ဘီးငှား ပြီး မြို့ တစ်ပါတ် ပတ်ဖြစ်တယ်။ ရှေးတုန်းက စံပါနဂိုဃ်ပြည် နေရာ ဖြစ်ခဲ့ဘူးတဲ့ ဗန်းမော်မြို့ ဟောင်း လို့ စာအုပ်ထဲမှာ ရေးထား တော့ မြို့ ရိုးတွေ၊ ကျုံးတွေ၊ မြို့ ဝင် တံခါးတွေ တွေ့ဦးမယ် ထင်မိတာ။ လိုက်ရှာ တာ ဘာမှမတွေ့ ဖြစ်နေလို့ မေးကြည့်တော့မှ ကိုယ်ရပ်နေတာ မြို့ ရိုးပေါ်မှာ မှန်းသိတော့တယ်။ မြို့  ရိုးက ကုန်း၊ ကျုံးက ကန် အဖြစ်ပဲကျန်တော့ တာကိုး။ အခုပြန်ဖတ်ကြည့်တော့လည်း မြို့  ရိုးတော့ ရှိရမယ်လို့ ထင်တာပဲ။ ဗန်းမော်သူ ဗန်းမော်သားတွေများ ဒီစာလေးဖတ်ကြည့် ပြီး မြို့  ရိုးက ရှိရဲ့  သားနဲ့ ကိုယ်က မတွေ့ ခဲ့ တာဆိုရင်လည်း Comment ထဲမှာ ရေးပေးခဲ့ကြပါနော်။



စံပါနဂိုဃ်ပြည် နေရာကို ရောက်ခဲ့တယ်လို့ ပြောပြတော့ စံပါနဂိုဃ်ပြည် လို့ ကြားလိုက်တာနဲ့ “ညောင်ဦးကမ်းပါး ပြိုတာနဲ့ စံပါနဂိုဃ်ပြည်က နွားမပေါင် ကျိုးတာလို” ဆိုတဲ့ စကားကို ချက်ချင်း သတိရ ကြတာပဲနော်။ ရွှေကျီးနား ဘုရားဝင်းရဲ့  နောက်ဖက် ဧရာဝတီမြစ်ကို မျက်နှာမူထားတဲ့ မြို့ ရိုး ဖက်မှာ အလွန်စိမ်းလမ်းတဲ့ စပါးခင်းတွေနဲ့ ခပ် လှမ်းလှမ်း မှာတော့ ဧရာဝတီထဲကို လာပေါင်း တဲ့ တာပိန်မြစ် ကိုတွေ့ရပါတယ်။



သင်္ဘောဆိပ်ဖက် ရောက်လာတော့ နေ၀င်ခါနီးမို့ ဓါတ်ပုံရိုက်ဖို့ စိတ်ရှည်ရှည်ထားပြီး စောင့် ပါတယ်။ မြစ်ကမ်းတလျှောက် ကြွပ်ကြွပ်အိပ်တွေ များလွန်းလို့ ဓါတ်ပုံထဲမှာ မပါအောင် တော်တော် ကြိုးစား ရိုက်ရတယ်။ ခပ်လှမ်းလှမ်း မှာတော့ ဆိုင်းဘုတ်ကြီးတစ်ခု က ၀င့်ဝင့် ထည်ထည်။ “ကချင်ပြည်နယ်တွင် ကြွပ်ကြွပ်အိပ် သုံးစွဲမှု ပပျောက်စေရမည်” ဆိုလား။ ဘယ်ရမလဲ ကြွပ်ကြွပ်အိပ်တွေ ဓါတ်ပုံ ထဲမပါအောင် ကမ်းဘေးမှာတွေ့တဲ့ စဉ့်အိုးကြီးတွေ ခံရိုက်လိုက်တာပေါ့။





ဗန်းမော်မြို့  မှာ အမှတ်တရ အဖြစ်ဆုံးက Friendship Hotel ဖြစ်မယ်ထင်ပါတယ်။ ခရီးသွားတဲ့ အခါတိုင်း တည်းစရာ အသင့်အတင့် သန့်ရှင်း သပ်ရပ်တဲ့ Guest House သို့မဟုတ် Hotel အငယ်စားလေး တွေရဖို့ အမြဲဆုတောင်းရပါတယ်။ ဗန်းမော်က Friendship Hotel ကတော့ Tourism ဖွင့်ဖြိုးတဲ့ ထိုင်းနိုင်ငံ Chengmai လိုမြို့ မျိုးက Hotel အငယ်စားလေးတွေ နဲ့ တောင် ယှဉ်နိုင်ပါတယ်။ အခန်းတွေက သန့်ရှင်းသပ်ရပ်ပြီး တိတ်တိတ်ဆိတ်ဆိတ် ရှိသလို ၀န်ထမ်း တွေကလည်း ဖေါ်ဖေါ်ရွေရွေ ရှိပါတယ်။ ရေချိုးခန်း၊ အိမ်သာ တွဲထားတဲ့ အခန်း မျိုးအတွက် အခန်းခက နိုင်ငံခြားသားများ အတွက် USD 15 ဖြစ်ပြီး နိုင်ငံသားများ အတွက် ကျပ် တစ်သောင်းပါ။ Friendship Hotel က မနက်စာဟာ ကချင်ပြည်နယ် ထဲမှာ အကောင်းဆုံး ပဲလို့ မြန်မာပြည် တနံတလျှား တာဝန်နဲ့ ခရီးသွား ရတဲ့ ညီမလေး တစ်ယောက်က ပြောပါတယ်။





ကသာကို ဆက်သွားလည်း ကသာ-မန္တလေး ရှပ်ပြေးယာဉ်က တစ်နေ့ စောင့်ရမှာမို့ ဘလော့(ဂ်) ပေါ်တင်ဖို့ စာရေးရင်း ဗန်းမော်မှာ တစ်ည ဆက်နေဖြစ်ပါတယ်။ ညနေဖက် လမ်း တစ်ပါတ် လျှောက်ပြီး Friendship Café မှာပဲ ညနေစာ စားဖို့ ဆုံးဖြတ်ဖြစ်တယ်။ Café ထဲကို ၀င်လိုက်ပြန်တော့လည်း သဘောကျမိပြန်တယ်။ Decoration က တော်တော်လေး ထိုင်ချင် စဖွယ် ဖြစ်အောင်လုပ်ထားတာကိုး။



ပြောစရာလေး တစ်ခုရှိသွားတာကတော့ အပြင်ထွက်တုန်း အခန်းရှင်းထားပေးပါလို့ ပြောခဲ့တာ မရှင်းထားတာ လေးပါ။ ကိုယ်ဘာလိုချင်တယ်ဆိုတာ မသဲကွဲလို့လား၊ ညနေဖက်ဆိုတော့ House Keeping လုပ်မယ့်သူ မရှိတော့လို့လား၊ နှစ်ရက်ဆက်နေသူတိုင်းကို အခန်းရှင်း မပေး တာလား ဆိုတာတွေတော့ ဆက်မေးမကြည့်တော့ပါ။ ဘာပဲပြောပြော Serviceက နိုင်ငံတကာ အဆင့်မှီတာမို့ Hotel လုပ်ငန်းလုပ်သူရော ခရီးသွားသူတွေကိုပါ သိစေချင်လှပါတယ်။ လွင်မိုး ခရီးသွားနေသည် လိုအစီအစဉ် မျိုးမှာ ပါလိုက်ရင်တော့ တစ်နိုင်ငံလုံး သိသွားမှာပဲနော်။ သူငယ်ချင်းတွေ ဗန်းမော်ဘက်များ ရောက်ခဲ့ ရင် တည်းစရာ ဟိုတယ် ကောင်းလေးတစ်ခု ရှိတဲ့ အကြောင်းသတင်းကောင်းလေးပါ။

1 comment:

mongpay said...

wow! Friendship change that much. I was there in 2004 and the hotel was relatively dirty but it was the best in town. Good memoir for me. Keep on.

khun myo