Sunday, February 28, 2010

အမရပူရ - အင်းဝ - စစ်ကိုင်း (၂၀၀၆/ရ)

One-day land tour to Amarapura and Ava (Innwa) is worth travelling for those who are interested to connect present with the past. We rent a taxi from Dataroo airport for the day trip. The driver cum guide drove us to Amarapura, to the teak wood bridge (also known as U Pein bridge) first. It was a clear and windy day. The bridge which was built without using any nail was graciously standing across the lake Taung Thaman. We crossed just to the half of it as we wanted to reach to the monastery Maha Gandaryon at the monks' lunch time. There are many local and tourists in the compound witnessing the monks having thier lunch at one of the most disciplined monastery and offering Food, Medicine and Nawakama (cash meant for Food, Medicine, Building, Robe?).

Then we went to Ava - the old palace before the king moved to Amarapura. We have to cross the river with a motorized big raft and later hopped onto a horse cart (just get on one, the driver knows where to bring you). The horse cart went through the old city walls and gates of the past and the fields of the present (the farmers grew a kind of bean in most of the field in the cold and dry season like Nov, Dec, Jan). Mei Nu Oak Kyaung is still a mystery. The old Bagaya monastery is still as it was built. With the big and dark teak columns, the walls, the hand-crafted doors and the monks, the monastery is lively. We had a good bird eyes' view from the old watch tower which is leaning to one side. I really enjoyed Amarapura and Ava.

We went to Sagain in the evening, but I should spend the day at Amarapura and Ava alone. Sagai itself also have enough interesting places to spend one day. Since we only spend one day for both, we can only stay on top of Sagain hill for about an hour. However, fortunately the beautiful sun set made the trip worth travelling.

၂၀၀၆ ခုနှစ်အကုန် ၂၀၀၇ ခုနှစ်အဆန်းမှာ သွားဖြစ်ခဲ့တဲ့ အမရပူရ၊ အင်းဝ နဲ့ စစ်ကိုင်း ခရီးစဉ်ကို အမှတ်တရ ပြန်တင် လိုက်ပါတယ်။ မနက်စောစော လေယာဉ်နဲ့ မန္တလေး တံတားဦး လေဆိပ်မှာ ဆင်းကတည်းက အမရပူရကို တိုက်ရိုက်သွားခဲ့တာပါ။ ကားကို ဘယ်လောက်ကြာအောင် မောင်းရသလဲ ဆိုတာတော့ မမှတ်မိတော့ပါဘူး။ အမရပူရရောက် တော့ မဟာဂန္တာ ရုံကျောင်းမှာ ဆွမ်းခံ၊ ဆွမ်းစားတာ ကြည်ညိုဖို့ စောနေသေးလို့ ဦးပိန်တံတား ကို အရင်သွားပါတယ်။ နေပူတဲ့ အချိန်ဖြစ်နေတာရော၊ အချိန်နည်းတာရောနဲ့ တံတားတစ်ဝက် လောက် အထိ လမ်းလျှောက်ပြီး ပြန်လှည့်ခဲ့ရပါတယ်။



မဟာဂန္တာ ရုံကျောင်း ကိုရောက်တော့ သံဃာတော်တွေ စီတန်းနေပါပြီ။ သိပ်မကြာခင်မှာ ဆွမ်းခံပြီး ဆွမ်းဘုန်းပေးပါတယ်။ ပြည်တွင်းက လှူတန်းသူတွေရော၊ လာရောက်ကြည့်ရှုတဲ့ နိုင်ငံခြားသား ခရီးသွားတွေပါ ကြိတ်ကြိတ်တိုးလို့ ပြောရလောက်အောင် များပြားပါတယ်။ အင်မတန် စနစ်ကျတဲ့ ကျောင်းမှာ သံဃာတော်များ ဆွမ်းဘုန်းပေးတာကို မြင်ရတာ ကြည်ညို ဖွယ်ကောင်းလှသလို၊ နေ့စဉ်ရက်ဆက်ကြီးဆိုတော့ သံဃာတော်တွေမှာ စိတ်များ ကျဉ်းကြပ် မလား ရယ်လို့လည်းတွေးမိတာ အမှန်ပါ။





အမရပူရမှာ လက်ယက်အထည်တွေ ၀င်ကြည့်ပြီးတော့ အင်းဝကိုသွားဖို့ ဆက်မောင်းသွား ခဲ့တာ မှတ်မိပါတယ်။ နောက်တော့ ကားဆရာက နေခဲ့ပြီး ကိုယ့်ဖာသာ ဖေါင်စီးပြီး ကူးရပါတယ်။ တစ်ဖက်ကမ်းကိုရောက်တော့ မြင်းလှည်းငှားပြီး အင်းဝ တစ်ပါတ်ပါတ် ရတာပါ။ ကိုယ့်မြင်းလှည်းက လှည်းတော်တော်များများရဲ့ နောက်ကမို့ ဖုန်သက်သာအောင်လို့ အင်းဝကို သူများ နဲ့ ပြောင်းပြန်ပါတ်ခဲ့ပါတယ်။ ရတနာပူရ ရွှေအင်းဝမှာတော့ မြို့ ရိုးတွေ၊ မြို့  တံခါးတွေ ဟာ အကောင်း နီးပါး ကျန်ပါတယ်။





အဲဒီနောက်မှာ ရောက်သွားတာကတော့ မဟာအောင်မြေဘုံစံ လို့လည်း အမည်တွင်တဲ့ မယ်နုအုတ်ကျောင်းပါ။ တစ်ထောင့် ရှစ်ရာပြည့် နှစ်များ ကတည်းက ဘုရင် ဘကြီးတော်မင်းရဲ့  မိဘုရားခေါင်ကြီးက ဆောက်ထားတာဆိုတော့ အဲဒီ နှစ် နှစ်ရာ နီးပါးက အင်းဝရဲ့  (သို့မဟုတ်) ဘုရင်ရဲ့  ကြွယ်ဝမှုကို မှန်းကြည့်နိုင်ပါတယ်။ မယ်နုအုတ်ကျောင်းရဲ့  မြေအောက်ခန်း ထဲမှာ ဆင်ထားတဲ့ စက်ယန္ထယားများ အကြောင်းလည်း ကြားဖူးပါရဲ့ ။



မယ်နုအုတ်ကျောင်းမှာ ဆယ်နှစ်ကျော်လောက် ယောက်ျား ကလေးတစ်ယောက် က ကိုယ်တို့ကို ကျောင်းပါတ်လည် ကို လိုက်ပြပြီး ကျောင်းရဲ့  သမိုင်းတွေကို ရှင်းပြပါတယ်။ သူစပြောနေကတည်းက သိပ် နားမလည် ပါဘူး။ ဒါပေမယ့် သူက အတင်းလိုက်ကပ် နေပုံ မပေါက်ဘဲ၊ သူ့အလုပ်သူ တည်တည်တံ့တံ့ လုပ်နေတဲ့ ပုံပေါက်တာနဲ့ စိတ်ဝင်စားလို့ ခေါ်လာခဲ့တာပါ။ သူ့ကို ကြည့်ပြီး ပါးနပ်မှု၊ တည်တည်ကြည်ကြည် ရှိပုံပေါက်မှုတွေဟာ ဘုရားမှာ Guide လုပ်စားရင်တောင်မှ လိုအပ်တဲ့ အရည်အသွေးတွေပဲလို့ တွေးမိခဲ့ပါတယ်။ Oscar တွေအမျာကြီးရတဲ့ Slum dog Millionaire ကားထဲမှာ ဂျမားလ် တို့ညီအကို နှစ်ယောက် Taj Mahal မှာ Guide လုပ်တာမြင်တော့ တောင် Character ချင်းမတူသော် လည်း အလုပ်ချင်းတူနေတာမို့ ဒီကလေးလေးကို သတိရမိသေးတယ်။

အဲဒီနောက်မှာတော့ မြင်းလှည်းက မြေလမ်းလေးတစ်လျှောက် နန်းမြင့် မျှော်စင် ရှိရာကို မောင်းပါတယ်။ နန်းမြင့်မျှော်စင်ကြီးကတော့ တစ်ဖက်ကို ယိမ်းနေပါပြီ။ အပေါ်ကိုတက်တော့ ကိုယ်တက်တဲ့ အချိန်ကျမှ တိုက်တိုက်ဆိုင်ဆိုင် ပြိုသွားခဲ့ရင် ရယ်လို့ မတွေးဘဲကို မနေနိုင် တာပါ။ မျှော်စင်ပေါ်က လှမ်းကြည့်ရင် အနီးအနား တစ်ဝိုက်သာမက၊ ခပ်ဝေးဝေးက စစ်ကိုင်းတံတား နဲ့  စစ်ကိုင်းတောင်ကိုပါ မြင်ရပါတယ်။ အမှတ်တရ ဖြစ်စရာလေးကတော့ ဈေးသည်လေးတွေက ဗိုလ်လို လာလာ ပြောကြတာပါ။ ဗမာလို ပြန်ပြောရင် ခိုးခိုးခစ်ခစ် ရယ်ကြသေးတယ်။ သူတို့ခမျာ အကျင့်ကို ပါနေတော့တာ ပဲလို့ တွေးမိပါရဲ့ ။



ဒီတစ်ခါ မြင်းလှည်းမောင်းလာတော့ လှည်းလမ်းရဲ့  တစ်ဖက်တစ်ချက်မှာ ပဲကြီးခင်းတွေ တွေ့ရ တယ်။ နောက် ခရီးတစ်ထောက် ကတော့ ဗားကရာကျောင်းပါ။ မပြုမပြင်ထားတဲ့ ဗားကရာ ကျောင်းဟာ ရေနံချေးတွေဝပြီး ထူးထူးခြားခြား ခန့်ငြားလှပါတယ်။ ရှိသမျှ ဓါတ်ပုံလေးတွေ ပြန်ကြည့်ပြီး အခုစိတ်နဲ့သာဆို ဓါတ်ပုံတွေ အများကြီး စိတ်ရှည်ရှည်ထားပြီး ရိုက်ခဲ့မိမှာလို့ တွေးရင်း စိတ်ရှည်လက်ရှည် ဓါတ်ပုံ များများ မရိုက်ခဲ့မိတာကို နောင်တတောင် ရချင်နေသေး။





အင်းဝမှာ လည်စရာကုန်တော့ တစ်ဖက်ကမ်းကို ပြန်ကူးရပါတယ်။ ဖေါင်ပေါ်မှာ နိုင်ငံခြားသား ခရီးသွားသူ ဦးရေက ပြည်တွင်းက လူတွေထက် ပိုများတယ်ထင်ပါတယ်။ အဲဒါပြီးတဲ့ နောက်မှာတော့ စစ်ကိုင်းကို ဦးတည်ပါတယ်။ ဒါ စစ်ကိုင်းကို ပထမဆုံးရောက်ဖူးတာပါ။ စစ်ကိုင်းတောင်ကို နေ၀င်ချိန်အမှီလေး ရောက်သွားတာဆိုတော့ နေ၀င်ချိန်ရှုခင်း ကိုလည်း အားပါးတရ ကြည့် ခဲ့ရပါတယ်။ မြေပဲမွှေးမွှေးနဲ့ မြူရွက်သုပ်၊ တလုပ်စကား (အဖူး) သုပ်တွေ ကိုလည်းစားခဲ့ ရပါတယ်။



မန္တလေးကို ညဖက်ပြန်ရောက်တော့ ဒီဇင်ဘာ (၃၁)ရက်နေ့ ညမို့ နှစ်သစ်ကို ကြိုဆိုဖို့ ဟန်ပြင်နေတဲ့ အမိုးပွင့် ဂျစ်ကားတွေဆီက သီချင်းသံတွေကိုလည်း ညံနေအောင် ကြားရ ပါတယ်။ နာမည် မမှတ်မိတော့တဲ့ လမ်းမကြီး ဘေးက အကင်ဆိုင် အကြီးကြီး မှာထိုင်၊ အရည်ပါ သောက်လို့ ရတဲ့ ခရုဟင်း ကို (ပထမဆုံးအကြိမ်) စားပြီး ၂၀၀၇ ကို ကြိုဆိုခဲ့တာလေး သတိတရ ဖြစ်နေမိပါကြောင်း။

No comments: