Sunday, February 28, 2010

အမရပူရ - အင်းဝ - စစ်ကိုင်း (၂၀၀၆/ရ)

One-day land tour to Amarapura and Ava (Innwa) is worth travelling for those who are interested to connect present with the past. We rent a taxi from Dataroo airport for the day trip. The driver cum guide drove us to Amarapura, to the teak wood bridge (also known as U Pein bridge) first. It was a clear and windy day. The bridge which was built without using any nail was graciously standing across the lake Taung Thaman. We crossed just to the half of it as we wanted to reach to the monastery Maha Gandaryon at the monks' lunch time. There are many local and tourists in the compound witnessing the monks having thier lunch at one of the most disciplined monastery and offering Food, Medicine and Nawakama (cash meant for Food, Medicine, Building, Robe?).

Then we went to Ava - the old palace before the king moved to Amarapura. We have to cross the river with a motorized big raft and later hopped onto a horse cart (just get on one, the driver knows where to bring you). The horse cart went through the old city walls and gates of the past and the fields of the present (the farmers grew a kind of bean in most of the field in the cold and dry season like Nov, Dec, Jan). Mei Nu Oak Kyaung is still a mystery. The old Bagaya monastery is still as it was built. With the big and dark teak columns, the walls, the hand-crafted doors and the monks, the monastery is lively. We had a good bird eyes' view from the old watch tower which is leaning to one side. I really enjoyed Amarapura and Ava.

We went to Sagain in the evening, but I should spend the day at Amarapura and Ava alone. Sagai itself also have enough interesting places to spend one day. Since we only spend one day for both, we can only stay on top of Sagain hill for about an hour. However, fortunately the beautiful sun set made the trip worth travelling.

၂၀၀၆ ခုနှစ်အကုန် ၂၀၀၇ ခုနှစ်အဆန်းမှာ သွားဖြစ်ခဲ့တဲ့ အမရပူရ၊ အင်းဝ နဲ့ စစ်ကိုင်း ခရီးစဉ်ကို အမှတ်တရ ပြန်တင် လိုက်ပါတယ်။ မနက်စောစော လေယာဉ်နဲ့ မန္တလေး တံတားဦး လေဆိပ်မှာ ဆင်းကတည်းက အမရပူရကို တိုက်ရိုက်သွားခဲ့တာပါ။ ကားကို ဘယ်လောက်ကြာအောင် မောင်းရသလဲ ဆိုတာတော့ မမှတ်မိတော့ပါဘူး။ အမရပူရရောက် တော့ မဟာဂန္တာ ရုံကျောင်းမှာ ဆွမ်းခံ၊ ဆွမ်းစားတာ ကြည်ညိုဖို့ စောနေသေးလို့ ဦးပိန်တံတား ကို အရင်သွားပါတယ်။ နေပူတဲ့ အချိန်ဖြစ်နေတာရော၊ အချိန်နည်းတာရောနဲ့ တံတားတစ်ဝက် လောက် အထိ လမ်းလျှောက်ပြီး ပြန်လှည့်ခဲ့ရပါတယ်။



မဟာဂန္တာ ရုံကျောင်း ကိုရောက်တော့ သံဃာတော်တွေ စီတန်းနေပါပြီ။ သိပ်မကြာခင်မှာ ဆွမ်းခံပြီး ဆွမ်းဘုန်းပေးပါတယ်။ ပြည်တွင်းက လှူတန်းသူတွေရော၊ လာရောက်ကြည့်ရှုတဲ့ နိုင်ငံခြားသား ခရီးသွားတွေပါ ကြိတ်ကြိတ်တိုးလို့ ပြောရလောက်အောင် များပြားပါတယ်။ အင်မတန် စနစ်ကျတဲ့ ကျောင်းမှာ သံဃာတော်များ ဆွမ်းဘုန်းပေးတာကို မြင်ရတာ ကြည်ညို ဖွယ်ကောင်းလှသလို၊ နေ့စဉ်ရက်ဆက်ကြီးဆိုတော့ သံဃာတော်တွေမှာ စိတ်များ ကျဉ်းကြပ် မလား ရယ်လို့လည်းတွေးမိတာ အမှန်ပါ။





အမရပူရမှာ လက်ယက်အထည်တွေ ၀င်ကြည့်ပြီးတော့ အင်းဝကိုသွားဖို့ ဆက်မောင်းသွား ခဲ့တာ မှတ်မိပါတယ်။ နောက်တော့ ကားဆရာက နေခဲ့ပြီး ကိုယ့်ဖာသာ ဖေါင်စီးပြီး ကူးရပါတယ်။ တစ်ဖက်ကမ်းကိုရောက်တော့ မြင်းလှည်းငှားပြီး အင်းဝ တစ်ပါတ်ပါတ် ရတာပါ။ ကိုယ့်မြင်းလှည်းက လှည်းတော်တော်များများရဲ့ နောက်ကမို့ ဖုန်သက်သာအောင်လို့ အင်းဝကို သူများ နဲ့ ပြောင်းပြန်ပါတ်ခဲ့ပါတယ်။ ရတနာပူရ ရွှေအင်းဝမှာတော့ မြို့ ရိုးတွေ၊ မြို့  တံခါးတွေ ဟာ အကောင်း နီးပါး ကျန်ပါတယ်။





အဲဒီနောက်မှာ ရောက်သွားတာကတော့ မဟာအောင်မြေဘုံစံ လို့လည်း အမည်တွင်တဲ့ မယ်နုအုတ်ကျောင်းပါ။ တစ်ထောင့် ရှစ်ရာပြည့် နှစ်များ ကတည်းက ဘုရင် ဘကြီးတော်မင်းရဲ့  မိဘုရားခေါင်ကြီးက ဆောက်ထားတာဆိုတော့ အဲဒီ နှစ် နှစ်ရာ နီးပါးက အင်းဝရဲ့  (သို့မဟုတ်) ဘုရင်ရဲ့  ကြွယ်ဝမှုကို မှန်းကြည့်နိုင်ပါတယ်။ မယ်နုအုတ်ကျောင်းရဲ့  မြေအောက်ခန်း ထဲမှာ ဆင်ထားတဲ့ စက်ယန္ထယားများ အကြောင်းလည်း ကြားဖူးပါရဲ့ ။



မယ်နုအုတ်ကျောင်းမှာ ဆယ်နှစ်ကျော်လောက် ယောက်ျား ကလေးတစ်ယောက် က ကိုယ်တို့ကို ကျောင်းပါတ်လည် ကို လိုက်ပြပြီး ကျောင်းရဲ့  သမိုင်းတွေကို ရှင်းပြပါတယ်။ သူစပြောနေကတည်းက သိပ် နားမလည် ပါဘူး။ ဒါပေမယ့် သူက အတင်းလိုက်ကပ် နေပုံ မပေါက်ဘဲ၊ သူ့အလုပ်သူ တည်တည်တံ့တံ့ လုပ်နေတဲ့ ပုံပေါက်တာနဲ့ စိတ်ဝင်စားလို့ ခေါ်လာခဲ့တာပါ။ သူ့ကို ကြည့်ပြီး ပါးနပ်မှု၊ တည်တည်ကြည်ကြည် ရှိပုံပေါက်မှုတွေဟာ ဘုရားမှာ Guide လုပ်စားရင်တောင်မှ လိုအပ်တဲ့ အရည်အသွေးတွေပဲလို့ တွေးမိခဲ့ပါတယ်။ Oscar တွေအမျာကြီးရတဲ့ Slum dog Millionaire ကားထဲမှာ ဂျမားလ် တို့ညီအကို နှစ်ယောက် Taj Mahal မှာ Guide လုပ်တာမြင်တော့ တောင် Character ချင်းမတူသော် လည်း အလုပ်ချင်းတူနေတာမို့ ဒီကလေးလေးကို သတိရမိသေးတယ်။

အဲဒီနောက်မှာတော့ မြင်းလှည်းက မြေလမ်းလေးတစ်လျှောက် နန်းမြင့် မျှော်စင် ရှိရာကို မောင်းပါတယ်။ နန်းမြင့်မျှော်စင်ကြီးကတော့ တစ်ဖက်ကို ယိမ်းနေပါပြီ။ အပေါ်ကိုတက်တော့ ကိုယ်တက်တဲ့ အချိန်ကျမှ တိုက်တိုက်ဆိုင်ဆိုင် ပြိုသွားခဲ့ရင် ရယ်လို့ မတွေးဘဲကို မနေနိုင် တာပါ။ မျှော်စင်ပေါ်က လှမ်းကြည့်ရင် အနီးအနား တစ်ဝိုက်သာမက၊ ခပ်ဝေးဝေးက စစ်ကိုင်းတံတား နဲ့  စစ်ကိုင်းတောင်ကိုပါ မြင်ရပါတယ်။ အမှတ်တရ ဖြစ်စရာလေးကတော့ ဈေးသည်လေးတွေက ဗိုလ်လို လာလာ ပြောကြတာပါ။ ဗမာလို ပြန်ပြောရင် ခိုးခိုးခစ်ခစ် ရယ်ကြသေးတယ်။ သူတို့ခမျာ အကျင့်ကို ပါနေတော့တာ ပဲလို့ တွေးမိပါရဲ့ ။



ဒီတစ်ခါ မြင်းလှည်းမောင်းလာတော့ လှည်းလမ်းရဲ့  တစ်ဖက်တစ်ချက်မှာ ပဲကြီးခင်းတွေ တွေ့ရ တယ်။ နောက် ခရီးတစ်ထောက် ကတော့ ဗားကရာကျောင်းပါ။ မပြုမပြင်ထားတဲ့ ဗားကရာ ကျောင်းဟာ ရေနံချေးတွေဝပြီး ထူးထူးခြားခြား ခန့်ငြားလှပါတယ်။ ရှိသမျှ ဓါတ်ပုံလေးတွေ ပြန်ကြည့်ပြီး အခုစိတ်နဲ့သာဆို ဓါတ်ပုံတွေ အများကြီး စိတ်ရှည်ရှည်ထားပြီး ရိုက်ခဲ့မိမှာလို့ တွေးရင်း စိတ်ရှည်လက်ရှည် ဓါတ်ပုံ များများ မရိုက်ခဲ့မိတာကို နောင်တတောင် ရချင်နေသေး။





အင်းဝမှာ လည်စရာကုန်တော့ တစ်ဖက်ကမ်းကို ပြန်ကူးရပါတယ်။ ဖေါင်ပေါ်မှာ နိုင်ငံခြားသား ခရီးသွားသူ ဦးရေက ပြည်တွင်းက လူတွေထက် ပိုများတယ်ထင်ပါတယ်။ အဲဒါပြီးတဲ့ နောက်မှာတော့ စစ်ကိုင်းကို ဦးတည်ပါတယ်။ ဒါ စစ်ကိုင်းကို ပထမဆုံးရောက်ဖူးတာပါ။ စစ်ကိုင်းတောင်ကို နေ၀င်ချိန်အမှီလေး ရောက်သွားတာဆိုတော့ နေ၀င်ချိန်ရှုခင်း ကိုလည်း အားပါးတရ ကြည့် ခဲ့ရပါတယ်။ မြေပဲမွှေးမွှေးနဲ့ မြူရွက်သုပ်၊ တလုပ်စကား (အဖူး) သုပ်တွေ ကိုလည်းစားခဲ့ ရပါတယ်။



မန္တလေးကို ညဖက်ပြန်ရောက်တော့ ဒီဇင်ဘာ (၃၁)ရက်နေ့ ညမို့ နှစ်သစ်ကို ကြိုဆိုဖို့ ဟန်ပြင်နေတဲ့ အမိုးပွင့် ဂျစ်ကားတွေဆီက သီချင်းသံတွေကိုလည်း ညံနေအောင် ကြားရ ပါတယ်။ နာမည် မမှတ်မိတော့တဲ့ လမ်းမကြီး ဘေးက အကင်ဆိုင် အကြီးကြီး မှာထိုင်၊ အရည်ပါ သောက်လို့ ရတဲ့ ခရုဟင်း ကို (ပထမဆုံးအကြိမ်) စားပြီး ၂၀၀၇ ကို ကြိုဆိုခဲ့တာလေး သတိတရ ဖြစ်နေမိပါကြောင်း။

Saturday, February 27, 2010

သာဓုကန်က Team Building

သာဓုကန်က အိမ်ကို ပြန်ရောက်ရောက်ချင်း ကိုယ့် အဖေ က “ရေကန်ထဲမှာ လူတွေရေချိုး နေတာတို့ ၊ အ၀တ်လျှော်နေတာတို့ များတွေ့ခဲ့လား သမီး” လို့ မေးပါတယ်။ ဟုတ်တာပေါ့နော်၊ ရန်ကုန်မြို့ကို ပေးဝေနေတဲ့ ရေတွေသိုလှောင်ရာ ကန်ကြီးမှာ ရေတွေဆင်းချိုး၊ အ၀တ်တွေ ဆင်းလျှော်နေရင် ရေတွေညစ်ပတ်မှာပေါ့။ ဂျိုးဖြူရေလို့ ငယ်ငယ်က ခေါ်တဲ့ ရေပေးစနစ် ကလည်းရှိသေးတယ်နော်။ အဲဒီနှစ်ခု ဘယ်လိုဆက်စပ်သလဲ တော့မသိပါ။ အိမ်မှာတော့ ရေပေးစနစ် နှစ်ခု နဲ့ ဆက်သွယ်ထားပြီး ရေရယူနေတာမို့ တစ်ခုက သာဓုကန်က ရေတွေဖြစ်မယ်လို့ ထင်မိတာပါပဲ။ အခုခေတ်မှာတော့ အ၀ီစိတွင်းက ရေကို သုံးတဲ့သူ ပိုများမယ်ထင်တယ်။ ဘာပဲဖြစ်ဖြစ်လေ သာဓုကန်ရေကိုသုံးကြသူများ စိတ်အေးစရာ ကတော့ ကန်ထဲမှာ ရေချိုးတဲ့သူ၊ အ၀တ်လျှော်တဲ့သူ တွေ မရှိယုံသာမက ရေကန်ကြီးဟာ ဒိုက်သရိုက်တွေ ကင်းဝေးပြီး စိမ်းညို့ နေပါတယ်။



သာဓုကန်ကို သွားရခြင်း အကြောင်းရင်းက ရေကြည့်ဖို့ မဟုတ်ပါ။ Searchers-Myanmar က ကမကထပြုတဲ့ Searchers-Myanmar, Lotus Foundation (Yangon) နဲ့ Juu Foundation က လူငယ်များအတွက် Team Building Workshop ကလေး လုပ်ပေးဖို့ပါ။ အလုပ်ထဲမှာ Team Building တွေသွားရတဲ့ အခါ ကတည်းက တော်တော် စိတ်ဝင်စားပါတယ်။ နောက် Lee Kuan Yew School of Public Policy မှာ Master in Public Administration ဆက်တက်ဖြစ်တော့ Team Building တို့ Leadership တို့ ဆိုတာတွေနဲ့ ပိုထိတွေ့ ခွင့်လည်း ရခဲ့သလို ဒါတွေရဲ့ အရေးပါပုံ တွေကိုလည်း ပိုပြီး နားလည်လာပါတယ်။ ကိုယ်သိတာလေးတွေကို ဝေမျှချင်တဲ့ စိတ်နဲ့ ရန်ကုန်ပြန်တုန်း Workshop လေးတစ်ခု လုပ်ဖို့ ကြိုးစားခဲ့တာပါ။ ဒီတစ်နေ့တာ Workshop လေးဖြစ်မြောက်ဖို့ အစစ အရာရာ ကူညီတဲ့ ကိုမင်းသူ၊ ကိုမျိုးမင်းထွန်း၊ ကိုဝင်းဇော်ဦး၊ နှင်းနှင်း တို့အပါအ၀င် Development အလုပ်တွေ အားသွန်ခွန်စိုက် လုပ်နေကြတဲ့ အသင်းအဖွဲ့ သုံးခုစလုံး၊ တစ်နေကုန် အချိန်ပေးပြီး တက်တက်ကြွကြွ ပါဝင်ကြတဲ့ မောင်၊ ညီမ အားလုံး ကို ကျေးဇူး တင်ပါတယ်။ သွားရေး လားရေး၊ စားရေး သောက်ရေး တွေကို တာဝန် ကျလို့ လုပ်တာ ထက် ပိုပြီး သေသေချာချာ စီစဉ်ပေးတဲ့ စုရည် နဲ့ မိသားစု ကိုတော့ အထူး ကျေးဇူး တင်ပါတယ်လို့ ပြောချင်ပါတယ်။

တစ်နေ့တာရဲ့  အစီအစဉ်တွေကတော့
Time Activity
09:30 – 11:00 Introduction
11:00 – 11:15 Break
11:15 – 12:00 MBTI
12:00 – 13:00 Lunch
13:00 – 14:00 MBTI Exercises
14:00 – 14:15 Break
14:15 – 15:00 Learning Styles and Effective Communication
15:00 – 16:30 Group Exercises
16:30 Home Sweet Home




ဒီတစ်နေ့တာ အစီအစဉ်ကို မိမိကိုယ်ကို ကိုယ်ရောက်နေတဲ့ ပါတ်ဝန်းကျင်နဲ့ သင့်လျှော်အောင် မိတ်ဆက်တတ်ဖို့၊ အသင်းအဖွဲ့ တွေထဲမှာ အလုပ်လုပ်တဲ့ အခါ တစ်ဦးနဲ့ တစ်ဦး Personal Style, Learning Style, Work Style တွေ မတူဘူးဆိုတာ သိသာ ထင်ရှားစွာ နားလည်ပြီး တစ်ဦးနဲ့ တစ်ဦး အပေးအယူမျှစွာ အလုပ်လုပ်တတ် စေဖို့၊ လူများများ ကြားမှာ ကိုယ့် ကိုယ်ကို ယုံကြည်စိတ်ချမှု အပြည့်နဲ့ စကား ပြောတတ်စေဖို့ ဆိုတဲ့ ဦးတည်ချက်တွေ နဲ့ ရေးဆွဲထားတာပါ။ အစီအစဉ်ထဲမှာ ထည့်ဆွဲမထားဘဲ နောက်ဆုံးမှ ၀င်ပြောပေး လိုက်တဲ့ ကိုမျိုးမင်းထွန်းရဲ့  Effective Team ကလည်း လိုနေတာလေး ကို အတိအကျ ဖြည့်လိုက် တာပါပဲ။ တစ်နေကုန် အချိန်ပေးပြီး ပါဝင်ကြတဲ့ မောင် ညီမ များရဲ့ ဒီတစ်နေ့တာ Workshop လေးအပေါ် မျှော်လင့် ချက်ကလေးတွေ ထိုက်သင့်သလောက် ပြည့်ဝကောင်းပါရဲ့  နော်။



ကိုယ်ရဲ့  တစ်နေ့တာ အချိန်တွေကို ပျော်ရွှင် ကြေနပ်စွာ အသုံးချခွင့် ရခဲ့ တဲ့ အတွက် အားလုံးကို အရမ်း ကျေးဇူးတင်ပါတယ်။ နောင်ကိုလည်း ဒီလို ပျော်စရာ၊ ဗဟုသုတ ရစရာ အစီအစဉ်လေးတွေ အတူ ပူးပေါင်းပြီး လုပ်ချင်ပါသေးတယ်။

Day 5: Mandalay

The next day, I reached Mandalay around 8am. I stationed myself at my Aunt’s house for the day. Maha Myat Muni is crowded as usual. Shan noodles and Mandalay noodles are as attractive as usual for the breakfast.

I decided to cycle around the old palace walls and the curiosity brought me inside the old palace. Although I have been to Mandalay several times, I had never entered the old palace before. It was quiet inside the rebuilt Glass Palace and the buildings surrounding it. I met a few local families, youngsters and foreigners in the cultural museum in which the carriages, some utensils, some original and some re-made clothes were displayed. It was nothing more than a place where all these things are put in the show cases without having temperature or moisture controls.

The inside of the palace did not attract me but the palace walls, the gate and the moats were interesting as they were original. We can see the effort that the previous generations had put in while building them. The walls and the gates were in good condition, the watch towers were maintained except some of them on the west and north palace walls. The moat was reconstructed and maintained well.

I spent the day just around the palace walls and some pagodas around, then took a bus by "Mya Mandalar Tun" company from Mandalay to Yangon. It leaves Mandalay at 7pm and reached Yangon the next morning 6:30am. There are 7 buses under that company leaving for Yangon at the same time. It was a well-organized bus ride with stoppages for toilet break and breakfast break. The service was satisfactory.

မန္တလေးမှာတော့ အဒေါ်အိမ်မှာ တရက်တာ စတည်းချပြီး စက်ဘီးလေးနဲ့ နန်းတော်မြို့ ရိုးကို ပတ်ပါတယ်။ မန္တလေးမှာ စက်ဘီးစီးဘူး ချင်တဲ့ ဆန္ဒလည်း အခုတစ်ခေါက်မှဘဲ ပြည့်တော့တယ်။ စက်ဘီးနဲ့ ဆိုတော့ သွားရတာ လွယ်ကူတာမို့ နန်းတွင်းထဲကိုပါ ၀င်ဖြစ် သွားတယ်။ ပြန်ဆောက်ထားတဲ့ မှန်နန်းတော်ကြီးနဲ့ ဘေးပါတ်ဝန်းကျင်က အဆောင်တွေမှာ ထိုင်း Tour Group တစ်ခု တွေ့တာမှ အပ တိတ်ဆိတ်ငြိမ်သက်လို့၊ ပြတိုက်ထဲမှာတော့ မိသားစု တစ်စု၊ လူငယ်လေး တစ်ချို့  နဲ့ နိုင်ငံခြားသား နည်းနည်း တွေ့တယ်။ မိသားစု ကလေးက အဖေ၊အမေ ရယ် သားတစ်ယောက် သမီးတစ်ယောက်ရယ်။ အဖေက သားနဲ့ သမီးကို ရှေးက ဘုရင်တွေ မှူးမတ်တွေ စကား ပြောပုံကို အသံနေ အသံထားနဲ့ ပြောပြနေတာ သဘောကျမိတယ်။



နန်းမြို့ ရိုးနဲ့ ကျုံးကတော့ ခန့်ငြားထည်ဝါဆဲပါ။ ဘုရင်ခေတ်က လူအင်အား ငွေအင်အားနဲ့ တည်ဆောက်ခဲ့တာကို သိသာထင်ရှား လှပါတယ်။ အရှေ့  မုဒ်နားက နန်းမြို့ ရိုးပေါ်ကိုတက်ပြီး မျှော်ကြည့်လိုက်ရင် မြောက်ဘက်မှာ မန္တလေးတောင် တောင်ဘက်မှာတော့ မန္တ္ထလေး ဆီဒိုးနား ဟိုတယ်ကို မြင်ရတယ်။ နန်းတော်မြို့ ရိုးကြီး ဖမ်းစားတာနဲ့ ပြတိုက်ထဲမှာ ရောင်းတဲ့ စာအုပ်တွေထဲက ရတနာဂီရိ နိဒါန်း (မောင်သန်းဆွေ - ထားဝယ်) ဆိုတဲ့ စာအုပ် ၀ယ်ဖတ်ဖြစ်သွားတယ်။ အဲဒီစာအုပ်က သီပေါမင်းနဲ့ မိသားစု မန္တလေး နန်းတော်ကနေ ပါတော်မူ ပြီးတဲ့နောက် ရတနာဂီရိကို ရောက်သွားပုံ၊ ရတနာဂီရိမှာ နေထိုင်ပုံ၊ ရံဖန်ရံခါ ပွဲတော်များ ကျင်းပပုံ၊ အိမ်တော်တက်ပွဲ နဲ့ သမီးတော်များ နားထွင်းပွဲ တွေကျင်းပဖို့ စီစဉ်ကြပုံတွေ အပါအ၀င် သီပေါမင်း နတ်ရွာလား သည်အထိ ရေးထားတာပါ။ အင်္ဂလိပ်အစိုးရ ကပေးတဲ့ ထောက်ပံ့ကြေးဟာ မနည်းလှသော်လည်း ဘုရင်မိသားစု အတွက် ဘယ်လိုမှသုံးမလောက်လို့ ပါသွားသမျှ လက်ဝတ်ရတနာ တွေ ရောင်းချစားသောက်ရတာ၊ ရောင်းစားစရာ မကျန်တော့တဲ့ အခါ နန်းကမခွာခင် သိမ်းသွားတဲ့ ရတနာတွေ ပြန်တောင်းပေမယ့် ပြန်မရ တော့တာ၊ သမီးတော်များကို ထိမ်းမြားပေးဖို့ သင့်တော်တဲ့ အိမ်ထောက်ဖက် ရှာလို့မရတာ၊ အင်္ဂလိပ်များ စေလွှတ်တဲ့ မြို့ နယ်ဆရာဝန် ခရိုင်ဆရာဝန် တွေကို ယုံကြည်ကိုးစားစိတ် မရှိလို့ နတ်ရွာလားတဲ့ အထိ ဒေါက်တာရမ်းကုနဲ့ ကုတာတွေဟာ နန်းကျဘုရင်ရယ်လို့ မဟုတ်ဘဲ အိမ်ထောင် ဦးစီး တစ်ယောက်အနေနဲ့ သီပေါမင်းကို စာနာသနားစိတ် ဖြစ်မိပါတယ်။ သီပေါမင်းဟာ နတ်ရွာလားတဲ့ အထိ အကြွေးတင် သွားရ ရှာပါတယ်။





ကျုံးတောင်ဖက် တစ်နေရာမှာတော့ ချက်(စ်)ထိုးတဲ့ ကွင်းတစ်ခုတွေ့တယ်။ ဓါတ်ပုံရိုက်ဖို့ အဆင်မပြေလိုက်တဲ့ တစ်ခေါက်မှာ သူတို့တွေ ချက်(စ်) ထိုးနေတော့ အရုပ်ကြီးတွေက ဒူးကျော်ကျော်လောက် မြင့်တာ တွေ့လိုက်ရတယ်။ ကျုံးဘေးပါတ်လည်မှာ ခြေလက် လှုပ်ရှား အားကစား လုပ်စရာ ကရိယာလေးတွေရယ်၊ ညနေဖက်မှာ လူတွေ လမ်းလျှောက်နေတာ၊ ကလေးတွေ ပြေးလွှားကစား နေတာ တွေ့လို့  သဘောကျခဲ့ပါတယ်။



အဲဒီနောက်တော့ ညနေ (ရ)နာရီထွက်တဲ့ မြတ်မန္တလာထွန်း ကားနဲ့ ရန်ကုန်ပြန်လာခဲ့တော့တယ်။ ကားခုနစ်စီး တန်းစီပြီးထွက်တဲ့ အဲဒီ ညမောင်းတဲ့ အဝေးပြေးကား တွေ စီးရတာ တော်တော် အချိန်ကုန်သက်သာပြီး၊ လမ်းခရီးမှာ လူလည်း အတော်အသင့် သက်သာ ပါတယ်။ နောက်နေ့မနက် ၆နာရီခွဲလောက် ရန်ကုန်ပြန်အရောက်မှာ ၂၀၁၀ရဲ့  မြစ်ကြီးနားခရီး ပြီးဆုံးသွားပါပြီ။



နောက်နှစ်တွေမှာ မရောက်ဘူးသေးတဲ့ နေရာတွေ ထပ်သွားချင်သေးတဲ့ စိတ်က အခုကတည်းက လူကို နောက်နှစ် ဘယ်သွားရမလဲလို့ ကြိုတင် တွေးနေစေပါတယ်။ အင်းဒါနဲ့ပဲ နေ့စဉ် မြန်မြန်သွား မြန်မြန်စား အလုပ်တွေ ကျုံးလုပ်ပြီး ခရီးစားရိတ် စုရသေးတာပေါ့လေ။

Day 4: The beautiful Forest (Katha-Nabar)

On the boat, I befriend with two ladies who frequently travel between Wun Tho to Bamaw and decided to take the train in stead of waiting for the boat ride from Katha to Myit Kyi Nar on the next day. So, I joined the group getting on a three wheeler going to Naba train station from the jetty. The road was in bad condition. The vehicle was moving through the beautiful forest in between the mountains. When I check it out, I understand that this place falls under the zone where the tropic ends. In mid February, some of the trees got dried leaves and some already have new leaves. Under the sunlight of about 5pm, the mountains are colorful as they were covered by the trees with green, yellow and reddish leaves. Traveling through the colorful forest was quite an experience for me. At Naba station, I bought a train ticket to Mandalay. I had to wait for the train from Myit Kyi Nar till at 8:15pm. Then, I resumed the journey to Mandalay in the train which locals called “Chinese Train”.

ကသာသင်္ဘောဆိပ်ကနေ နဘားဘူတာကို သုံးဘီးလေးနဲ့ သွားတော့ လက်ဝဲသုန္ဒရအမတ်ကြီး ဦးမြတ်စံက ”မဲဇာတောင်ခြေ စီးတွေတွေတည်း၊ မြစ်ရေ၀န်းလည် မြိုင်တောဆီက” အစချီပြီး ရွှေပြည်တော်ကြီး ကို ရော်ရမ်းလွမ်းခဲ့ တဲ့ မဲဇာတောင်ခြေ ရတုကို ရေးသားရာဒေသ မဲဇာ ပါတ်ဝန်းကျင်ကို ဖြတ်သန်းခဲ့ရပါတယ်။ ပထမဆုံး သတိထားမိတာက တော်တော်ဆိုးတဲ့ လမ်းပါလား ဆိုတာပါပဲ။ ခုန်လိုက် ပေါက်လိုက် ယိမ်းလိုက် ယိုင်လိုက် နဲ့ တရွေ့  ရွေ့  သွားနေ တဲ့ သုံးဘီး (ကားမဟုတ်ပါ။ ဆိုင်ကယ်စီးသလို မောင်းရတာမို့ ဆိုင်ကယ်ကို ရှေ့ နဲ့ နောက်မှာ လေကာမယ့် အကာတွေတပ်ထားတဲု့ ကားနဲ့ တူအောင်လုပ်ထားသော ဆိုင်ကယ် လို့ပဲ မြင်ပါတယ်) ပေါ်မှာ ပြုတ်မကျ အောင် ရှိသမျှအားလေး သုံးပြီး အတင်း ခိုကပ်လိုက်နေရင်းက လမ်းတစ်လျှောက်က သစ်တောတွေကို မြင်နေရပါတယ်။

ဒီသစ်တောတွေက ကိုယ်မြင်နေကျ အစိမ်းရောင်လွှမ်းတဲ့ သစ်တော၊ ဒါမှမဟုတ် အရိုးပြိုင်းပြိုင်းနဲ့ ခြောက်သွေ့ နေတဲ့ သစ်တော မျိုးတွေ မဟုတ်ပဲ အစိမ်း၊ အ၀ါ၊ အနီ ရောနှောနေတဲ့ အလွန်လှပတဲ့ သစ်တောတွေပါ။ ညနေ ငါးနာရီ ပါတ်ဝန်းကျင် ကျနေလေးကလည်း ထိုးထားတော့ ရောင်စုံကွက်ကွက်လေးတွေ ဟိုတစ်စု သည်တစ်စု နဲ့ သတိမထားမိပဲ မနေနိုင်လောက်အောင်ကို လှလွန်းပါတယ်။ မြန်မာ့ သစ်တောက တပ်ထားတဲ့ ဆိုင်းဘုတ်တွေမှာတော့ ဖက်ဆွတ်သစ်တော ကြိုးဝိုင်းလို့ ရေးထားပါတယ်။ ဘယ်လောက်ပဲ ကြိုးစား ကြိုးစား လမ်းကဆိုးလွန်းလို့ ဓါတ်ပုံကောင်းလေး တစ်ပုံမှ မရခဲ့ပါ။ အနီးစပ်ဆုံး ပြရရင်တော့ အောက်မှာ အင်တာနက်ပေါ်က ရှာထားတဲ့ပုံကို အနီနည်းနည်းလျှော့၊ အစိမ်းလေး နည်းနည်း ကဲကြည့်လိုက် လို့ပဲပြောရမှာပဲ။ ရေးစရာ အကြောင်းအရာလည်း သိပ်မရှိ၊ ဓါတ်ပုံကောင်းကောင်း လည်း မရှိပေမယ့် ဒီတစ်သက်မှာ ဒီနေရာကို နောက်ထပ်ရောက်ဖို့ သိပ်မလွယ်တာမို့ မှတ်တမ်းလေး အနေနဲ့ ရေးထားလိုက်ပါတယ်။

Friday, February 26, 2010

Day 4: Boat Ride on the Irrawaddy

This is the trip worth waiting for. I strongly recommend the boat ride on Irrawaddy from Bamaw to Katha (or even better from Bamaw to Mandalay) to those who would like to enjoy the less-travelled roads. I left the hotel around 8am, and went to the counter for the boat ticket. In mid February, the water level was so low that the boats including the ones which can navigate on water level of 3 feet, could not come up to the Bamaw Jetty. Thus we have to sail down in the kanu-like boat from the jetty.

Along the river, I saw the clear water shallow at some locations and deep somewhere else. The roots of some trees are exposed due to erosion thus it could fall into the water any time. The ship and the boats were sailing along the river. The rafts are floating up and down whenever there are waves generated by the big ships. If you are fortunate, you may even see the Irrawaddy dolphins. I enjoyed the conversations with the boat man and other local people too. It was worth travelling by plane, bus, train and even tok tok to reach to Bamaw or Katha just to take a boat ride on the Irrawaddy.

ဧရာဝတီ ခရီး
နောက်တစ်နေ့မနက မှာတော့ (၈) နာရီလောက် ဗန်းမော် ရှပ်ပြေးဆိပ်ကို သွားပြီး လက်မှတ် ၀ယ်ရတယ်။ ရှပ်ပြေးယာဉ် ဆိုတာက ရေတိမ်မှာ သွားတဲ့ စက်လှေ ရှည်ရှည် လေးတွေပေါ့ ။ ဖေဖေါ်ဝါရီလ ဟာ ရေနည်းတဲ့ လဖြစ်လို့ ရေအနက် နှစ်တောင်ရှိရင် မောင်းလို့ ရတဲ့ ရှပ်ပြေးယာဉ်တောင် ဗန်းမော် လှေဆိပ်ထိ မောင်းလာ လို့မရပါဘူး။ “ကဲ့ပဲ့ထောင်” လို့ ခေါ်တဲ့ စက်လှေသေးသေး လေးနဲ့ ရှပ်ပြေးယာဉ် ရှိရာကို ခရီးသည်းတွေကို ပို့ပေးရပါတယ်။ စက်လှေကလေး စီးနေတုန်း ရေအောက်က သဲတွေကိုတောင် မြင်ရလောက်အောင် ရေက တိမ်ပါတယ်။ မြစ်ကို လမ်းလျှောက်ကူး နေတဲ့ ဦးလေးကြီး နှစ်ယောက်ကို တွေ့တော့ ညောင်ဦးဖီး ဧရာဝတီမြစ် ကို လက်ပစ်ကူးတာ ဘာဟုတ်သေးလဲ၊ ဒီမှာတော့ လမ်းလျှောက်ပြီး တောင် ကူးလို့ ရနေတာ လို့ တွေးမိတယ်။ ငယ်ငယ်တုန်းကတော့ ဧရာဝတီမြစ် ကို လက်ပစ် ကူးတယ်လို့ ဖတ်ရတော့ အံ့သြဘနန်း ဖြစ်ခဲ့ရဘူးတာကိုး။ အခုတော့ ညောင်ဦးဖီး ဧရာဝတီမြစ် ကိုကူးတာ နွေရာသီများလား လို့တောင် မေးချင်စိတ် ပေါ်လာတယ်။ လှေသမား များရဲ့ ပြောအရတော့ နောက်ထပ် နှစ်လလောက် ရေနည်း ဦးမယ်လို့ ဆိုပါတယ်။



ဗန်းမော်ကနေ ကသာ ကို ဧရာဝတီ မြစ်ကြောင်းအတိုင်း စုန်ဆင်းရတာ ဘာနဲ့မှ မတူအောင်ကို သာယာပါတယ်။ ဗန်းမော်က ထွက်လာပြီး နာရီ ၀က် ကျော်ကျော်လောက် ထင်ပါရဲ့  ရှပ်ပြေးယာဉ်က ဧရာဝတီရဲ့  ဒုတိယ မြစ်ကျဉ်းကို ချဉ်းကပ်ပါပြီ။ ဒုတိယမြစ်ကျဉ်း အစမှာ စက်ကြီး တွေနဲ့ ဧရာဝတီ မြစ်ကူး တံတား ဆောက်လုပ်ရေး လုပ်ငန်းကို တွေ့ရပါတယ်။ ဗန်းမော်မြို့  အပါအ၀င် ဧရာဝတီမြစ်ရဲ့  အရှေ့  ဖက်က မြို့ တွေကို ကူးသန်းရ လွယ်ကူစေဖို့ လို့ ပေါ့နော်။ ကားလမ်းတွေ၊ ရထားလမ်းတွေ ပေါများလာတော့ ရေပါးတဲ့ နွေရာသီတွေမှာ သွားလာရေး ခက်ခဲတဲ့ ဒုက္ခတွေ လျှော့နည်းသွားမှာပေါ့။



ဘေးတစ်ဖက်တစ်ချက်က ကျောက်တောင်ကြီး တွေက မားမားမတ်မတ်၊ တောင်ပေါ်က သစ်ပင်တွေက စိမ်းစိမ်းလွင်လွင်၊ လေကလည်းအေး ရေကလည်း စိမ်းညို့လို့။ လေယာဉ်၊ ရေယာဉ်၊ ကား၊ ရထား ရတာ အကုန် စီး၊ ဒုက္ခခံပြီး ဒီခရီးကို လာရကြိုးနပ် ပါတယ်။ ဒုတိယ မြစ်ကျဉ်းကို ရောက်ဖူးသူ၊ ဓါတ်ပုံတွေ မြင်ဖူးသူတွေ ကတော့ ကိုယ်ရိုက်လာတဲ့ ပုံတွေကို ကြည့်ပြီး မြစ်ကျဉ်းက အရင် အတိုင်း လှနေတုန်းပဲလို့ ပြောကြတယ်။



ဒုတိယမြစ်ကျဉ်းကို ကျော်လာပြီးတော့ ရေမျက်နှာပြင်ဟာ ပို အပြန့် ကျယ်လာပြီး မြေနုကျွန်း လို့ ခေါ်တဲ့ သဲသောင်ကြီးတွေ ပေါ်မှာ စိုက်ပျိုးထားတဲ့ စိုက်ခင်းတွေ ကို မြင်လာရပါပြီ။ တစ်ချို့  နေရာတွေမှာ စိုက်ပျိုးလို့ ရပုံမပေါ်တဲ့ သဲသောင်ပြင် ကျယ်ကြီးတွေ ကိုလည်း တွေ့ ရတယ်။ မြစ်ပြင် အကျယ်ကြီးမှာ သောင်ပြင်တွေ ဟိုနား တစ်ခု ဒီနား တစ်ခုနဲ့ ကိုယ့်လို ဧရာဝတီမြစ် ပေါ်မှာ အခုမှ အမှတ်ထင်ထင် ခရီး သွား ဖူးသူ အတွက်ကတော့ ရေယာဉ် ဘယ်ဘက်ကို ဦးတည်မှာ ပါလိမ့် လို့တောင် မခန့်မှန်းတတ် အောင်ပါပဲ။ ဒီလိုနဲ့ ညနေ လေးနာရီလောက်မှာ ကသာမြို့  ကို ရောက်ပါပြီ။



ဒီရေကြောင်း ခရီးစဉ်မှာ အမှတ်ထင်ထင် အရှိဆုံးကတော့ ရှပ်ပြေး ဆရာ အပါအ၀င် ဒေသခံ တွေနဲ့ စိတ်လွတ်လက်လွတ် စကားစမြည် လေးပြော။ ဧရာဝတီ မြစ်ပြင်ပေါ်က လေအေးအေး လေး ကိုခံယူပြီး အပူအပင် ကင်းကင်းနဲ့ ခရီး သွားခဲ့ ရတဲ့ ငြိမ်းချမ်းမှုပါပဲ။ မြစ်ကြီးနားမှာ ရော ဗန်းမော်မှာပါ ပစ္စည်းပျောက်မှာ မကြောက်ရပါဘူး။ ဒေသခံများက သူတို့အရပ်က လူတွေဟာ ရိုးသားတယ်၊ သူများပစ္စည်း ဘယ်သူမှ မယူဘူးလို့ ယုံကြည် ဂုဏ်ယူကြသူတွေပါ။





မြစ်ကမ်းပါး တစ်နေရာမှာ ခုတ်ပြီးပုံထားတဲ့ သစ်လုံးတွေကို တွေ့ရပြီး နောက်တစ်နေရာ ရောက်တော့ ရေကြောင်းအတိုင်း မျှောနေတဲ့ သစ်ဖေါင်တွေကိုလည်း တွေ့ရပါတယ်။ ငယ်ငယ်တုန်းက စာတွေထဲမှာ သင်ရသလို သစ်တွေကို အောက်ပိုင်းကို ပို့နေကြတာလို့ တွေးကြည့် ရတာပါဘဲ။ သစ်ဖေါင်က အလေးချိန်များလို့ ထင်ပါရဲ့  Tuck Boat လို့ခေါ်တဲ့ ဆွဲသင်္ဘော နဲ့ ဆွဲနေလေရဲ့ ။





ကမ်းဘေးမှာ ကမ်းပါးပြိုနေတာတွေ၊ သစ်ပင်ကြီးတွေရဲ့  အမြစ်တွေ အားလုံးနီးပါး ပေါ်နေတာ တွေ တွေ့ရတော့ ဒီဧရာဝတီ မြစ်ကြီးပေါ်မှာ ဘယ်နှစ်နှစ်လောက် ခရီးသွား လို့ ရဦးမှာပါလိမ့်၊ သိပ်မကြာခင်မှာ များ ရေတိမ်လွန်းပြီး ရေကြောင်းခရီး သွားလို့ မရဖြစ်သွား လေမလားရယ်လို့ တွေးပူမိပါတယ်။





မြန်မာပြည်ရဲ့  အထင်ကရ အလှတစ်ပါးကိုတော့ သယ်ယူပို့ဆောင်ရေး အတွက် မဟုတ်တော့ ရင်တောင်မှ စိတ်ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ ခရီးသွားစရာ နေရာကလေး တစ်ခု အဖြစ် ကျန်နေစေချင် ပါသေးတယ်။

Thursday, February 25, 2010

Day 2 & 3: Bamaw

Bamaw is a beautiful town with some simple attractions such as the old Bamaw City, the jetty, some pagodas and churches. Friendship hotel with international standard service was also found in Bamaw. A friend of mine who travels very frequently said the breakfast at Friendship is the best in Kachin State. I also love the decorations in its Friendship Café and bar.

ဗန်းမော်ကို ညနေဖက် ရောက်လာတာ ဆိုတော့ စက်ဘီးငှား ပြီး မြို့ တစ်ပါတ် ပတ်ဖြစ်တယ်။ ရှေးတုန်းက စံပါနဂိုဃ်ပြည် နေရာ ဖြစ်ခဲ့ဘူးတဲ့ ဗန်းမော်မြို့ ဟောင်း လို့ စာအုပ်ထဲမှာ ရေးထား တော့ မြို့ ရိုးတွေ၊ ကျုံးတွေ၊ မြို့ ဝင် တံခါးတွေ တွေ့ဦးမယ် ထင်မိတာ။ လိုက်ရှာ တာ ဘာမှမတွေ့ ဖြစ်နေလို့ မေးကြည့်တော့မှ ကိုယ်ရပ်နေတာ မြို့ ရိုးပေါ်မှာ မှန်းသိတော့တယ်။ မြို့  ရိုးက ကုန်း၊ ကျုံးက ကန် အဖြစ်ပဲကျန်တော့ တာကိုး။ အခုပြန်ဖတ်ကြည့်တော့လည်း မြို့  ရိုးတော့ ရှိရမယ်လို့ ထင်တာပဲ။ ဗန်းမော်သူ ဗန်းမော်သားတွေများ ဒီစာလေးဖတ်ကြည့် ပြီး မြို့  ရိုးက ရှိရဲ့  သားနဲ့ ကိုယ်က မတွေ့ ခဲ့ တာဆိုရင်လည်း Comment ထဲမှာ ရေးပေးခဲ့ကြပါနော်။



စံပါနဂိုဃ်ပြည် နေရာကို ရောက်ခဲ့တယ်လို့ ပြောပြတော့ စံပါနဂိုဃ်ပြည် လို့ ကြားလိုက်တာနဲ့ “ညောင်ဦးကမ်းပါး ပြိုတာနဲ့ စံပါနဂိုဃ်ပြည်က နွားမပေါင် ကျိုးတာလို” ဆိုတဲ့ စကားကို ချက်ချင်း သတိရ ကြတာပဲနော်။ ရွှေကျီးနား ဘုရားဝင်းရဲ့  နောက်ဖက် ဧရာဝတီမြစ်ကို မျက်နှာမူထားတဲ့ မြို့ ရိုး ဖက်မှာ အလွန်စိမ်းလမ်းတဲ့ စပါးခင်းတွေနဲ့ ခပ် လှမ်းလှမ်း မှာတော့ ဧရာဝတီထဲကို လာပေါင်း တဲ့ တာပိန်မြစ် ကိုတွေ့ရပါတယ်။



သင်္ဘောဆိပ်ဖက် ရောက်လာတော့ နေ၀င်ခါနီးမို့ ဓါတ်ပုံရိုက်ဖို့ စိတ်ရှည်ရှည်ထားပြီး စောင့် ပါတယ်။ မြစ်ကမ်းတလျှောက် ကြွပ်ကြွပ်အိပ်တွေ များလွန်းလို့ ဓါတ်ပုံထဲမှာ မပါအောင် တော်တော် ကြိုးစား ရိုက်ရတယ်။ ခပ်လှမ်းလှမ်း မှာတော့ ဆိုင်းဘုတ်ကြီးတစ်ခု က ၀င့်ဝင့် ထည်ထည်။ “ကချင်ပြည်နယ်တွင် ကြွပ်ကြွပ်အိပ် သုံးစွဲမှု ပပျောက်စေရမည်” ဆိုလား။ ဘယ်ရမလဲ ကြွပ်ကြွပ်အိပ်တွေ ဓါတ်ပုံ ထဲမပါအောင် ကမ်းဘေးမှာတွေ့တဲ့ စဉ့်အိုးကြီးတွေ ခံရိုက်လိုက်တာပေါ့။





ဗန်းမော်မြို့  မှာ အမှတ်တရ အဖြစ်ဆုံးက Friendship Hotel ဖြစ်မယ်ထင်ပါတယ်။ ခရီးသွားတဲ့ အခါတိုင်း တည်းစရာ အသင့်အတင့် သန့်ရှင်း သပ်ရပ်တဲ့ Guest House သို့မဟုတ် Hotel အငယ်စားလေး တွေရဖို့ အမြဲဆုတောင်းရပါတယ်။ ဗန်းမော်က Friendship Hotel ကတော့ Tourism ဖွင့်ဖြိုးတဲ့ ထိုင်းနိုင်ငံ Chengmai လိုမြို့ မျိုးက Hotel အငယ်စားလေးတွေ နဲ့ တောင် ယှဉ်နိုင်ပါတယ်။ အခန်းတွေက သန့်ရှင်းသပ်ရပ်ပြီး တိတ်တိတ်ဆိတ်ဆိတ် ရှိသလို ၀န်ထမ်း တွေကလည်း ဖေါ်ဖေါ်ရွေရွေ ရှိပါတယ်။ ရေချိုးခန်း၊ အိမ်သာ တွဲထားတဲ့ အခန်း မျိုးအတွက် အခန်းခက နိုင်ငံခြားသားများ အတွက် USD 15 ဖြစ်ပြီး နိုင်ငံသားများ အတွက် ကျပ် တစ်သောင်းပါ။ Friendship Hotel က မနက်စာဟာ ကချင်ပြည်နယ် ထဲမှာ အကောင်းဆုံး ပဲလို့ မြန်မာပြည် တနံတလျှား တာဝန်နဲ့ ခရီးသွား ရတဲ့ ညီမလေး တစ်ယောက်က ပြောပါတယ်။





ကသာကို ဆက်သွားလည်း ကသာ-မန္တလေး ရှပ်ပြေးယာဉ်က တစ်နေ့ စောင့်ရမှာမို့ ဘလော့(ဂ်) ပေါ်တင်ဖို့ စာရေးရင်း ဗန်းမော်မှာ တစ်ည ဆက်နေဖြစ်ပါတယ်။ ညနေဖက် လမ်း တစ်ပါတ် လျှောက်ပြီး Friendship Café မှာပဲ ညနေစာ စားဖို့ ဆုံးဖြတ်ဖြစ်တယ်။ Café ထဲကို ၀င်လိုက်ပြန်တော့လည်း သဘောကျမိပြန်တယ်။ Decoration က တော်တော်လေး ထိုင်ချင် စဖွယ် ဖြစ်အောင်လုပ်ထားတာကိုး။



ပြောစရာလေး တစ်ခုရှိသွားတာကတော့ အပြင်ထွက်တုန်း အခန်းရှင်းထားပေးပါလို့ ပြောခဲ့တာ မရှင်းထားတာ လေးပါ။ ကိုယ်ဘာလိုချင်တယ်ဆိုတာ မသဲကွဲလို့လား၊ ညနေဖက်ဆိုတော့ House Keeping လုပ်မယ့်သူ မရှိတော့လို့လား၊ နှစ်ရက်ဆက်နေသူတိုင်းကို အခန်းရှင်း မပေး တာလား ဆိုတာတွေတော့ ဆက်မေးမကြည့်တော့ပါ။ ဘာပဲပြောပြော Serviceက နိုင်ငံတကာ အဆင့်မှီတာမို့ Hotel လုပ်ငန်းလုပ်သူရော ခရီးသွားသူတွေကိုပါ သိစေချင်လှပါတယ်။ လွင်မိုး ခရီးသွားနေသည် လိုအစီအစဉ် မျိုးမှာ ပါလိုက်ရင်တော့ တစ်နိုင်ငံလုံး သိသွားမှာပဲနော်။ သူငယ်ချင်းတွေ ဗန်းမော်ဘက်များ ရောက်ခဲ့ ရင် တည်းစရာ ဟိုတယ် ကောင်းလေးတစ်ခု ရှိတဲ့ အကြောင်းသတင်းကောင်းလေးပါ။

Day 2: Myit Kyi Nar - Bamaw

Day2: Myit Kyi Nar - Bamaw

The bus left Myit Kyi Nar around 8:30 am. I decided to take a minibus as I want to get the traveling experience of a local ordinary traveler. The boat ride from Myit Kyi Nar to Bamaw was not recommended for the low water level of this season (Mid February). Once the bus left the city center, it was crossing over Ayeyarwaddy via Balaminhtin Bridge. It was quite a flat and wide plane from Myit Kyi Nar to Dog Pheng Yan and the road was good until Dog Pheng Yan. It was not a tar road anymore, but still in good condition with compacted stones (the bus tires might be gone in a few months time though) between Dog Pheng Yan to Moe Mauk. The bus has been running between the mountains and passing over many small creeks. After Moe Mauk, the landscape became flat again and the road condition was bad until Bamaw.

There were only a few vehicles on the road - some minibus, the pickups with fixed chairs on the roof of the vehicle (too bad, I don't have a photo), and some motorcycles. It was laid back and relax kind of experience.

မြစ်ကြီးနား - ဗန်းမော် ခရီး
မြစ်ကြီးနားကနေ ဗန်းမော်ကို ကားနဲ့ ဆင်းလာတော့ ဧရာဝတီမြစ်ကို ဗလမင်းထင်တံတား နဲ့ ဖြတ်ကူးရပါတယ်။ တံတား ဖြတ်ပြီးတာနဲ့ ၀ိုင်းမော်မြို့ ထဲကို ၀င်လာပြီး မြေပြန့် အကျယ်ကြီး ကိုဖြတ် ရပါတယ်။ လမ်းဘေးက ရိတ်ပြီးသား လယ်ကွက်တွေ၊ တစ်ချို့  နောက်တစ်သီး စိုက်ဖို့ ရေ ပြန် သွင်းထားပြီးသား လယ်ကွက်တွေဟာ မြန်မာနိုင်ငံ အလယ်ပိုင်းက လယ်ကွက်တွေ လိုပါဘဲ။ လမ်းမှာ ချောင်းငယ်လေးတွေကို ကားတစ်စီးချင်းပဲ ဖြတ်လို့ရတဲ့ ဘေလီတံတား တွေနဲ့ ဖြတ်ရပါတယ်။ ခပ်ဝေးဝေးက တောင်တန်းကြီးတွေ ကိုလှမ်းမြင်နေရပြီး၊ သစ်ပင်ကြီးကြီး မရှိတဲ့ ကွင်းကြီး ထဲမှာ သွားနေတဲ့ ကားပေါ်မှာ ထိုင်လိုက်ရတာ ငယ်စဉ်က ခဏခဏ သွားခဲ့တဲ့ ရမည်းသင်း-ပျဉ်းမနား ခရီးတွေကို သတိရလှပါတယ်။ မတူတာကတော့ လေက နွေးမနေဘဲ တော်တော်လေး အေးနေတာပါ။ ကားလမ်းကလည်း တော်တော် ချောချောမွေ့မွေ့ ရှိပါတယ်။



ဝိုင်းမော်မြို့ နယ်က ထွက်လာပြီး ဒေါ့ဖုန်းယန်မြို့ နယ်ထဲ ၀င်လို့ သိပ်မကြာခင်မှာ ခင်းထားတဲ့ ကားလမ်းက ပြောင်းသွားပါတယ်။ ကျောက်ခဲတွေကို ကြပ်ညပ်နေအောင် သိပ်ပြီးထည့်ထား တဲ့ လမ်းပါ။ ဒီအရပ်မှာတော့ မြေပဲယို လမ်းလို့ ခေါ်ပါသတဲ့။ လမ်းဘေးက ရှုခင်းတွေကလည်း မတူတော့ပါဘူး။ ကားက တောင်တွေရှိတဲ့ ဘက်ကို ဦးတည်သွားနေပြီး လမ်းဘေးမှာလည်း တောတောင် ထူထပ်လာပါပြီ။ လိုင်ဇာ လမ်းခွဲအလွန် လောက်ရောက်တော့ တောင်တွေ ကြားထဲကနေ သွားနေပါပြီ။ မိုးမောက် လောက် ကနေ မြေပြန့် ပြန်ဖြစ်သွားပြီး လမ်းဆိုးလာ လိုက်တာ ဗန်းမော် ရောက်တဲ့ အထိပါပဲ။



လမ်းတစ်လျှောက်မှာ ခေါင်မိုးပေါ်မှာ ထိုင်ခုံတွေ ဆင်ထားပြီး အောက်မှာ ကုန်တင်တဲ့ ဟိုင်းလပ် ကား တွေ၊ မှန်လုံလို့ ခေါ်တဲ့ minibus တွေ နဲ့ ကိုယ်ပိုင်ကား တစ်စီးတစ်လေ ပဲတွေ့ရပါတယ်။ ဒေသခံတွေ ကတော့ ထော်လာဂျီနဲ့ ခရီးသွား ကြတယ်ထင်ပါ့။ ဆိုင်ကယ်နဲ့ စပါးလို ဆန်လို အိတ်ကြီးတွေကို သယ်ကြတာလည်း တွေ့ရပါတယ်။ ဆိုင်ကယ် နှစ်စီး၊ သုံးစီး အတူတူလာ ကြရင်း တစ်စီးက မှောက်လို့ ၀ိုင်းမပေးနေ ကြတာလည်း ခဏခဏ တွေ့ရပါတယ်။ လိုင်းကား တွေကလည်း မနက် မြစ်ကြီးနား / ဗန်းမော် ကနေထွက် နေ့လည် ၂ နာရီ၊ ၃နာရီ လောက်မှာ ဗန်းမော် / မြစ်ကြီးနား ကို ရောက်တဲ့ ကားတွေပဲရှိတော့ အသွားအလာ နည်းတဲ့ အရပ်လို့ ပြောလို့ရပါတယ်။





ဒီဒေသ က နိုင်ငံခြားသား ခရီးသွား များနဲ့တော့ သိပ်စိမ်းပုံမရပါဘူး။ ကိုယ်စီးတဲ့ ကားပေါ်မှာ တောင်မှ Less-traveled and remain natural ဒေသမျိုးကို မှ သွားချင်လို့ မြန်မာပြည်ကို ခရီးထွက် လာတာ လို့ ဆိုတဲ့ Switzerland က မောင်နှံကို တွေ့ခဲ့ပါသေးတယ်။ လူတွေ အရောက် အပေါက် နည်းတာကို က ကိုယ်တို့ မြန်မာပြည်ရဲ့  ဆွဲဆောင်မှုပါ။ ကိုယ့်အတွက် ကတော့ အိမ်ပြန်လာတဲ့ ရက်တိုလေး အတွင်းမှာ မရောက်ဘူးသေးတဲ့ ဒေသ အသစ်တစ်ခုကို ရောက်ရလို့ ကြေနပ်နေတာပါပဲ။





Day 1: Yangon-Myit Kyi Nar

Day 1: Yangon-Myit Kyi Nar

Although there were flight delays due to heavy fogs on 14, 15 and 17 Feb, I am fortunate to start the trip on 16 Feb as the Yangon-Mandalay-Myit Kyi Nar-Putato flight left Yangon Domestic airport at 7am. It stopped at Mandalay for a short while and reached Myit Kyi Nar around 10am. Once I went out of the airport, I was on the Ledo Road which was built to connect Ledo, India to Kumming, China during the World War II. Parts of Ledo Road are re-constructed and under use until now.





I left for Myit Son in the same morning. The road was in good condition up to 10 miles from the city. The remaining parts were still under re-construction thus it was quite dusty. On the way, we can see the residential area (still under construction) for the families from the villages which have to be relocated for the gigantic hydro-project comprised of seven dams including Myitson Dam.

At around 11:30am, I am at Myit-son. This is the entrance to the scenic confluence of Maykha and Malikha (N’maikha in local Kachin language). The rocky and wild Malikha and the gentle and wide Maykha both find their sources at the Himalaya glaciers and form Ayeyarwaddy at this confluence. Ayeyarwaddy bisects the country's northern mountains and the central heartland and then empties through the Ayeyarwaddy Delter into the Andaman Sea.







The water at confluence was muddy especially along Malikha due to heavy gold mining. Myitson was completely different from what I have seen before. It was the clear water flowing over the smooth stones; I mean in the video clips taken years ago. But now, it doesn't appear as one of the most beautiful part of the country.



I took a boat ride along Maykha to see the small traditional gold collection set ups. The first thing you are going to see from the front of a gold collection set up is the mixture of water and sand flowing on to the plastic sheet which is placed on the surface of the gutter. This sand carries fine black particles and the pieces of gold. To get this mixture flowing down, people are working from the pit behind the gutter. Water from the river was pumped onto the ground. A head, a hose and a powerful pump is used to pump up the slurry onto the top of the gutter. A strainer is placed at the top of the gutter to filter the stones and pebbles. The sand trapped on the green plastic sheet is collected and the pieces of gold are extracted by using Mercury. The sand and stones flown down through the gutter will be left at the place.









I met some girls panning the tiny pieces of gold from the abandoned piles of stones and sand. They use small wooden tray to collect the gold particles. The black particles inside the pan are usually seen together with gold. For the gold miners, it is an indication of the presence of gold. The yellow particles are the pieces of gold.





Another way to collect gold is by pumping up from the river bed. People work in groups on the rafts. Divers worked for hours in the water pumping up the mixture of water and sand while others are performing other tasks on the raft. I saw some bamboo rafts in the middle of the river down stream of the confluence.



However, these traditional ways of gold panning and collections may not make a big difference to the clarity of the water. I saw two or three buses over-filled with people traveling north of Myit Son. There are many gold mines in which the ground could be scooped with the bulldozers. I didn’t have a chance to visit such sites due to my short stay. It was an interesting day trip to the place where you can collect gold from the ground.