Sunday, September 16, 2012

ကိုင်းကျွန်းမမှီ

ကိုင်းကကျွန်းကို မှီချင်စိတ်မရှိတော့သလို ကျွန်းကလည်း ကိုင်းအမှီကိုမခံချင်တော့တာ အထင်းသားပါ။ အားနည်းတဲ့ကိုင်းပင်က မျိုးဆက်သစ်ကိုအမှီအတွယ်လုပ်ပေမယ့် အတ္တတွေခံနေတဲ့ ကျွန်းကြီးကတော့ ရေလည်ခေါင်မှာ အထင်းသား။ မှီခိုခြင်းနဲ့ အမှီခိုခံခြင်းရဲ့ဟာမိုနီလည်း ပျက်စီးသွားခဲ့ပြီ။ ဘ၀ရဲ့နောက်ဆုံးနေ့တွေကို တစ်ကိုယ်တည်း ရင်ဆိုင်ရမယ့် ရေလည်ကကျွန်းကြီးအစား ကိုယ်အဖျားတက်နေတယ်။