Tuesday, June 8, 2010

မလုံတဲ့ လိပ်ပြာ

အဲဒီခဏခဏ ပိတ်တဲ့ ကျောင်းမှာပေါ့ သူငယ်ချင်း တွေရခဲ့တာ
နယ်သူမြို့ ရောက်ကလေးကို ပျံသန်းဖို့ အတောင်တွေတတ်ပေးခဲ့တာလဲသူပဲ။

အတင်းစကား အငြင်းပွား အချင်းများတဲ့အခါ လည်းများသေး
Thermodynamic ထဲက moleculeတွေ တိုက်သလောက် ကတော့ ပျင်းသေးတယ်။

နွေးအေးမှာ မထိုင်ချင်ပါဘူး ဟန်ပန်တွေကြီးလွန်းတယ်
ကန်သာယာက စိုးမြင့်ကြော် စားပြီး (ဆရာဦးစိုးလွင်ရဲ့ ) Stress Strain တွေပြောကြမယ်။

ခုတော့ လူငယ်လေးတွေကို အိမ်မက်ကြီးကြီး မက်စေခဲ့တာ သူမဟုတ်သလိုဘဲ
အကြာကြီး လောင်ကျွမ်းပြီး ကိုယ်တို့ကို အလင်းရောင်ပေးရင်း အားပြတ်ခဲ့လေသလား။

သူ့ရှေ့ ကဖြတ်သွားတိုင်း မလုံတဲ့လိပ်ပြာက ထိုးနှက်
ကိုယ်တို့ drained brain လေးတွေ မွန်းမွန်းကြပ်ကြပ် ကူးခပ်နေကြတဲ့ချိန် သူကိုယ်တိုင်တော့ drain များ ဖြစ်သွားပြီလားလို့ တွေးနေရင်းပေါ့။

No comments: