Sunday, January 31, 2010

ဆရာတော် ဦးဇောတိက ပြောသော Age of Communication and Negotiation

ဒီနေ့မနက် ဆရာတော်ကို ဆွမ်းမကပ်ခင်မှာ တစ်နာရီလောက် ဆရာတော် ပြောကြားတာတွေကို နာယူခွင့်ရလိုက်ပါတယ်။ ဆရာတော်က Flight, fight or flee ဆိုတဲ့ ခေတ်ကုန်ပြီး Communication and Negotiation ခေတ်ကို ရောက်နေပြီ။ ခေတ်နဲ့လိုက်လျော ညီထွေနေ တတ်အောင်နေရမယ်၊ ဒီခေတ်ကြီးမှာ ရှင်သန်ဖို့ ကိုယ်ပြောချင်တာကို ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ပြောပြတတ်ရမယ်၊ ကိုယ်ဘာပြောလိုက်ရင် တစ်ဖက်သား ဘယ်လိုခံစားရမယ် သူဘယ်လို တုန့်ပြန်လာနိုင်တယ် ဆိုတာတွေပါ ကြိုတွေးပြီး လိုရာခရီးရောက် အောင် ထိထိမိမိ ပြောဆိုဆက်ဆံတတ်ရမယ် လို့ ဟောပါတယ်။ ဆရာတော်ဟောတာ မှန်လိုက်တာနော်လို့ တွေးနေမိပါတယ်။ မနေ့ကပဲ သူငယ်ချင်းတွေကို ကိုယ့်အလုပ်ထဲက ဆက်ဆံရေး အခက်အခဲလေး တစ်ခု အကြောင်းပြော နေမိသေးတယ်။

တစ်ခါတစ်လေမှာ လူတွေဟာ "သူလား။ သူပြောရင်ဘာမှကို နားမလည်တာ" ဆိုတဲ့ Mental Blockage လေးတွေ ရှိတတ်တယ်။ ကိုယ့်စိတ်က မူလက ဖြူစင်ခဲ့ရင်တောင်မှ ဒါမျိုးတွေ ကြုံရတာ များလာရင် ကိုယ့်ရဲ့ စိတ်ထဲမှာလည်း "သူလား။ သူကငါပြောရင် ဘာမှကို နားမလည်တာ။ ပြောလဲမထူးမဲ့ အတူတူ ဘာမှ မပြောဘဲ နေလိုက်တယ်" ဆိုတဲ့ Communication ကိုဖြတ်တောက်ပစ်မဲ့ Blockage တွေ ပေါ်လာတယ်။ နှစ်ယောက်စလုံး Effective Communication ကို လမ်းစဖျောက်ပစ်ချင် နေမှတော့ ဘယ်လိုလုပ်ပြီး ကိုယ်ပြောချင်တာ တွေကို သူနားလည်အောင် ပြောပြလို့ ရပါတော့ မလဲနော်။

သူများတိုင်းပြည်ရောက် ကိုယ့်မိခင်ဘာသာစကား မဟုတ်တာကို ပြောနေရမှတော့ ဆက်ဆံရေး အခက်အခဲ ဆိုတာ တစ်နေ့မဟုတ် တစ်နေ့ ပုံစံတစ်မျိုး မဟုတ် တစ်မျိုးနဲ့ တွေ့မှာပါပဲ။ အိပ်ချိန်နုတ်လိုက်ရင် အလုပ်မှာ နေတဲ့ အချိန်က အိမ်မှာ နေတဲ့ အချိန် ထက်တောင် ပိုများသေးတာ ဆိုတော့ အလုပ်ထဲက လူတွေနဲ့ ဆက်ဆံရေးကောင်းဖို့ တော်တော်ကို အရေးကြီးပါတယ်။ Steven Covey ရဲ့  Seven Habbits of Highly Effective People ထဲမှာပြောတဲ့ Relationship တွေထဲမှာလည်း Work Relationship တစ်နည်းအားဖြင့် Relationship with Colleague ဟာ တစ်ခုအပါအ၀င်ပါ။

ဒီနေရာမှာလည်း ဆရာတော်ဟောတဲ့ Flight, fight or flee နဲ့ ဖြေရှင်းလို့ မရနိုင်တာဘူး ဆိုတာလည်း အသေအချာပါ။ အလုပ်ခွင်မှာ ရန်ထဖြစ်နေလို့ မရသလို ဘာမှမပြောဘဲ ခေါင်းငုံ့ သည်းခံရုံနဲ့ ပြီးသွားမယ့် ပြဿနာလည်း မဟုတ်တော့ သေသေချာချာ စဉ်းစားပြီး စနစ်တကျ အချိန်ယူဖြေရှင်းရမယ်လို့ ထင်ပါတယ်။ ကိုယ့်ပြဿနာကို ဖြေရှင်းဖို့ ပထမဆုံးအနေနဲ့ ကြိုးစား ကြည့်မှာကတော့ စိတ်ရှည်ရှည်ထားပြီး ကိုယ်ပြောရင် သူနားထောင်ချင်အောင် သူနားလည်အောင်၊ သူပြောတဲ့ အခါမှာ ကိုယ်ကလည်း သေသေချာချာ အချိန်ပေးပြီး နားထောင်ဖို့ မရှင်းရင် ပြန်မေးဖို့ ပါ။ သေချာတာကတော့ ကိုယ့်အချိန် တော်တော်များများကိုသူ့နဲ့ ဆက်ဆံရေး ကောင်းအောင် ကြိုးစားရင်း သုံးပစ်လိုက်ရမှာပါ။ အလုပ်က ခပ်များများနဲ့ အိမ်ပြန်တော့ နောက်ကျဦးမယ်ထင်ပါရဲ့။ နေ့စဉ်တွေ့နေရတဲ့ သူတွေနဲ့ စိတ်ထဲမှာ အဆင်ပြေပြေ အလုပ်လုပ်ဖို့ အထောက်အကူ ပြုမယ်ဆိုရင်တော့ အချိန်သုံးရကျိုးနပ်လောက်ပါရဲ့လေ။

No comments: