Friday, January 1, 2010

ဆယ်စုသစ်ကိုကြိုဆိုခြင်း

ဒီနှစ် ခရစ်(စ်)မတ်စ်ကိုရော နှစ်သစ် ကူးပြောင်းတာကိုရော ထူးထူးခြားခြားကြီးကို သိသိမှတ်မှတ်ဖြစ်နေမိတယ်။ New Year ကိုကြိုဆိုသမျှ တွေထဲက ကိုရဲထွဋ်နဲ့ မအေးအေးသန့် ပို့လိုက်တဲ့ ကဗျာလေးကိုတော့ တော်တော်သဘောကျလို့ မြန်မာလို ရေးကြည့်မိတယ်။ ကဗျာကိုတိုက်ရိုက် ဘာသာပြန်တာမဟုတ်ပဲ ဒီကဗျာဖတ်နေရင်းပေါ်လာတဲ့အတွေးတွေကို ချရေးထားတာပါ။

HAPPY 2010 TO YOU!

“Another fresh new year is here . . .
Another year to live!
To banish worry, doubt, and fear,
To love and laugh and give!

This bright new year is given me
To live each day with zest . . .
To daily grow and try to be
My highest and my best!

I have the opportunity
Once more to right some wrongs,
To pray for peace, to plant a tree,
And sing more joyful songs!”
(William Arthur Ward)

လတ်ဆတ်တဲ့နှစ်သစ်တစ်ခု ရောက်ရှိလာပြန်ပြီလေ။
နောက်ထပ်နှစ်တစ်ခုမှာ ရှင်သန်ကြဖို့။
သောက သံသယ နဲ့ အကြောက်တရားတွေပျက်ပြယ်စေ။
ချစ်ခင်ခြင်း၊ ရယ်မောခြင်း၊ ပေးဆပ်ခြင်းတွေနဲ့ (နှစ်သစ်ကို)ဖြည့်စွက်ကြစို့။

နှစ်သစ်က အလင်းတန်းတွေကိုယ့်ကို ပေးနေရဲ့ ။
နေ့တိုင်းကို လှိုက်လှိုက်လှဲလှဲ ရင်ထဲကချစ်ခင်တတ်စေဖို့ပေါ့။
(တိုင်ထိပ်ကိုဝင့်ဝင့်ကြွားကြွား လွင့်တက်နေတဲ့ တိုက်ပန်းနွယ်တွေလို)
မြင့်သထက်မြင့် ၀င့်သထက်ဝင့် မိုးထိအောင်လှေခါးထောင်ကြစို့။

အခွင့်အရေးတွေက ဒို့ရှေ့မှာပြန့်ကြဲလို့
မှားတာတွေ အမှန်ဖြစ်အောင်လုပ်ကြမယ်။
ငြိမ်းချမ်းရေးကို ရှေးရှု (နောက်ဖြစ်မယ့် လူသားတွေအတွက် အဖိုးအိုသရက်ပင်စိုက်သလို) မျှော်လင့်ချက်သစ်ပင်တွေစိုက်ရင်း
ပိုပြီးရင်ခုန်ရမယ့် သီချင်းတွေဆိုကြစို့နော်။

နောက်ထပ်သဘောကျတဲ့ ၂၀၁၀ ကြိုဆိုခြင်းစာပိုဒ်ကတော့ Seth Godin's Blog ကပါ။

Here are my picks for the two most important trends of the decade we're just starting:

1.Change: The infrastructure of massive connection is now real. People around the world have cell phones. The first internet generation is old enough to spend money, go to work and build companies. Industries are being built every day (and old ones are fading). The revolution is in full swing, and an entire generation is eager to change everything because of it. Hint: it won't look like the last one with a few bells and whistles added.

2.Frustration: Baby boomers are getting old. Dreams are fading, and so is health. Boomers love to whine and we love to imagine that we'll live forever and accomplish everything. This is the decade that reality kicks in. And, to top it off, savings are thin and resource availability isn't what it used to be. A lot of people ate their emergency rations during the last decade. Look for this frustration to be acted out in public, and often.

I think the coolest thing is that just about everyone gets to pick which one of these two alternatives they want to spend their time on. And being frustrated about change doesn't count as doing both.


ကိုယ့်ပါတ်ဝန်းကျင်မှာ မြင်နေရတဲ့ CHANGE ကတော့ ကြောက်စရာကောင်းလောက်အောင် မြန်လွန်းလှပါတယ်။ လွန်ခဲ့တဲ့ ရှစ်နှစ် ကိုးနှစ်လောက်က အိမ်တိုင်းမှာ အင်တာနက်မရှိဘူးလို့ မှတ်မိထားတဲ့ စင်္ကာပူမှာ ၂၀၁၀ ရောက်တော့ လူတော်တော်များများ ကားပေါ် ရထားပေါ်ကနေ အီးမေးလ် ပို့လိုက် Facebook မှာ ကိုယ့်စိတ်ထဲရှိတာတွေ ချရေးလိုက် လုပ်ကုန်ကြပြီ။ စက်တွေရဲ့  Performance သာမက လူတွေရဲ့  စွမ်းဆောင်ရည် တွေပါ Net အစွမ်းနဲ့ တစ် ကမ္ဘာလုံးကို "Real Time" သတင်းပို့ ကုန်ကြပြီ။ ကြည့်စမ်းပါဦး ဘယ်လောက်မြန်တဲ့ ပြောင်းလဲနှန်းလဲဆိုတာ။

ပညာရေး၊ နိုင်ငံရေး၊ စီးပွားရေး ဘာအကြောင်းပဲ ဂူဂယ် လုပ်လုပ် သတင်းတွေ ထောင်နဲ့သောင်းနဲ့ ချီပြီး ကျလာလိုက်တာ။ များလွန်းပြီး ဘာကိုအတည်ယူရမှန်း မသိတာကလည်း စိတ်ပျက် စိတ်ရှုပ်စရာ။ ငွေလား၊ လူလား၊ အင်အားလား နိုင်ငံတိုင်းမှာ အရင်းအမြစ် ရှားပါး၊ အပြိုင်အဆိုင်တွေ များလွန်းလို့ ရှိတဲ့ အထုပ်ကလေးတွေ ဖြည်ဖြည်စားရင်း အနာဂါတ်အတွက် အားတင်းနေတဲ့ နိုင်ငံတွေလည်း များလှ ပေါ့။ အဲဒီလိုအပြိုင်အဆိုင် တွေကြားမှာ ရထားတဲ့ ခြေတစ်ဖ၀ါးစာ နေရာလေး မပျောက်ပြက်အောင် ကြိုးစားရင်း စိတ်တွေ တင်းကြပ်ပြီး စိတ်ဓါတ် ကျသွားနိုင်တာလဲအမှန်။

Seth ကတော့ အဟုန်ပြင်းလှတဲ့ ရေစီးကြောင်းထဲမှာ ပျော်ပျော်ကြီး စီးမျောမလား၊ စိတ်တွေရှုပ်ပြီး ငုတ်တုတ်ထိုင် နေမလား ဆိုတဲ့ နှစ်ခုထဲက တစ်ခုပဲရွေးလို့ရမယ်တဲ့။ စိတ်ရှုပ်ရှုပ်ကြီးနဲ့ ရေစီးကြောင်း မြန်မြန်ကြီးထဲ လိုက်ပါနေလို့မရဘူးဆိုပဲ။

အင်း... နှစ်သစ် (တကယ်တော့ ဆယ်စုသစ်ဆိုလည်းမှန်တာပဲ) ကကိုယ့်ရှေ့ မှာ စိန်ခေါ်သလို ကြည့်နေပြီ။ ကဲ ဘယ်လိုလဲ။ ကိုယ်ကတော့ အသက်ခပ်ပြင်းပြင်းတစ်ချက် ရှူသွင်းပြီး ကိုရဲထွဋ်နဲ့ မအေးပို့တဲ့ ကဗျာလေးကို ထပ်ရွတ်နေမိတယ်။

No comments: