Sunday, August 16, 2009

ကြာပွင့် များနှင့် စကားပြောခြင်း

ဒီနေ့  Lotus Foundation ရဲ့  Empowered sundayကိုရောက်သွားခဲ့ တယ်။ Lotus Foundation ကဘာသာရေး အခြေခံ ပြီး ဘာသာရေး သာမက လူမှုရေး လုပ်ငန်းများကိုပါ လုပ်ဆောင်တယ်လို့ သိရပါတယ်။ Lotus Foundation က Volunteer များနဲ့  Searcher Myanmar က ကိုမင်းသူနဲ့  သူငယ်ချင်းများ အတွေ့ အကြုံ ၊ အသိပညာတွေ ဖလှယ်ကြတဲ့  အကျိုးရှိလှတဲ့ နေ့ လည်ခင်းပါ။

တိုင်းပြည်ရဲ့ ပြင်ပမှာ နေထိုင်ရင်းက ဘာသာ သာသနာအကျိုး ရော လောကအကျိုးကိုပါ တတ်စွမ်းသမျှ လုပ်ဆောင်နေကြတာ အားရစရာ ကောင်းလှပါတယ်။ ကိုယ်နားလည်သလောက် ကတော့ Voluntary Organization များမှာ တာဝန်ခွဲ ဝေဆောင်ရွက်ခြင်း၊ လုပ်ငန်းဆောင်တာများကို စနစ်တကျ လုပ်ဆောင်တတ်ခြင်း၊ ဦးဆောင်မှုကောင်းခြင်း တွေဟာ အရမ်းအရေးကြီးပါတယ်။ အသင်း ၀င်တိုင်းကိုယ်နိုင်ရာ တာဝန်ကို ကျေကျေ ပြွန်ပြွန်ယူနိုင်ဖို့ အတွက် ဒီလို Capability Building Training တွေဟာ မဖြစ်မနေလိုအပ် ပါတယ်။ လက်တွေ့  များများ လုပ်ဘူးတဲ့ သူတွေနဲ့ ဆွေးနွေးခွင့်  ရတာ ကိုယ့် လို စာတွေ့ များပြီးလက်တွေ့ နည်း တဲ့ သူအတွက် တော့ အကျိုးအရမ်းများပါတယ်။ ကိုယ်သိသမျှ စာတွေ့ လေးတွေကို ဆက်လက်မျှဝေ သွားဖို့ မျှော်လင့် ပါတယ်။

Lotus Foundation နဲ့  Searcher Myanmar အများအကျိုးတွေပိုပြီး ဆောင်ရွက်နိုင်ကြပါစေ လို့ လည်းဆုတောင်းလိုက်ပါတယ်။

1 comment:

Htin Kyaw said...

Lotus Foundation ကို အသိအမှတ်ပြုမှုအတွက် အထူး ကျေးဇူးတင်ရှိကြောင်း Lotus အဖွဲ့  သားများကိုယ်စားပြောကြားလိုပါတယ်။ အားလုံးသောရွှေမြန်မာများကိုလဲ Lotus အဖွဲ့ မှ ကြိုဆိုဖိတ်ခေါ်ကြောင်း သတင်းပါးလိုက်ပါရစေ။