Saturday, August 15, 2009

စာတိုပေစဖတ်မိသမျှ (၁)

ဖတ်မိတဲ့စာတိုပေစလေးတွေကို သူငယ်ချင်းတွေ နဲ့ မျှဝေခံစား ရင်း ဘယ်သူတွေ မှာ ဘာ idea တွေရှိလည်ဆိုတာ ကြည့်  ကြရအောင်...

အောက်မှာရေး ထားတဲ့ မေးခွန်း မျိုးကို "Divergence Test" လို့ ခေါ်ပါသတဲ့။ ဘယ်လောက်အရေအတွက် များများ၊ ဘယ်လောက်တိတိကျကျ ဖြေနိုင်သလဲ ဆိုတာကို သိချင်ရင် ဒီမေးခွန်းမျိုး မေးပါတယ်။ အများသူငါမမြင်တာတွေ ကိုမြင်တတ်သလား ဆိုတာ သိချင်ရင်လည်း ဒီ test မျိုးကို စစ်ပါတယ်။ IQမြင့် တာနဲ့  Idea တွေအများကြီး ရှိတာ၊ Idea ကောင်းတာဟာ တိုက်ရိုက်ဆက်စပ် မှုမရှိ ဘူးဆိုတာကို ဒီ လို test တွေကပေါ်လွင်စေပါတယ်။ Idea ကောင်းတွေ အများကြီး ရှိတဲ့  သူဟာ Creative ဖြစ်တဲ့ သူဖြစ်ဖို့ နီးစပ်ပါ တယ်တဲ့ ။

မေး။ သင်စဉ်း စားမိသမျှ "အုတ်ခဲတစ်လုံး အသုံးချနည်း" များကိုရေးပါ။
၁) အိမ်ဆောက်၇င်သုံးလို့ ရတယ်
၂) လမ်းခင်းရင် သုံးလို့ ရတယ်
၃) မီးဖို ဖိုခနောက် လုပ် လို့ ရတယ်
၎) မိုးရွာပြီး လမ်းမှာ ဗွက်တွေဖြစ်နေရင် စီပြီးတော့ လမ်းလျှောက်လို့ ရတယ်
၎) ရန်ဖြစ်ရင်ကောက်ပေါက်လို့ ရတယ်

သူငယ်ချင်းတွေ Comment ထဲမှာ ဆက်ရေးကြရင် ကောင်းမှာပဲ။ မြန်မာလိုပဲ ဖြစ်ဖြစ် အင်္ဂလိပ်လိုပဲ ဖြစ်ဖြစ်ပေါ့ နော်။

1 comment:

Unknown said...

ရောင်းစားလို့ ရတယ်လေ။ တချို့ အလုပ်ကြမ်း သမားတွေ ခေါင်းအုံး အိပ်တာလည်း တွေ့ဖူးတယ်။ ဈေးဆိုင်တွေ အဖီအမိုး ချရာမှ လေတိုက်ရင် မလွင့်အောင် ကြိုးနဲ့ တွဲလောင်း ချတာမျိုးလည်း ရှိတယ်။ တချို့ ဘရိတ် မကောင်းတဲ့ ကားတွေလည်း အုတ်ခဲ ဆောင်ထားတတ်တယ်။ စစ်တပ်မှာ အပြစ်ပေးရင် အုတ်ခဲအိတ်ကို သယ်ပြီး ကွင်းပတ်ပြေးခိုင်းတယ်။ ကြက်တောင် ရိုက်တဲ့သူတွေ လက်ကောက်ဝတ် သန်အောင် အုတ်ခဲကို ကြိုးချီ၊ လက်ကို ဖြောင့်ဖြောင့် ဆန့်ပြီး လက်ကောက်ဝတ် အကွေး အဆန့် လုပ်ရတယ်။