Monday, December 21, 2009

ရင်ကိုတည့်တည့်ထိသွားသော စာပေဟောပြောပွဲ

စင်္ကာပူမှာ ပထမဆုံးလုပ်မယ့် စာပေဟောပြောပွဲကို ခပ်စောစောကတည်းက မျှော်လင့်စောင့်စားနေခဲ့မိပေမယ့် မျက်ရည်ကျလောက် အောင်ထိခံစားရမိမယ်လို့တော့ မထင်မိတာအမှန်ပါ။ မြန်မာပြည်မှာနေစဉ်ကတည်းက စာပေဟောပြောပွဲတော်တော်များများ နားထောင်ခဲ့ ဘူးပါတယ်။ ဒီနေ့ လောက်ထိရင်ထဲကိုလှိုက်လှိုက်လှဲလှဲ မထိခဲ့ဘူးပါဘူး။ စာပေအနုပညာနဲ့ အစဉ်မပြတ် ထိတွေ့ခွင့်ရနေတော့ အဲဒီအချိန် တုန်းကသိပ်မခံစားခဲ့ရတာများလားလို့လည်းတွေးမိပါရဲ့ ။ ရင်ကိုပြင်းပြင်းထိစေတဲ့အချက်တွေကိုတွေးကြည့်လိုက်ရင် စာပေအနုပညာ စစ်စစ်နဲ့ ဆယ်နှစ်ကြာနီးပါး အနီးငယ်ဝေးနေခြင်းက ပထမဆုံးအချက်ဖြစ်မယ်ထင်တယ်။ အဲဒီထက်ပိုအဓိကကျတာကဟောပြောသော စာရေးဆရာများရဲ့ ကာလံ ဒေသံ ကိုက်ညီသောအကြောင်းအရာတွေကို ရွေးချယ်ပြီး ကဗျာ၊ ခွန်းထောက်၊ အရွှမ်း စုံညီစွာနဲ့ ရင်ထဲရောက်အောင် ပို့နိုင်မှုပါ။ ပေးချင်တဲ့ အချက်အလက်က ဘယ်လောက်ပဲကောင်းကောင်းအနုပညာမဆန်ရင် ပရိသတ်ရဲ့ ရင်ထဲကို ဘယ်လိုမှမရောက်နိုင်ပါဘူး။ အနုပညာဆန်လှသော စိတ်နှလုံးသားအာဟာရဖြည့် ပေးတဲ့ပွဲအတွက် စီစဉ်သူ လူငယ်များနဲ့ ဦးဆောင်ပေး သူ ဒေါ်သန်းသန်းနုကိုလည်း ကျေးဇူးတင်ရပါတယ်။

ဆရာနေ၀င်းမြင့်က စာကိုသာမကစိတ်ကိုပါသင်တယ်ဆိုတဲ့သူ့ရဲ့ ငယ်ငယ်က ဆရာ၊ဆရာမများအကြောင်း၊ သူတို့ကျောင်းမှာ မနက်စော စော Assembly မှာ နိုင်ငံတော်သီချင်းကို ညီအောင်ဆိုရတဲ့အကြောင်းတွေပြောတော့ ကိုယ်ရဲ့ ငယ်ဆရာတွေ၊ မူလတန်း၊ အလယ်တန်း နဲ့ အထက်တန်းကျောင်းသားဘ၀တွေကို ကွက်ကွက်ကွင်းကွင်း မြင်ယောင်ရင်း ကိုယ့်တူတွေ တူမတွေရော ကိုယ်တို့တုန်းကလို စာသာမက စိတ်ကိုပါသင်ပေးမယ့် ဆရာ၊ ဆရာမကောင်းတွေနဲ့မှ ကြုံခွင့်ရပါ့မလားလို့လည်း တွေးမိသေးတယ်။ ဆရာပြောတဲ့ မြန်မာများဟာ နှစ်ပေါင်းများစွာ ခိုင်မာသောအနုပညာ၊ ယာဉ်ကျေးမှုတွေနဲ့နေလာခဲ့တဲ့ လူမျိုး ဖြစ်တယ်ဆိုတာတွေကြားရတော့ ဒါလိုစကားတွေဟာ ကိုယ်တို့လို မိဝေးဖဝေး တစ်ရပ်တစ်ရွာမှာ သူများအောက်မကျအောင် ကြိုးစားအားထုတ်ရင်း၊ တစ်ခါတစ်ခါ Identity Crisis တွေဖြစ်ရ၊ တစ်ခါတစ် လေ Identity ပျောက်လုနီးနီးဖြစ်ရတတ်သူတွေအဖို့ အလွန်တန်ဖိုးရှိလှပါလားလို့ တွေးမိပြီး ဆရာ့ကို အထူးကျေးဇူးတင်မိ ပါတယ်။

ဆရာပြောသွားတာတွေထဲက သဘောမကျနိုင်တာလေးတစ်ခုကတော့ မြန်မာများဟာ တစ်ဖက်သားကိုရိုသေသမှု၊ လေးစားသမှုတွေ အပြည့် နဲ့ ကိုယ့်ကိုယ်ကို တော့အလွန်နှိမ့်ချပြီးဆက်ဆံတတ်တယ်ဆိုတာပါ။ ကိုယ်ကတစ်ဖက်သားကိုလေးစားသမှုနဲ့ မိမိကိုယ်ကို နှိမ့်ချဆက် ဆံတာကိုသဘောကျပေမယ့် တစ်ဖက်သားက ကိုယ့်ရဲ့နှိမ့်ချရိုကျိုးမှုကို တန်ဖိုးမထားတတ်တဲ့သူ၊ ကိုယ့်ကိုဖိနင်းမယ့်သူများ ဖြစ်နေခဲ့ရင် တော့ ကိုယ့်ရဲ့ နှိမ့်ချတတ်မှုကို လျှော့ချရမယ်ထင်တာပဲ။

ဆရာပြောတဲ့ ဦးနှောက်ကိုသာမက နှလုံးသားကိုပါဖွင့်ထားဖို့ဆိုတာကို အပြည့်အ၀နားလည်လက်ခံပါတယ်။ English ကောင်းအောင်ကြိုး စားရင်း အင်္ဂလိပ်ဘာသာနဲ့ရေးထားတဲ့စာတွေဖတ်၊ ရုပ်ရှင်တွေကြည့်နဲ့ အနုပညာကို အနုပညာလိုမခံစားဖြစ်တဲ့အချိန်တွေလည်းရှိခဲ့ဘူး တာကိုး။ ဆရာတို့ အခုလိုတစ်မြေရပ်ခြားထိအရောက်လာပြီး နှလုံးသားတံခါးတွေလာဖွင့်ပေးတဲ့အတွက် ကျေးဇူးကမ္ဘာပါ။

တရားမင်ပြီး ပုဂ္ဂိုလ်ခင်သလား၊ ပုဂ္ဂိုလ်ခင်ပြီး တရားမင်သွားသလားမခွဲခြားနိုင်ပေမယ့် မျက်ရည်ကျလောက်အောင်ထိသွားတာကတော့ ဆရာမဂျူးက ဆရာဇော်ဂျီရဲ့  သင်သေသွားသော် ကဗျာနဲ့ ဆရာမင်းသုဝဏ်ရဲ့  သပြေညို ကဗျာများကို ရွတ်ဖတ်တဲ့အချိန်ပါ။

ဆရာမဂျူးက "စာရေးဆရာတစ်ယောက်ရဲ့  မှတ်စုများ"ဆိုတဲ့ ခေါင်းစဉ်နဲ့ဟောပြောပါတယ်။ အချစ်အကြောင်းခဲ့ရေးတဲ့ဂျူး၊ Gender Equality အကြောင်းရေးတဲ့ဂျူး၊ ကြွပ်ကြွပ်အိပ်အကြောင်းရေးတဲ့ဂျူး၊ ပညာရဲ့ အရေးပါပုံကိုရေးတဲ့ ဂျူး၊ အခုလက်ရှိ Humanitarian အကြောင်းတွေ ရေးနေတဲ့ဂျူးပါလို့ ဆရာမဂျူးကသူ့ရဲ့ စာရေးဆရာမဘ၀ကို ငါးပိုင်းခွဲပြသွားခဲ့ပါတယ်။ အချစ်သန့်သန့်အကြောင်း ရေးတဲ့ "အမှတ်တရ" ကနေပြီး Gender Equality ကိုပါရေးတဲ့ ၀တ္ထုတို/ရှည်များ၊ သဘာဝပါတ်ဝန်းကျင်အကြောင်း တွေရေးတဲ့
"ကမ္ဘာမြေရဲ့ ချစ်သူ" လိုဝတ္ထုတို၊ ၀တ္ထုရှည်များ၊ နောက် ပညာအကြောင်း ရေးတဲ့ "စောင့်နေမယ်လို့မပြောလိုက်ဘူး" တွေကို ကျော်ဖြတ်ပြီး Poverty တို့ Humanitarian တို့ကိုရေးတဲ့ "သူ... မင်းကို... ဘယ်တော့မှ" လိုဝတ္ထုများကို တစ်ဆင့်ပြီးတစ်ဆင့် ပြောင်းလဲ လာပုံ။ အဲဒီလိုပြောင်းလဲလာစေတဲ့ဘေးပါတ်ဝန်းကျင်က လွှမ်းမိုးမှုတွေ၊ သူ တေးမှတ်ထားတဲ့ မှတ်စုတွေ အကြောင်း အစီအစဉ်ကျကျ အချက်အလက် ပြည့်ပြည့်စုံစုံ နဲ့ဟောပြောသွားပါတယ်။

ကိုယ့်ရဲ့ ဘ၀ပြောင်းလဲမှူဖြစ်စဉ်တွေကိုပြန်ကြည့်လိုက်တော့ ဆရာမဂျူးအချစ်ဝတ္ထုတွေရေးစဉ်က ကိုယ်ကနုငယ်စဉ်ကာလ၊ သူသဘာဝ ပါတ်ဝန်းကျင်ထိမ်းသိန်းမှုတွေစရေးတော့ ကိုယ်က English ကိုသေသေချာချာလုပ်မိတဲ့အချိန် USIS မှာစာသွားသွားဖတ်ရင် GM Food နဲ့ Environmental Issues တွေအများဆုံးတွေ့ ရတဲ့အချိန်တွေပါ။ အဲဒီနောက်မှာတော့ ကိုယ်အိမ်ကထွက်လာခဲ့ပြီ။ ဒီရောက်လာခါစနှစ် တွေမှာကျောင်းတစ်ဖက် အလုပ်တစ်ဖက်နဲ့ ရုန်းကန်ရတော့ စာအုပ်တွေနဲ့တော်တော်ဝေးခဲ့ရတယ်။ ကိုယ်အလုပ်ကလေးအတည်တကျ ဖြစ်လာလို့ စာပြန်ဖတ်နိုင်တဲ့အချိန်မှာ ဆရာမက Environmental အကြောင်းတွေရေး တစ်ချို့ သောပရိတ်သတ်က ချီးမွမ်းကြ၊ တစ်ချို့  က အချစ်ဝတ္ထုပဲရေးပါလို့ ပြောကြဖြစ်နေတဲ့အချိန်တွေပေါ့။ အဲဒီနောက်မှာတော့ ၀တ္ထုတိုတွေသိပ်မဖတ်ဖြစ်ပြန်ဘူး။

"စောင့်နေမယ်လို့မပြောလိုက်ဘူး" ကိုဖတ်ရတော့ ကိုယ့်မွေးရပ်မြေမှာ ခေတ်ရေစီးကြောင်းပြောင်းလဲလာတာ၊ လူငယ်လေးတွေ NGOတွေ နဲ့ ကိုယ်တို့ရှိစဉ်ကထက် အများကြီးပိုပြီး ထိတွေ့လုပ်ကိုင်နေကြတာတွေကို သတိထားမိတယ်။ လူငယ်လေးတွေ ပြည်ပကိုထွက်ဖို့ လမ်းကြောင်းတွေ ပိုဖေါက်ထွက်ဖို့ကြိုးစားကြတာတွေကိုလည်း မြင်မိပါတယ်။ စိတ်အ၀င်စားမိဆုံးကတော့ ဆရာမကို ပညာရေးရဲ့ အရေး ပါပုံတွေကို ရေးဖြစ်စေတယ်ဆိုတဲ့ MIT ကကျောင်းသားရဲ့ မေးခွန်းကို ပြန်ဖြေတဲ့ ဆရာမရဲ့ အဖြေပါ။ Education ဆိုတာ အလုပ်ရဖို့တစ်ခု ထည်းအတွက်မဟုတ်ဘဲ တွေးခေါ်တတ်ဖို့ (Education teaches how to think) လူ့ ယာဉ်ကျေးမှုကိုလက်ဆင့်ကမ်းသယ်ဆောင်ဖို့ (Education transmits Civilization) လွတ်လပ်စွာတွေးခေါ်နိုင်သောသူ အဖြစ် ရပ်တည်နိုင်စေဖို့ (Education liberates individuals) နဲ့ ဆရာမက လူ့ကျင့်ဝတ်လို့သုံးလိုက်တယ်ထင်ပါတယ် (Education teaches morality) စတဲ့ အချက်ငါးချက် ပါ။ ကိုယ်တိုင်ကလည်း ပညာရေးသည် လူကိုမြင့်ရာသို့ ဆွဲတင်နိုင်သောလှေခါးလို့  နက်နက်ရှိုင်းရှိုင်းယုံကြည်ပါတယ်။

သူ... မင်းကို... ဘယ်တော့မှကို ၂၀၀၇ မှာစရေးတာဆိုတော့ ဆရာမရဲ့  Humanitarian ကိုစိတ်ဝင်စားမှုက Nagis မတိုင်ခင်ကတည်းက စတာပေါ့ နော်။ ဆရာမပြောတဲ့ "အ၀ါ ရောင်ရထား" ကိုဘယ်မှာဖတ်မိမှန်းမသေချာပေမယ့် "ကိုယ်သာဒီဇာတ်ကောင်ရဲ့ နေရာမှာ ဆိုရင်.... " ရယ်လို့ တွေးမိတာကို သတိရနေသလိုလို။

ကိုယ့်လိုသာမာန်လူတစ်ယောက်ကိုတောင်မှ Nagis က Humanitarian အလုပ် တွေကို သတိထားမိစေတာ ဆရာမရဲ့  Humanitarian အလုပ်တွေတစ်ဟုန်ထိုး (အခုဆို သုံးလေးခုတောင်) တိုးပွားလာတာကိုနားလည်ကြည့်လို့ရပါတယ်။ မိဘမဲ့လေး ၈၅ ယောက်ရယ်၊ AIDS ရောဂါကူး စက်ခံရတဲ့ သုခရိပ်မြုံက ကလေးတွေရယ်ကို အစာအဟာရတွေ ရှာဖွေကျွေးရင်း ကျနော်တို့လိုနှလုံးသားအဟာရလိုအပ် သူတွေအတွက်အချိန်လေးနည်းနည်းချန်ဖို့ မမေ့ပါနဲ့လို့လည်း ပြောချင်ပါတယ်။

ှဆရာမဂျူးက ဆရာဇော်ဂျီရဲ့ သင်သေသွားသော် ကဗျာကိုကိုးကားပြီး ပိုကောင်းတဲ့ လောကဖြစ်အောင်အထောက်အကူပြုစေဖို့ ကိုယ်တိုင် ပညာတွေပိုတတ်အောင် ကိုယ်တိုင် ကြိုးစားမဲ့အပြင်၊ သူများကိုလည်းဝေမျှဖို့ ကြိုးစားနေဦးမယ်၊စာတွေကိုလည်းဆက်ရေးနေဦးမယ်လို့ ပြောသွား ပါတယ်။

သင်သေသွားသော်
( ဇော်ဂျီ )


ဪ..လူ့ပြည်လောက၊ လူ့ဘ၀ကား
အိုရနာရ၊ သေရဦးမည်
မှန်ပေသည်တည့်
သို့တပြီးကား၊ သင်သေသွားသော်
သင်ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏
သင်၏အမျိုးသား၊ စာစကားလည်း
ကြီးပွားတိုးမြင့်၊ကျန်ကောင်းသင့်၏
သင်ဦးချ၍ အမျှဝေရာ
စေတီသာနှင့်၊ သစ္စာအရောင်
ဥာဏ်တန်ဆောင်လည်း
ပြောင်လျက်ဝင်းလျက် ကျန်စေသတည်း ။

နောက်ဆုံးမှာတော့ နှစ်သစ်မှာမင်္ဂလာရှိစေဖို့ ဆရာမင်းသုဝဏ်ရဲ့  သပြေညို ကဗျာရွတ်ဖတ်ပြီး နိဂုံးချုပ်သွားပါတယ်။

သပြေညို
(မင်းသုဝဏ်)


သူ့ခေါင်းမှာတဲ့ သပြေညို
ငါ့ခေါင်းမှာတဲ့ သပြေညို။

တို့ပြေမှာ တို့မေ ကမ်းပါတဲ့
သပြေညို ရွှေဘိုပန်းဟာက
လန်းလျက်ပါကို။

ဘာမလျှော့လေနဲ့
လာတော့မကွဲ့ ရွှေဗဟိုရ်
လေချိုကအသွေး။

လင်းကြက်အဆော်
ကွင်းထက်မှာ တူပျော်ပျော်နဲ့
စည်တော်ကို ရည်မျှော်မှန်းကာပ
ရောင်နီမှာ အောင်စည်ရွှမ်းရအောင်
သပြေညို ရွှေဘိုပန်းရယ်နဲ့
လှမ်းကြစို့လေး။

ကျနော်တို့လို ဘယ်တော့ပြန်ဖြစ်မလဲလို့မသေချာ မရေရာသေးသောသူတွေလည်း သပြေညိုကဗျာလေး ရွတ်ရင်း၊ တတ်နိုင်သမျှ လူမှုရေးလုပ်ငန်းလေးတွေမှာ ပါဝင်ရင်း တစ်နေ့မှာ အောင်စည်ရွှမ်းရတဲ့နေ့ကို ရောက်ဖို့ စောင့်မျှော်နေပါတယ် ဆရာမရယ်။

ဆရာချစ်ဦးညိုရဲ့ အရွှမ်း၊ အဆိုပညာ တွေကိုလည်း လက်ဖျားခါရပါတယ်။ ဆရာ ရွတ်ဖတ်သွားတဲ့ ဗေဒါလမ်းကိုလည်း ရင်ထဲမှာနင့်နင့်နဲနဲ တစ်ခါပြန် ခံစားရတယ်။ စာပေဟောပြောပွဲကို နားထောင်ရုံသက်သက်မဟုတ်ဘဲ ရင်ထဲကခံစား လာခဲ့တာဖြစ်တဲ့အတွက် ပရိသတ်တစ်ယောက် အနေနဲ့ ကိုယ့်ကိုယ်ကို လည်းတာဝန်ကျေတယ်လို့တော့ ထင်မိတာပါပဲ။

Saturday, December 19, 2009

The Phatom Vs Ravana; Christine Vs Sita

Today, I watched The Phantom of the Opera. In the middle of the story, I suddenly remember Ravana from Ramayana.

Life has never been fair to the Phantom. The-Devil's-child-turn-Phantom has lived his whole life in the darkness. The torture by the show owner and the humiliation of the audience led him to hide in the secret cellar. Erik (the Phantom) who was the genius, architect and designer, and the composer had turned to madness when he felt insecure of his love for Christine. The Phantom threatened Christine that say No to his proposal and he will destroy the opera. Or Christine could chose to marry him. That's where I suddenly remember Ravana.

In Myanmar version of the Ramayana, Rama and his younger brother Lakshmana as well as Ravana came to take part in the bow lifting competition. It was in response to the announcement of Sita's father. Rama won the contest and thus got Sita as his wife. On the way back to Rama's country, Ravana kidnapped Sita with his sister's help.

Ravana was the strong and rough king while the Phantom was the child turned into devil by the unfair treatment of the world. Through their attempt to get a woman, both the Phantom and Ravana caused some damages and death. At the end, both had to pay a high cost, their lives, for their love. In Ramayana, Sita demonstrated the loyalty of an ideal wife by jumping into the flame and causing no harm to herself. In the Phantom of the Opera, Christine portrayed more emotion and dilemma as a woman. Christine was emotionally manipulated and also brought to the lime light of the opera by the Phantom. It was Christine who made the decision to marry the Phantom to save the people including his lover, Raoul. I do not know what was written in the original script, but Emmy Rossum's actions made me believe that she sincerely decided to stay with the Phantom, and she kissed him. It appeared that the Phantom had never received love from anyone else in his life. Christine's kiss made him changed his mind. He cried and let the two go off.

The question in my mind was "Why did he do that?". Hadn't he been trying all these years, to get Christine's love? Now Christine decided to be with him, then why he let her go? Is it "love" that made him understand the two lovers? Is it because he didn't want Christine whose heart could be with Raoul? Anyway, I love the twist.

I am also wondering the success of these two stories - the Ramayana and the Phantom of the Opera. Here, I am not taking Ramayana as part of the Hindu history or any religious point of view. I am just appreciating them as a form of art - the stories with a hero, a woman and a villain with power to cause damage to others. Probably the argument whether Ravana and the Phantom are the villains or the heroes is controversial and that could be the attraction of these stories.

Sunday, December 13, 2009

5-Dollar Group

သံလျှင်ကပရဟိတ ကျောင်းလေးအတွက် ရေရှည်လှူဖြစ်ဖို့ သူငယ်ချင်းတွေနဲ့ဝိုင်းဆွေးနွေးကြရင်းနဲ့ ဆရာပေးတဲ့အကြံကို သဘောကျမိ တယ်။ တစ်လကို တစ်ယောက် စင်္ကာပူ (၅) ဒေါ်လာစီထည့် ဝင်ဖို့သဘောတူတဲ့သူတွေနဲ့ အဖွဲ့ကလေးတစ်ခုဖွဲ့ ပြီး ကျောင်းကိုအဓိက (၈၀% လောက်)လှူ၊ ပြီးတော့ အများသဘောတူညီတဲ့ အခြားအလှူလေးတွေကိုလည်း အတူတူလှူကြဖို့ပါ။ အနည်းဆုံးက စင်္ကာပူ (၅) ဒေါ်လာဖြစ်ပေမယ့် ပိုထည့်ချင်လို့လည်းရတယ်။ ရံဖန်ရံခါ ကိုယ်စတင်အကြံ ပေးလို့၊ ဒါမှမဟုတ် ကိုယ်ကဒီအလှူကိုပိုလှူချင်လို့ ဆိုရင်လည်း ပိုလှူလို့ရတာပဲ။

လိုအပ်ချက်လေးတွေတွေးကြည့် တော့ ဘဏ္ဏာရေးမှူးတစ်ယောက်လိုမယ်။ အဖွဲ့သားတွေက အလှူတစ်ခုအဆိုတင်လာတဲ့အခါ လှူမယ်၊ မလှူဘူးဘယ်လိုဆုံးဖြတ်ကြမလဲ ဆိုတာတွေကို ကြိုတင်သဘောတူညီချက်လိုမယ်။ လတ်တလောသိချင်နေတာကတော့ ဒီလိုအသင်း မျိုးဖွဲ့ရင် ၀င်ဖို့စဉ်းစားမယ့်သူ ဘယ်လောက်ရှိမလဲဆိုတာပါဘဲ။ ဘေးက Pool လေးဖြေကြည့်ပေးပါလား။ ကျေးဇူး။

Friday, December 11, 2009

အလှူဒါန ပြုလိုသူများအတွက်

ဒီတစ်ခေါက် အိမ်ပြန်ရတာ ရက်က တိုလွန်းလို့ ဘယ်မှတောင် မရောက်ဖြစ်ခဲ့ ဘူး။ မနှစ်က နာဂစ်ကြောင့် ပျက်သွားတဲ့  အမိုးတွေ ကိုဒီက သူငယ်ချင်းများရဲ့  အကူအညီနဲ့  ပြင်ဖြစ်ခဲ့ တဲ့  ပရဟိတ ဘုန်းတော်ကြီး ကျောင်းကိုတော့  ရောက်အောင်သွားခဲ့ ပါတယ်။ ကျောင်းကို ရောက်တော့  ကိုယ်တို့ တွေ ပြင်ထားတဲ့  အမိုးတွေ အပြင် အခြားသူတွေ ကလည်း ကျောင်းဆောင်သစ်ကြီး တစ်ဆောင် လှူထားတာ ဆိုတော့  ကျောင်းက တော့  မနှစ်ကထက်စာရင် အများကြီး သပ်ရပ် ခန်းနားနေပါတယ်။

နာဂစ်အပြီးမှာ အမိုးသွပ်တွေ လွင့် ကုန်တဲ့  ဆွမ်းစားကျောင်း


၂၀၀၉ ဒီဇင်ဘာ မှာတွေ့ ရတဲ့  ဆွမ်းစားကျောင်း


နာဂစ်အပြီး ပင်မကျောင်းဆောင်ကြီး


၂၀၀၉ ဒီဇင်ဘာမှာ တွေ့ ရတဲ့  အများ ၀ိုင်းဝန်းပြီ့း ပြုပြင်မွန်းမံထားတဲ့  ပင်မကျောင်းဆောင်ကြီး


အချိန်ပေးပြီး ကျောင်းရဲ့  လိုအပ်ချက်လေးတွေ ကို ဆရာတော်ထံက မေးဖြစ်ခဲ့ ပါတယ်။ ဒီကျောင်းလေးက မြန်မာ သက္ကရာဇ် ၁၃၅၅ မှာ ဆရာတော် ဦးနန္ဒ၀ံသ ထူထောင်တဲ့  ပရဟိတ စာသင်ကျောင်းပါ။


နယ်စပ်က မဖွံ့  ဖြိုးသေးတဲ့  တိုင်းရင်းသား ကလေးများ နဲ့ ရွာနီး ချုပ်စပ်က နွမ်းပါးတဲ့  ကလေးတွေကို ပညာသင်ပေးပါတယ်။ ကျောင်းအိပ် ကျောင်း စား ကလေးအယောက် ၃၀၀ လောက်ရှိပါတယ်။ သူငယ်တန်းကနေ သတ္တမတန်းအထိ ကျောင်းမှာ ဆရာ/ဆရာမ ၁၈ ယောက်ငှားထား ပြီး သင်ပေးပါတယ်။ အဋ္ဌမတန်း နဲ့  အထက်တန်းကျောင်းသားများ ကို တော့  အနီးဆုံးကျောင်းမှာ တက်စေပါတယ်။ ကျောင်းသားအားလုံး တစ်ထောင်လောက် ရှိပါတယ်။




မကြာခင်က ထုတ်ပြန်လိုက်တဲ့  စည်းကမ်းချက်များနဲ့  ကိုက်ညီစေဖို့  လတ်တလော လိုအပ်နေတာ ကတော့  ကျောင်းအိပ်ကျောင်းစား မိန်းကလေးများရဲ့  အဆောင်ကို သီးခြားခွဲထုတ်ပြီး စည်းရိုးကာဖို့  ကျောင်းဆောင်ကို စောင့် ရှောက်မဲ့  အဆောင်မှူးထားရှိဖို့ တွေပါ။

နေ့ စဉ် လစဉ် ပုံမှန် လိုအပ်တာတွေကတော့  ကလေးပေါင်း၃၀၀ ကျော် နဲ့  သူတို့ ကို စောင့် ရှောက်တဲ့  ဘုန်းကြီး ၁၅ ပါး၊ ဆရာ/ဆရာမ ၁၈ ယောက် နဲ့  ဝေယျာဝစ္စ တာဝန်ယူလုပ်ကိုင်သူများ ရဲ့  စားစရိတ် နဲ့  ပညာရေးထောက်ပံ့ စားရိတ်တွေပါ။ အခုလက်ရှိမှာတော့ အလှူရှိ တဲ့  ရက်တွေမှာ အလှူရှင်လှူတဲ့ ဆွမ်း နဲ့ ကျန်တဲ့ ရက်တွေမှာတော့  ဆရာတော် ကဆွမ်းထောက်ပံ့ ပါတယ်။ ကျောင်းက ကျောင်းစာ အုပ်ကို ထုတ်ဈေးနဲ့  ရတာကလွဲပြီး အစအဆုံး နီးပါး ကိုယ်ထူကိုယ်ထ ဆိုတော့  ကိုယ်တတ်နိုင်သလောက် နည်းများမဆို အလှူပါဝင် ကြသမျှ ကျောင်းအတွက် အကျိုးရှိလှပါတယ်။

ဆရာတော့်  ဆီက မေးမြန်း ကြည့် ရသလောက် နေ့ လည်စာ တစ်နပ်ကို ရွေးချယ်တဲ့  ဟင်းအမျိုးအစား ကိုလိုက်ပြီး တစ်သိန်း နဲ့  နှစ်သိန်းကြားကုန်ကျပါတယ်။ ဆရာ/ဆရာမ တစ်ယောက်ရဲ့  ကျောင်းလခက တစ်လကို နှစ်သောင်းပါ။ ကျောင်းသူ/ကျောင်းသား များအတွက် စာအုပ်စာတန်း၊ ပညာသင်စားရိတ် အထောက်အပံ့၊ ဆရာ/ဆရာမ များအတွက် ကျောင်းလခ စတာတွေကို လည်း လှူတန်းနိုင်ပါတယ်။ ကိုယ်တိုင်ကတော့  ရေရှည်အလှူဖြစ်စေချင်တာ ကြောင့်  လစဉ် ဆရာ/ဆရာမ တစ်ယောက်စာ ကျောင်းလခ နဲ့  ဆရာတော်အတွက် န၀ကမ္မ အနည်းငယ် လှူတန်း ဖို့ ကတိခံထားပါတယ်။ ရေရှည်မှာတော့  ကလေးများရဲ့  တစ်ကိုယ်ရေသန့် ရှင်းရေး အတွက် ကိုယ်တိုက်ဆပ်ပြာ၊ အ၀တ် လျှော်ဆပ်ပြာ၊ သွားတိုက်ဆေး များထောက်ပံ့ ဖို့ နဲ့  ကျန်းမာရေး အသိပညာတိုးပွားရေးတွေကို လုပ်မယ်လို့  စိတ်ကူးထားပါတယ်။

ဒီကျောင်းက ဆယ်တန်းအောင်၊ ဘွဲ့ ရတွေ မွေးထုတ်ပြီးတဲ့  အခါကြတော့  ကျောင်းမှာ ပြန်ပြီး စာသင်တဲ့  သူကသင်၊ အပြင်ထွက်ပြီး အလုပ်လုပ်တဲ့သူက လုပ်ပေါ့ လေ။ ကိုယ်တို့ ဆီမှာက အလုပ် တစ်ခုရဖို့ က လွယ်လှတာမဟုတ်တော့  သူတို့  လုပ်ငန်းတစ်ခုခု လုပ်နိုင် လောက်အောင် သက်မွေးဝန်းကျောင်း ပညာတစ်ခုခု သင်ပေးနိုင်ရင် ကောင်းမှာပဲလို့  တွေးမိတယ်။

သူငယ်ချင်းတို့ ကုသိုလ်ပါဝင်လို ကြရင် မစိမ့်  ဆီက တစ်ဆင့် ဖြစ်ဖြစ်

ဆရာတော် ဦးနန္ဒ၀ံသ (၁၂/သလန (သ)၀၀၀၄၃၉ )
ဆုတောင်းပြည့် ပရဟိတ ကျောင်း
ဘုရားကုန်းလမ်းဆုံ
သံလျှင်မြို့ 

ကိုတိုက်ရိုက်ဆက်သွယ်ပြီးတော့ ဖြစ်ဖြစ် လှူတန်းနိုင်ကြပါတယ်။

Thursday, December 3, 2009

မစိမ့်  ခရီးသွားနေသည်

အပိုင်း (၁) - ခရီးသွားငါးယောက်
အပိုင်း (၂) - ဂျိုဂ်ဂျာကာတာ က ပါတိတ်ဆရာ
အပိုင်း (၃) - ဗေါဓေါစေတီ
အပိုင်း (၄) - ညောင်ပင်တစ္ဆေ
အပိုင်း (၅) - မီးတောင်ကိုတဲ့ မကျော်နိုင်
ဆိုပြီး အပိုင်း ငါးပိုင်းရေးထားပါတယ်။ အချိန်ရရင် ပိုင်း (၁)ကနေ စဖတ်စေချင်ပါတယ်။

လာဖတ်တဲ့ သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။

မစိမ့်  ခရီးသွားနေသည် (အပိုင်း ၅) - မီးတောင်ကို တဲ့ မကျော်နိုင်

ဒီတစ်ခါတော့  တစ်ကယ့် တောင်ကို တက်ဖူးပြီလို့  ပြောလို့ ရသွားပြီ။ ကျိုက်ထီးရိုးတက်တာ ဘာဟုတ်သေးလဲ။ ဂျိုဂ်ဂျာနားက အမြင့် ပေ ၂၉၁၁ ရှိတဲ့  မရာပီ တောင် က ဘိုးပြန်တောင်လို ဇောက်မျိုးကို တောက်လျှောက်တက်ရတာ။ ဘယ်လောက်ခက်မယ်ဆိုတာ ကြိုတင်လေ့ လာ ထားတာမ ဟုတ်ပဲ တက်ဘူးချင်ဇောနဲ့  တစ်နေကုန် လျှောက်သွား ထားတဲ့  ကိုယ်ခန္ဓာကို မှအားမနာ ကဗျာကရာ လိုက်သွားမိခဲ့  ပါတယ်။ မီးတောင် မတက်ဘူးရင် အင်ဒိုနီးရှား ရောက်ဘူးတယ်လို့ မခေါ်ဘူးလို့ ထင်မိတာကိုး။ ကားပေါ် မှာပါတဲ့ နှစ်ယောက်က ဧ၀ရက်တောင် တောင်ခြေစခန်းကို ရောက်ဘူးတဲ့ သူရယ်၊ စနေ တနင်္ဂနွေ ရုံးပိတ်ရက်တိုင်း ၆လ ဆက်တိုက် တောင်တက် ထားတဲ့ သူရယ်။ အင်း .. ကားပေါ်မှာ ထဲက အခြေနေတော့ သိပ်မဟန်ဘူးလို့ ထင်မိပါရဲ့ ။ ခပ်ဝေးဝေးက မြင်ရတဲ့ မရာပီတောင်က ဆွဲဆောင်မှုရှိလွန်းတော့  မျက်စေ့ မှိတ်ပြီး သိပ်မဟန်တဲ့  ခန္တာကိုယ် ကို ဒရွတ်ဆွဲ ပြီးတက်ခဲ့ ပါတော့ တယ်။



တက်နေရင်းနဲ့  ကိုပဲ ကိုယ်ခန္တာက သိပ်မဟန်တော့ ဘူး။ ကျင့် သားရနေတဲ့ သူတွေက ခြေလှမ်းမှန်မှန် လှမ်းနေတဲ့ အချိန်မှာ ကိုယ်က တောင်တက်တာ မဟုတ်ပဲ တောင်ပေါ်ကို တွားသွားတာ ဖြစ်နေပြီလေ။ အမြင့် ကို ရောက်လာလေလေ အောက်စီဂျင်နည်း ပြီး လေးလာ လေလေနဲ့  သူများတွေက ကိုယ့် ကိုခဏခဏ စောင့် ရတဲ့ အဖြစ်ကို ရောက်လာတယ်။ အားတင်းပြီး လျှောက်လာတာ တစ်ဝက် တော့ ကျော်လာခဲ့ တယ်။ မီးတောင်ဝကို ရောက်ဖို့  နောက်ထပ် ၂နာရီစာ တက်ရ ဦးမယ်။ နောက်ဆုံး လမ်းလျှောက်ရင်း အိပ်ပျော်မလို ဖြစ်လာ လို့ ဆက်မတက် တော့ ဖို့ ဆုံးဖြတ်လိုက်ရတော့ တယ်။

ဒီနေရာမှာ ဆက်တက်မှာလား၊ မတက်ဖူးလား ဆုံးဖြတ်ချက်တစ်ခုကို ချရတော့ မယ်ဆိုတော့  စိတ်ထဲမှာ တော်တော်ခံရ ခက်တယ်။ ဒီနေရာကို နောက်ရောက်ချင်မှ ရောက်တော့ မှာလေ၊ ပြီးတော့ တစ်ဝက်ကြီးတောင် ကျော်လာခဲ့ ပြီ။ တကယ့် တကယ် ဆုံးဖြတ်ချက် ချဖြစ်သွားတာ ကတော့  အန္တရာယ်မကင်းတေ့ ဘူးရယ်လို့  ခံစားရတဲ့ အချိန်ပါဘဲ။ မတော်တဆ များပြုတ်ကျခဲ့ရင် ဆိုပြီး နေခဲ့ ဖို့  ဆုံးဖြတ် လိုက်တော့ တယ်။

လမ်းပြနဲ့  အဖေါ်နှစ်ယောက်ကတော့  ဆက်တက်သွားပါတယ်။ လင်းလင်းချင်းချင်း ဖြစ်လာလို့  ဘေးပါတ်ဝန်းကျင်ကို မြင်လာရတဲ့  အခါ ကိုယ့် မျက်စေ့ တောင်ကိုယ် မယုံနိုင်လောက်အောင် တောင်ဟာ မတ်စောက်လွန်းတာ တွေ့ ရပါတော့ တယ်။ အဲဒီတော့ မှ ဆက်မတက် မိတာ မှန်လိုက်လေခြင်းရယ်လို့ လည်း တွေးမိတယ်။ မရာပီမီးတောင် ရဲ့ တစ်ဝက်လောက်မှာ ကျန်နေခဲ့တာ ဆိုတော့  ဘေးကပ်ရက် ကတောင်ကို လည်း တော်တော် ထင်ထင်ရှားရှား မြင်ရတယ်။



ကိုယ့် အဖေါ်တွေ တောင်ထိပ်ကနေ ပြန်ဆင်းလာတဲ့ အထိထိုင်စောင့် ပြီး အားလုံးအတူတူ ဆင်းလာကြတော့ မှ ဘယ်လောက်မတ် စောက်တဲ့ တောင်လဲဆိုတာ မျက်ဝါးထင်ထင် တွေ့ ရတော့ တယ်။ ဒီလမ်းကို ကိုယ်တိုင်တက်ခဲ့ တာ ဆိုတာ မယုံနိုင်လောက်အောင်ပါပဲ။

အုပ်စုလိုက် လမ်းလျှောက်တာ တို့ ၊ စက်ဘီးစီးတာတို့ မှာ ကိုယ်က အမြဲတမ်းနီးပါး ရှေ့ ဆုံးက ရှိခဲ့ တာဆိုတော့  သူများတက်နိုင်ပါ ရဲ့ နဲ့  ကိုယ် မတက်နိုင်တာကို ခံရခက်လို့ မဆုံးဘူး။ ခန္တာကိုယ်ရဲ့ အကန့် အသတ်ကို ထည့် မတွက်မိလို့  ရှုံးတဲ့ အရှုံးပါလားနော်။

Wednesday, December 2, 2009

မစိမ့်  ခရီးသွားနေသည် (အပိုင်း ၄) - ညောင်ပင်တစ္ဆေ

ညောင်ပင်တစေ ၦ

ဂိ်ဳဂ္ဂ်ာက စော်ဘွားနန်းတော် ပါတ်ဝန်းကျင်မှာ ကွင်းပြင်ကြီး နှစ်ခုရှိတယ်။ ဒီနေ့ အဲဒီကွင်း ပြင်တွေ ဖက်ကို လမ်းလျှောက်ဖြစ်တယ်။ စော်ဘွားနန်းတော်ရဲ့ နောက်ဖက်က ကွင်းထဲမှာ စက်ဘီးစီးတဲ့ သူနဲ့ ၊ ဘီးလေးဘီးနဲ မော်တာတပ် ဆိုင်ကယ်စီးတဲ့  သူနဲ့ ၊ Remote Control နဲ့  ထိန်းတဲ့ လေထီးလေးတွေ လွှတ်တဲ့ သူနဲ့  စည်ကားနေတယ်။ သူတို့ တွေပျော်ရွှင်နေကြတာ ကိုမြင်ရတာနဲ့  ကိုယ်ပါ တော်တော်စိတ်လက်ပေါ့ ပါးလာတယ်။ ဘယ်သူကမှ ကိုယ့် ကိုလာ ပြီး ဘာဝယ်မလဲ၊ Art Gallery သွားမလားတို့ လာမမေးတာ ဒီတစ်နေရာပဲရှိတယ်။ ကွင်းရဲ့  အလယ် ခေါင်နားလောက်မှာ ညောင် ပင်ကြီး နှစ်ပင်ရှိတယ်။ တစ်ပင်နဲ့  တစ်ပင် (၁၅) ပေ လောက်လှမ်းတယ်၊ လူတွေ အုပ်စုလိုက် ကစားနေတာတွေလို့  သွား ကြည့် ကြည် တော့  လူတစ်ယောက် ကို သူ့ အဖေါ်တွေက မျက်စေ့ ကို အ၀တ်နဲ့  စည်း၊ ပြီးတော့  အဲဒီမျက်စေ့  ပိတ်ထားတဲ့  သူကို နေရာမှာ နှစ်ပါတ်လောက်လှည့် ပြီး လမ်းလျှောက်ခိုင်းတယ်။ ဒီလူက ညောင်ပင်နှစ်ပင် ကြားကို ဖြတ်လျှောက်နိုင်ရင် လာဘ်ကောင်းတယ်လို့  အဆိုရှိသတဲ့ ။

(၁၅) ပေလောက်ကွာတာ ဆိုတော့  သိပ်မခက်လှဘူးလို့ ထင်ရတယ်။ ဒါနဲ့  ပဲအတူတူသွား ကြတဲ့  လေးယောက်သား မျက်စေ့ ပိတ်တဲ့ အစည်းတစ်ခုငှားပြီး စမ်းကြည့် ကြတာပေါ့ ။ ညောင်ပင်နှစ်ပင်ရဲ့  အလယ်တည့် တည့် နဲ့  ပေ ၃၀ - ၄၀ လောက်ကနေ စပြီးလျှောက်ရတာ။ နည်းနည်းလေးလောက် တိမ်းသွားတာနဲ့  သစ်ပင်နှစ်ပင်ကြားကို မဖြတ်နိုင်တော့ ဘူး။ လူတော်တော် များများ ကတော့ အများကြီးကို တိမ်းပါတယ်။ သစ်ပင်ဆီကိုတည့်တည့်  သွားတဲ့ သူနဲ့ သစ်ပင်ဘေးကို လုံးလုံးလမ်းချော်သွားတဲ့  သူနဲ့ ၊ စထွက်တဲ့ နေရာမှာတင် ပါတ်ချာလှည့် နေတဲ့  သူနဲ့ ပျော်စရာကောင်းတယ်။ ကိုယ်စမ်းကြည့် တော့ လည်း ဘယ်ဖက် ကိုစောင်းစောင်းသွားပြီး ဖြတ်မလျှောက် နိုင်ဘူး။


နောက်တစ်ခေါက်ကျတော့ အတူတူလာတဲ့  တစ်ယောက်က နောက်ကနေပြီး နည်းနည်း ညွှန်ပေးလို့  ညောင်ပင်နှစ်ပင်ကြား ကိုဖြတ်သွား နိုင်တယ်။


ကိုယ်စွမ်းကိုယ်စနဲ့  ရတာမဟုတ်တော့ လုပ်ယူထားတဲ့  လာဘ်လို့ ပြောရမှာပေါ့ - ဟဲ ဟဲ။

“ေညာင္ပင္တေစ ၦ ေ၀ေလေလ
နင်ဘာသီးစား ညောင်သီးစား” လို့ ဆိုပြီး ကစားကြတာတဲ့ ကလေးဘ၀ကိုတောင် လွမ်းသား။

မစိမ့်  ခရီးသွားနေသည်

အပိုင်း (၁) - ခရီးသွားငါးယောက်
အပိုင်း (၂) - ဂျိုဂ်ဂျာကာတာ က ပါတိတ်ဆရာ
အပိုင်း (၃) - ဗေါဓေါစေတီ
ဆိုပြီး အပိုင်း သုံးပိုင်းရေးထားပါတယ်။ အချိန်ရရင် ပိုင်း (၁)ကနေ စဖတ်စေချင်ပါတယ်။

လာဖတ်တဲ့ သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။

Tuesday, December 1, 2009

မစိမ့်  ခရီးသွားနေသည် (အပိုင်း ၃) - ဗေါဓေါစေတီ

ဘိုရိုဘောဓေါ (အစ္စလာမ် လောကထဲက ဗုဒ္ဓဘာသာ ဘုရားတစ်ဆူ)




ဘိုရိုဘောဓေါဟာ မြန်မာပြည်က ပုဂံ၊ ကမ္ဘောဒီးယားက အန်ကောဝပ်တို့  နဲ့  ဆင်ဆင်တူ ပါတယ်။ စေတီသေးသေးလေးတွေ အများကြီး ရှိပြီး အဓိက စေတီလို့  ပြောရမယ့်  စေတီက အရံစေတီတွေထက် နည်းနည်းလေးပဲ ပိုကြီးတာ၊ ပုဂံဘုရား များလို အတွင်းမှာ ဗုဒ္ဓရုပ်ပွားတော် ရှိမနေတာ၊ အဆင့် အဆင့် တက်သွားပြီး အပေါ်ဆုံး သုံးလွှာမှာ ရှိတဲ့  စေတီတွေရဲ့  အတွင်းထဲမှာ ဗုဒ္ဓရုပ်ပွားတော်တွေ ရှိနေတာတွေက ဘိုရိုဘောဓေါ ရဲ့  ထူးခြားချက် တွေပါ။







အတွင်းထဲမှာ ဘုရားရုပ်ပွား တော်ထည့် ထားတဲ့  စေတီတော် လေးတွေ လိုဆင်တူကိုပဲ စေတီကို တစ်ဝက်ဖြတ်ထားတာ လေးတွေလည်း ရှိပါတယ်။ ဘာအဓိပ္ပါယ်လဲ လို့ တော့ မရှာဖွေမိဘူး။


အောက်ဆုံး ခြောက်လွှာကတော့  ရင်ပြင်တစ်ခုလုံးကို ပတ်လို့ ရတဲ့  စင်္ကြံပါ။


နံရံပါတ်လည်မှာ ထွင်းထားတာတွေက မြတ်စွာဘုရားရဲ့  အထုပ္ပတ္တိရော အခြားအကြောင်းတွေပါရောနေတော့ ဘယ်အကွက် ကဘာကိုပြောနေတာလည်းဆိုတာ သိပ်မသိဘူး။ မြတ်စွာဘုရား တောထွက်တာ၊ ဆံတော်ပါယ်တာ တွေတော့ တွေ့ တယ်။ Lonely Planet မှာရေးထားတာ ကတော့  ကိလေသာထွေပြားတဲ့ လူ့ လောက ကနေ နဗ္ဗာန် ရောက်တဲ့  အထိအဆင့် ဆင့် လို့ ဆိုပါတယ်။


နိုင်ငံခြားသားများ အပြင် အင်ဒိုနီးရှန်း မိသားစုများ လည်းတော်တော် လာလည်ကြပါတယ်။ နည်းနည်း စိတ်မကောင်း ဖြစ်မိတာကတော့  ဘိုရိုဘောဓေါဟာ ဗုဒ္ဓဘာသာများ အတွက် ရှိခိုးပူဇော်စရာ ဘုရားတစ်ဆူ အဖြစ်နဲ့  ရှင်သန်နေတာ မဟုတ်တော့ ပဲ World Heritage/ Archeological Site တစ်ခုအနေနဲ့  အသက်ဆက်ရှင်နေတာ ဆိုတဲ့  အချက်ပါ။ ၀င်ပေါက်မှာ ရေးထားတဲ့  ဆောင်ရန်၊ ရှောင်ရန်တွေကလည်း အဆောက်အဦး မပျက်စီးစေဖို့  ကာကွယ်တာတွေ ပါပဲ။ ဘယ်ရင်ပြင်မှာမှ ဘုရားဦးချ စရာလည်း နေရာမရှိပါဘူး။ ဘာသာမရွေး လာရောက်လည်ပါတ်၊ နှစ်ပေါင်းရာနဲ့ ချီပြီး အသက်ရှင်နေတဲ့  အဆောက်အဦးကြီး တစ်ခုကို ချီးမွှမ်း၊ စေတီလေးတွေ နံရံပေါ်က ကနုတ်လက်ရာတွေ ကို နောက်ခံထား ပြီး ဓါတ်ပုံ ရိုက်ကြနဲ့ ဘာသာရေး နဲ့  လားလားမှ မပါတ်သက်တော့ ပါဘူး။



ဘိုရိုဘောဓေါမှာ ပထမဆုံး သတိထားမိတာကတော့  အင်ဒိုလူမျိုးများ ရဲ့ နိုင်ငံခြားသားများ နဲ့  ဓါတ်ပုံတွဲရိုက်ချင်တဲ့  အလေ့ အထပါ။ ဂျာမန်နိုင်ငံသားက ဒီခရီးမှာ စသိတာလေ။ သူက ခပ် အေးအေး နေတတ် တော့ မိသားစုလိုက်၊ သူငယ်ချင်း အုပ်စုလိုက် လာပြီး ဓါတ်ပုံရိုက်ခွင့်  တောင်းရင် ခပ်မြန်မြန် အရိုက်ခံပြီး နောက်တစ်နေရာကို ရွှေ့ တော့ တာပဲ။ နောက်တစ်နေရာ ရောက်တော့  နောက်အုပ်စု တစ်ခုက ဓါတ်ပုံ လာရိုက်လိုက်နဲ့  သူဘယ်လိုမှ ရှောင်မလွတ် ပါဘူး။

ဒေါ်စိမ့် ကို တော့  ပထမ ဘယ်သူမှ ဓါတ်ပုံရိုက် ဖို့ လာမပြောပါဘူး။ နေပူလာလို့  နေကာ မျက်မှန် ထုတ်တပ်လိုက် မှပဲ လူအုံလာတော့  တယ်။ ကားပေါ်ပြန် ရောက်လို့ တစ် ယောက်နဲ့ တစ်ရောက် မေးကြပြောကြ တော့  “အေး၊ ပထမတော့  ဓါတ်ပုံ တောင်းမရိုက်ဘူး။ နေကာမျက်မှန်နဲ့  ကြမှ လာကြတော့ တယ်။ သူတို့ ဓါတ်ပုံထဲ ပါချင်တာ နေကာမျက်မှန် ဖြစ်ရမယ်”လို့  ပြောပြီး ရယ်ရသေးတယ်။



တစ်ချို့ ကတော့  ခွင့် တောင်းပြီးရိုက်တာ မဟုတ်ပဲ ခိုးရိုက်ပါတယ်။ ဟော်လန်သူကတော့  ဓါတ်ပုံ ခိုးရိုက်ခံရရင် တော်တော် စိတ်ဆိုးတတ်တယ်။

ဘုရားကျောင်းဝင်း အကျယ်ကြီးတွေထဲမှာ လူတွေအများစု ဈေးဆိုင်တန်း တွေဖက် မရောက်မဖြစ်သွား ဖို့ လမ်းကျောင်းချထားတယ်။ လမ်းညွှန်ဆိုင်းဘုတ်တွေလည်း ထောင်ထားတယ်။


အိမ်သာအ၀င်အ၀က ဆိုင်းဘုတ်ကိုလည်းတွေ့ ရောစိတ်ထဲမှာ ဇဝေဇ၀ါတောင်ဖြစ်သွားတယ်။ ဆန်းသစ်တဲ့ အတွေးလို့ ပြောဖို့ ထက် ဘာသာတရားတစ်ခုလုံးကို အလေးမထား လေခြင်းရယ်လို့  ဆိုင်းဘုတ် ဒီဇိုင်းရေးသူကို အပြစ်ပြောချင်တယ်။ ကိုယ်ကိုးကွယ်တဲ့  ဘာသာမဟုတ်ရင်တောင် မှ ဘာသာတရားတစ်ခုကို အလေးထားဖို့ ဆိုတာ လူ့ ယာဉ်ကျေးမှုရဲ့ အခြေခံ လိုအပ်ချက်ပါ။


ဘိုရိုဘောဓေါ ပြီးတော့ မင်းဒွတ် လို့ ခေါ်တဲ့  ဘုရားကို ရောက်ပါတယ်။ ဒီဘုရားကတော့ ပုဂံက ဘုရားများလို စေတီရဲ့  အတွင်းမှာ ဘုရားဆင်းတုတော် ရှိပါတယ်။ ထူးခြားချက်ကတော့  မြတ်စွာ ဘုရားဆင်းတု တော်က ကုလားထိုင်နဲ့  ထိုင်သလို ခြေတော်ကို ချပြီးထိုင်နေတာပါ။ ကိုယ့် အတွက်တော့ ခြေတော်ချထိုင်တဲ့  ရုပ်ပွားကို ဖူးဘူးတာ ဒါပထမဆုံးပါပဲ။


နောက်တစ်နေရာကတော့  ပရာဘန်နမ် လို့ ခေါ်တဲ့  ဟိန္ဒူဘုရားကျောင်းပါ။


ကျောင်းဆောင်ကောင်းတွေနဲ့  အတူ ပြိုကျပျက်စီးနေတဲ့ အုတ်ကျိုးတွေကိုလည်း တစ်မျှော်တစ်ခေါ်တွေ့ ရပါတယ်။


ဒီဘုရားကျောင်းမှာ တော့ ဘုရားထက် အင်ဒိုရိုးရာ နတ်အကကို ပိုစိတ်ဝင် စားမိပါတယ်။ မြင်းရုပ်တွေနဲ့ ၊ ကြာပွတ်တွေနဲ့  ကနေတဲ့ အခန်းပြီးသွား တော့  ကပွဲကွင်းပြင်ထဲမှာ ဆယ်ကျော်သက်အရွယ် ကောင်လေး ငါးယောက် ဆက်ကနေတယ်။ ပန်းတွေ၊ အသီးတွေ ကို ဘေးကလူကြီးတွေက ပါးစပ်ထဲ ခွန့် ကျွေးနေတယ်။ ဇလုံတစ်လုံးနဲ့  ချပေး ထားတဲ့ ထဲကရေတွေကို ပါးစပ်နဲ့ ငုံ့ ငုံ့ သောက်တာလဲ တွေ့ ရဲ့။ သူတို့ မှာ လည်းနတ် ကိုးကွယ်တဲ့ ဓလေ့  နဲ့ နတ်အကရှိတာကိုး။

ကနေတဲ့ ကလေးတွေက တော်တော်ကို ဈာန်ဝင်တာပဲလို့ ချီးမွမ်းမိနေတာ။ လားလား - အနားကပ်ကြည့် တော့ မှ မူးနေကြတာကိုး။ အင်ဒိုနီးရှားမှာ ကလေးတွေ "က" စားကြတာတော်တော်တွေ့ ရတယ်။ အဲဒီလို ကပြဖျော်ဖြေတဲ့ အလုပ် လုပ်နေကြတဲ့  ဆယ်ကျော်သက် ယောက်ျားလေး၊ မိန်းကလေးတွေ တွေ့ ရင် သူတို့ အနာဂါတ် အတွက် အလိုလိုနေရင်း ရင်လေးနေတော့ တာပါဘဲ။

မစိမ့်  ခရီးသွားနေသည် (အပိုင်း ၂) - ဂျိုဂ်ဂျာကာတာက ပါတိတ်ဆရာ

ဂျကာတာ ဟာ အင်ဒိုနီးရှား ရဲ့  အုပ်ချုပ်ရေးနဲ့  စီးပွားရေးမြို့ တော် ဆို ရင် ဂျိုဂ်ဂျာကာတာ လို့  အသံထွက် တဲ့  Yogyakarta ကတော့  အင်ဒို ရဲ့  ၀ိဥာဉ်ပါလို့  ခရီးသွား စာအုပ် တွေ ထုတ် တဲ့  Lonely Planet ကရေးပါတယ်။ ဂျိုဂ်ဂျာ ရဲ့  ၀ိဥာဉ်တွေထဲ က အထင်ရှားဆုံးက ပါတိတ်၊ ငွေထည်တွေ နဲ့  ရုပ်သေးပေါ့ ။ ဒီနေ့ ညနေ ဂျိုဂ်ဂျာ ကို ရောက်ရောက်ချင်း Lonely Planet ထဲမှာ သတိပေးထား တဲ့ “ပါတိတ်အရောင်းသမား” နဲ့  တွေ့ ပါတော့ တယ်။ ခဏပဲကြာတဲ့  ဒီပါတိတ်ရောင်းပွဲက လူ တစ်စု ရဲ့ အပြုအမူ အတွေးအခေါ်ကို အနည်းနဲ့  အများ ထင်ဟပ် စေတယ် ထင်လို့ ပြည့်  ပြည့် စုံစုံလေး ရေးချင်ပါတယ်။

သူတို့ က ဆင်လုံး လေးတွေ အမျိုးမျိုး လုပ်တတ်ပါသတဲ့ ။ ကိုယ့် ကို ပြောတဲ့ ဇာတ်လမ်းက တော့  ဒီနေ့ က Art Festival ရဲ့ နောက်ဆုံးနေ့ မို့ အထူးလျှော့ ဈေးပါတဲ့။ ပါတိတ် ရောင်းသူ က အနုပညာသမား အဖြစ်သရုပ်ဆောင်ပါတယ်။ (ဒါကတော့  တကယ်လည်း ဖြစ်နေနိုင်ပါ တယ်လေ။) သူ့ ရဲ့ ပြခန်းလေးထဲ ကိုဝင်သွားတာနဲ့ သရုပ်ပြဖို့  ပြင်ဆင်ထားတဲ့  ကားချပ်က လေးကို ကိုင်ပြီး ပါတိတ်အနုပညာ ကို ရှင်းပြပါတယ်။ Batik ဆိုတာ Banya (များစွာ) tik tik (အပျောက်ကလေးတွေ) လို့ အဓိပ္ပါယ် ရပါသတဲ့ ။ ဖယောင်းကို အစက်အစက် ကလေးတွေ ချပြီး ဆေးတင်တာကိုး။

ပထမ အကွက်က ခဲနဲ့  ရေးထားတဲ့ ကောက်ကြောင်းပါ။ ဒုတိယ အကွက်ကတော့  ဆေးမှုန့်  ကိုလက်နဲ့  ဖြူးပြီး ပိတ်စပေါ်မှာ ပွတ်ချင်းအားဖြင့် အရောင်သွင်း ထားတာပါ။ တတိယက တော့ စိတ်ကြိုက် ရပြီးသား အရောင် တွေ ကို ဖယောင်း (Wax) နဲ့ အုပ်လိုက်တာ ကို ပြောပြတာပါ။ ပါတိတ် ဆရာရဲ့  ရှင်းလင်းချက် ကတော့  “လှတဲ့ မိန်းမကို ရပြီးတဲ့ အခါ သူများမမြင် အောင် အိမ်ထဲမှာ ထားသလို” ပါတဲ့ ။ အရောင် တင်ဖို့ ကျန်သေးတဲ့ အပိုင်းတွေ ကိုတော့  လှပ်ထားခဲ့  ပေါ့ နော်။ သူမပြော သော် လည်း အဖျော့ အရောင်တွေ အရင်သွင်း ပြီး ဖယောင်းနဲ့ အုပ်၊ နောက်မှ အမှားအယွင်းခံ တဲ့  အရောင်ရင့် တွေကို သွင်းရပုံရတယ်။ အနက်ကတော့  နောက်ဆုံးမှ တင်ပါတယ်။ ငါးကွက်မြောက်မှာ သူပြချင်တာ က Paraffin ဖယောင်း သွင်းပြီး ပါတိတ် ပညာရဲ့ အရေးပါတဲ့  ပညာတစ်ခု ဖြစ်တဲ့  သွေးကြောလို အကြောမျှင် လေး တွေ ဖန်တီးတဲ့  အကြောင်းပါ။ Paraffin ဖယောင်းက Wax လို အပျော့  မဟုတ်တော့ ၊ ပိတ်စပေါ် ဖယောင်း ချပြီး ပိတ်စရဲ့  နောက်ကနေ လက်နဲ့ တွန်း ပေးရင် ကွဲကြောင်း လေးတွေ ပေါ်လာပါတယ်။ Paraffin အုပ်ပြီးသား ပေါ်ကို ဆေးလောင်းရင် ဆေးက အက်ကြောင်းတွေ ထဲဝင်ပြီး သွေးကြောလို အမျှင်လေးတွေ ရပါတယ်။ ပါတိတ်ပညာ ဟာအတော်ကို စိတ်ဝင်စားစရာ အနုပညာတစ်ခုပါ။


ပါတိတ် ဆရာဟာ အပြောတော်တော် ကောင်းပါတယ်။ သူက Art Style တစ်ခုကို သူ့  လက်ရာလို့  ပြောပါတယ်။ ပါတိတ်ပညာ ဟာ ဘယ်လောက် လက်ဝင်ကြောင်း နဲ့  ပါတိတ် ပန်းချီတစ်ကားကို ပြပြီး ဒါဆွဲတာ ၃ရက်ကြာတယ်လို့  ပြောပါ သေးတယ်။ သူပြောတာတွေ သေသေချာချာနားထောင် ပြီး ပန်းချီကားတွေကလည်း လှတော့ တစ်ပုံစီ ဓါတ်ပုံ လိုက်ရိုက်ပါတယ်။ သူကလည်း စိတ်ရှည်ရှည်နဲ့  စောင့်တာပဲ။






ကဲ ပါတိတ်ဆရာ ရဲ့  ဈေးရောင်းပညာ အခန်းရောက်ပါပြီ။ ဘယ်လက်ရာကို အကြိုက်ဆုံးလဲ ဆိုတဲ့  မေးခွန်းနဲ့  စပါတယ်။ ဈေးကြီးကြီးတွေ စတောင်း၊ ပြီးတော့ ဖြည်းဖြည်းချင်း လျှော့လာ၊ ကိုယ်ကလဲ နင့်ပညာကိုတော့ လေးစားပါတယ်၊ ငါကကျောင်းသား ဆိုတော့ မတတ်နိုင်ပါဘူး လို့ တွင်တွင်ပြော။ ကျေးဇူးတင်ပါတယ်ကို အခါတစ်ရာနီးပါး ပြောပြီးတော့ ဂယ်လာရီထဲကနေ မနည်းထွက်ခဲ့ ရပါတယ်။

အင်ဒိုနီးရှားလူမျိုးများဟာ အနုပညာနဲ့  တော်တော်ကို အကျွမ်းတ၀င် ရှိပါတယ်။ သာမာန်အရပ်သူ အရပ်သားတွေက လည်း အနုပညာကို စိတ်ဝင်စားကြပုံ ပေါ်တယ်။ နေ့  တိုင်း အဆိုအတီးသမားတွေမတွေ့ တဲ့ နေ့ ဆိုတာ မရှိပါဘူး။ ထမင်းဆိုင်တွေမှာ တစ်ကိုယ် တော် ဖျော်ဖြေတဲ့  သူတွေ၊ လမ်းဘေးမှာ တီး၊ဆိုနေကြတဲ့  တီးဝိုင်းအသေးစားလေးတွေ၊ ရုပ်စွအဆုံး မီးပွိုင့် မှာတောင် ဂစ်တာတီးပြီး ပိုက်ဆံတောင်းတဲ့ သူတွေရှတယ်။ အင်ဒိုနီးရှား ပန်းချီတွေက လည်း ကမ္ဘာ့ဈေးကွက်မှာ တော်တော်နေရာရတယ်လို့  ကြားဘူးပါတယ်။

အင်ဒိုများစကားပြောရင် feeling တွေ emotion တွေ တော်တော် ပါပါတယ်။ ဈေးမရောင်းခင် ကတော့  နင့် မျက်နှာက ပျော်ရွှင်ချမ်းမြေ့ မှု အပြည့် အ၀ ရှိတယ်တို့ ၊ နင်ကိုငါကမြင်မြင် ခင်တာတို့  ဘာတို့ နဲ့ ပြောတတ်ပြီး သူရောင်းနေတာ အောင်မြင်မဲ့ ပုံမပေါက်ရင် နင့် မျက်နှာ ကိုကြည့် ရတာ နင်ဟာတစ်ခုခုကို ချန်ထားတယ်တို့ ၊ နင့် ပျော်ရွှင်မှုတွေ မရှိတော့ ဘူးတို့ နဲ့  လူကို ဖိအားပေးတတ်သေးတယ်။ Forced Sales ပေါ့ ၊။ ရောင်းဖို့ ကြိုးစားတဲ့ သူ နဲ့  အရောင်း ခံရတဲ့ သူ စိတ်ဓါတ်အားပြိုင်ပွဲ အသေးစားလေး ဆိုပါတော့။ ဒါလေးကတော့  သတိထား စရာပါ။ သိပ် ညွှန်းလွန်း ရင် စိတ်ပါချင်လာသလို၊ Psycho သုံးပြီး အနုနည်း နဲ့ စိတ်ဓါတ် စစ်ဆင် ရေး လုပ်ရင်လည်း သူ့  စက်ကွင်းကနေ လွတ်ရင်ပြီးရော ဆိုပြီး ၀ယ်လိုက်မိတတ် တယ်။ ဒီလို ရောင်းသူတွေ ဆီက ၀ယ်မိလို့ ကတော့ အဆမတန် (၅ ဆ ကနေ ၁၀ ဆလောက်) ပိုပေးလိုက်ရပြီဆိုတာ အသေအချာပါဘဲ။ ဒီလို Gallery တွေစီးပွားရေး အရရှင်သန်နေတာ ကို ကြည့် ခြင်းအားဖြင့်  တစ်နေ့ တစ်နေ့  အလိမ်ခံနေရတဲ့  သူတွေ တော်တော်များ ပုံပဲလို့ တွေး မိပါရဲ့ ။

“အနုပညာကို လေ့  လာပါ၊ စိတ်ကြိုက်တွေ့ ရင် အားပေးပါ” ဆိုတဲ့  ရောင်းပုံ ရောင်းနည်း ကတော့  အကောင်း ဆုံး ပေါ့ ။ Forced Sales တွေက တစ်ခါတစ်လေ တော်တော် စိတ်ညစ်ရတယ်။ ဘာပဲပြောပြော ဒီနေ့ အ သစ် အဆန်းလေးတွေသိရတာ၊ ပါတိတ်ဆရာရဲ့ စိတ်နဲ့ တိုက် တဲ့ တိုက်ပွဲ မှာ မကျရှုံးတာလေးတွေနဲ့  ကြေနပ်နေ ပါ တယ်။

မစိမ့်  ခရီးသွားနေသည် (အပိုင်း ၁) - ခရီးသွားငါးယောက်

လွင်မိုး ရဲ့  တီဗွီအစီအစဉ် ကို သဘောကျလို့  တည့် တည့် ပဲ ကူးချလိုက်တယ်။

ဒီနေ့ စတဲ့ အင်ဒိုနီးရှား ခရီးကတော့  အစအဆုံး တစ်ယောက်ထဲ ထွက်ဖူးတဲ့ ခရီးပေါ့ ။ အင်ဒိုနီးရှား အပြည်ပြည်ဆိုင်ရာ လေဆိပ်နဲ့  ကိုယ်နဲ့ ကလည်းတော်တော် အကျိုးပေး ပုံပေါ်တယ်။ မနှစ်က ဘာလီကို အလုပ်ကိစ္စနဲ့ လာရတော့ လည်း လေယာဉ်ချိန် နောက်ကျလို့  Soekarno Hatta လေဆိပ်မှာ ၅နာရီလောက် ထိုင်ရတယ်။ ဒီတစ်ခေါက်ကျတော့ လည်း ဂျကာတာ- ဂျိုဂ်ဂျကာတာ ပြည်တွင်း ခရီးကို အင်တာနက်က ၀ယ် ရင် Air Asia က စင်္ကာပူဒေါ်လာ ၅၀ လောက်ပေးရပြီး ခေါက်ရေ ပိုများတဲ့  အင်ဒို လေကြောင်း Garuda က စင်းဒေါ်လာ ၁၇၇ ဖြစ်နေတာနဲ့  Air Asia ကို စောင့်ရင်း လေဆိပ်မှာ ၅နာရီကြာ ထိုင်ရပြန် တယ်။ ထိုင်နေ တော့ လည်းဒီစာ ကိုရေးဖြစ် သွားတာပေါ့ လေ။

လေယာဉ်ဆင်းပြီဆိုတာနဲ့ ပထမဆုံး သတိထားမိတာ ကတော့  အခြားလေဆိပ်တွေနဲ့  မတူတဲ့  လေဆိပ်အဆောက်အဦးပါ။ လေဆိပ်တစ်ခုလုံး ခပ်နိမ့် နိမ့် အဆောက်အဦး လေးတွေကို ဆက်သွယ်ထားတဲ့ ပုံစံပါ။ အပြည်ပြည်ဆိုင်ရာ လေဆိပ်တစ်ခုထက် ဘန်ဂလို တွေကို ဆက်ထားတာနဲ့ ပိုတူတယ်။ လေယာဉ်ရပ်ရာ Channel တစ်ခုဟာ ဘန်ဂလို တစ်ခု ပေါ့ ။ အင်ဒိုနီးရှား အငွေ့အသက်အပြည့် အ၀ရှိတဲ့  ဒီဇိုင်းကို ဆောက်ထားပုံရတယ်။ အများပြည်သူသုံး ဖုန်းစင်လေးတွေကအစ အင်ဒိုနီးရှား ရိုးရာအရုပ် တွေနဲ့ ။





အပြည်ပြည်ဆိုင်ရာ လေယာဉ်တွေရပ်တဲ့  terminal 2 ကနေ ပြည်တွင်းလေယာဉ်တွေ ရပ်တဲ့  terminal 3 ကိုသွားတော့ မှ ခေါတ်ပေါ်ဒီဇိုင်း နဲ့  အဆောက်အဦးအသစ်ကို တွေ့ ရတယ်။ တစ်နာရီလောက် စီးရတဲ့  ခရီး ဆိုတော့  မြန်မာပြည်မှာ သာဆိုရင် ရန်ကုန်-မန္တလေး ၊ ရန်ကုန်-ဟဲဟိုး၊ ရန်ကုန်-ပုဂံ ခရီးစဉ်တွေ လောက်ဖြစ်မယ် ထင်တယ်။ ၂၀၀၆-၂၀၀၇ တုန်းကတော့ ရန်ကုန်-တံတားဦး ကို လေယာဉ်စီး ဘူးတယ်။ အခုဆို ရန်ကုန် - မြစ်ကြီးနား ကိုဘယ်လောက်ပေးရမလဲ မသိ။ ကိုယ်တို့ ဆီမှာလည်း တစ်နာရီ ခရီးလောက်ကို ၄သောင်း လောက်နဲ့  ရရင် လူတွေခရီးပိုသွား ကြမလားမသိဘူးနော်။ ဂျိုဂ်ဂျကာတာမြို့ ရဲ့  လေဆိပ်ကတော့ မန္တလေးဘူတာကြီး ကျနေတာပဲ။ လေယာဉ်အစီးပေါင်းများစွာ တက်လိုက် ဆင်းလိုက်နဲ့ ။ လူတွေကလည်း လေယာဉ်စီးရတာကို ရထား၊ကားတွေ နဲ့ ခရီးသွားသလောက်ကိုယဉ်ပါးနေ ပြီ။

ကိုယ်တို့ ဆီမှာ ဒီလောက်ခရီးသွားတဲ့ သူမများလို့ လေယာဉ် ခေါက်ရေ သိပ်မများတာလား။ မဟုတ်သေးဘူး ထင်တယ်နော်။ ၀ယ်သူရှိမှ ရောင်းသူပေါ်တာထက် ရောင်းသူတွေ ကဈေး ကွက်ကို ဖေါက်ယူတာတွေလည်း ရှိတာပဲဟာ။ ကိုယ့် မျက်စေ့ ရှေ့ မှာတင် ဈေးကွက်ဖေါက် တဲ့ သူတွေကို ပြောပါဆို ရင်တော့ Tiger Beer နဲ့  London Cigarette ကိုပြောရမယ် ထင်တယ်။ ဒီလို အားပေးချင်စရာ သိပ်မကောင်းတဲ့ ရောင်းကုန်တွေ က ၀ယ်လိုအားကောင်း တတ်တော့  ဈေးကွက်အသစ်တစ်ခုကို ဖန်တီးရတာ လွယ်တယ်ထင်ပါရဲ့ ။ ပြည်တွင်းမှာ လူအများအတွက် ကောင်းသော ဈေးကွက်တွေလည်း များများနဲ့ မြန်မြန် ပေါ်လာပါစေလို့  ဆုတောင်းပါတယ်။

ငယ်ငယ်တုန်းက “well read and well traveled” ဆိုတဲ့  စကားစုကို အရမ်း သဘောကျခဲ့ တာ။ ဝေးဝေးသွားမှ မဟုတ်ပါဘူး။ ကိုယ့် ပြည်တွင်းမှာ တစ်နံတစ်လျှား သွားစရာတွေ အများ ကြီးပါ။ ဒါနဲ့ ပဲ ခရီးသွားတော့ ဘာအကျိုးအမြတ် ရှိလို့ လည်း လို့  ဆက်တွေးမိတယ်။ ငယ်ငယ်က တော့ ခရီးသွား ရင် ဒေသန္တရ ဗဟုသုတ ကြွယ်ဝတယ် လို့ တွေးတာပေါ့ ။ အခုတော့  နည်းနည်း လက်တွေ့ ပိုဆန်လာပြီး လက်တွေ့ ဘ၀ထဲ မှာ အသုံးချလို့ မှ မရရင် ဗဟုသုတ ရှိတော့  ရော ဘာထူးမှာလည်း လို့ မေးတတ်လာပြီး ခရီးသွားခြင်းရဲ့  လက်တွေ့  အကျိုး ကို ဆန်းစစ်ကြည့် ချင်လာတယ်။

ခရီးသွား တဲ့  အခါ ရုပ်အသွင်အပြင် မတူတဲ့  လူတွေ၊ အလေ့ စရိုက်မတူတဲ့ သူတွေနဲ့  တွေ့ ရ တယ်။ ကိုယ်အမြဲတမ်း မြင်နေကြ မဟုတ်တဲ့ လူတွေ၊ မတူကွဲပြားတဲ့ လူတွေကို နားလည်တတ် လာတယ်။ လူ့ စရိုက် လူ့ သဘော က်ု ပိုပြီးနားလည် ခွင့် ရတယ်။ သူတို့ ရဲ့  လူနေမှုဘ၀ တွေကို လည်း ထိ တွေ့ ခွင့် ရတယ်။ မတူကွဲပြား တဲ့  Culture တွေကို နားလည်လာမယ်။ သမိုင်းနဲ့ Culture ကို ဆက်စပ်ကြည့်  ရင်တော့  အစိတ်အပိုင်းတွေ ကို ဆက်ပြီး ကစားတဲ့  Jigsaw puzzle ကစားသလိုပဲ။ ထိုင်းမှာ လည်း ရာမယန ဇာတ်တော် ရှိတယ်။ အင်ဒိုနီးရှား တွေလည်း ရာမဇာတ် ကတာပဲ။ ဘယ်သူက ဘယ်သူ့ ဆီက ကူးယူတာလဲ။ နာနတ်သီး ကို မလေးလို Nanas လို့ ခေါ်တယ်။ ကိုယ်တို့ ဗမာပြည်ကို မလေးရှားကနေ တစ်နည်းနည်းနဲ့  သွင်းလာခဲ့  လို့ အသီးကော၊ နာမည်ပါ မွေးစား ပြီး နာနတ်သီးရယ်လို့  ဖြစ်နေတာလား။ တွေး စရာလေးတွေပါ။

ဒီအင်ဒိုနီးရှား ခရီးမှာ တော့  အနောက်နိုင်ငံများက လာကြတဲ့  ခရီးသွား တွေနဲ့  နေ့  ချင်းပြန် ခရီးစဉ်လေးတွေမှာရော၊ မြို့ ထဲမှာ လျှောက်သွား ကြတဲ့ အခါမှာပါ ဒီလူတွေပဲ ခဏခဏပြန်ဆုံ ကြတာမို့  စကားတွေ အများကြီး ပြောဖြစ်၊ အတွေ့ အကြုံတွေ ဖလှယ်ဖြစ်ပါတယ်။ ကိုယ့်  အတွေးထဲ မှာ ခရီးသွား ခြင်းရဲ့  ကောင်းကျိုး ဆိုးကျိုးတွေကို လေ့ လာချင်စိတ် ရှိနေတာ၊ ကိုယ်က အာရှသားဖြစ်နေတာတွေ ကြောင့် သူတို့ တွေ ဘာကြောင့် ခရီးသွား ကြတာလဲ၊ ဘာလို့  အာရှကို လာကြတာလဲ ဆိုတဲ့ မေးခွန်းတွေ ကို မေးဖြစ်တယ်။ သူတို့ ပြောတဲ့ သူတို့  အကြောင်းလေးတွေကတော့  ဒီလိုပါ။

(၁) တစ်ကိုယ်တော် ခရီးသွား နံပါတ်တစ်
ဂျာမနီနိုင်ငံသား။ အလုပ်ကနေ ၃ပါတ်ခွင့် ယူပြီး ခရီးထွက်လာတာ။ လူတွေ ၊ Culture တွေအကြောင်းကို သိချင်လို့ ခရီးထွက်တာ။ သဘာဝအလှအပတွေ ကိုလည်း ကိုယ်တိုင်မြင် ဘူး၊ ခံစားချင်ဘူးတယ်။ ဖြစ်နိုင်ရင် အာရှ (အထူးသဖြင့်  စင်္ကာပူ) မှာ ၂နှစ် ၃နှစ် လောက် အလုပ်လုပ်ဖူးချင်တယ်။

(၂) တစ်ကိုယ်တော် ခရီးသွား နံပါတ်နှစ်
ဟော်လန်နိုင်ငံသူ။ ကျောင်းအတွက် လက်တွေ့ ၆လဆင်းဖို့ လိုတော့  အာရှမှာ အလုပ်လုပ် ဖူး ချင်လို့  ဟောင်ကောင်က ကုမ္ပဏီ တစ်ခုမှာ လက်တွေ့ ဆင်း အပြီး အိမ်မပြန်ခင် အင်ဒိုနီးရှား ကို ခရီးထွက်လာတာပါ။

(၃) တစ်ကိုယ်တော် ခရီးသွား နံပါတ်သုံး
အင်္ဂလန်နိုင်ငံသား။ တက္ကသိုလ် တက်ရမယ့် အချိန်ရောက်လာလို့  အဆင်ပြေမယ် ထင်တဲ့  ဘာသာရပ် တစ်ခုယူပြီး တက်လိုက်တယ်။ ပထမနှစ်အပြီးမှာ ကျောင်းကိုရပ်ပြီး အပြင်လောက မှာ ဘာတွေရှိသလဲ၊ ကိုယ့် ရဲ့ စိတ်ဝင်စားမှု အစစ်အမှန်ကဘာလဲ ဆိုတာတွေသိချင်လို့ ၆ လ ခရီး သွား ပါသတဲ့ ။ ခရီးစဉ် တစ်လျှောက်မှာ သူချစ်တဲ့ သဘာဝအလှအပတွေ ကို ထိတွေ့  ရပြီး ဒီအလှအပ တွေမပျက်သုဉ်းရလေ အောင် ပါတ်ဝန်းကျင် ကို ထိန်းသိမ်းစောင့် ရှောက်ချင် လာတဲ့ အတွက် အိမ်ပြန်ရောက် ရင် ပါတ်ဝန်း ထိမ်းသိမ်းရေး ဘာသာရပ်တွေ လေ့ လာလိုက် စားပြီး Environmental Policy တွေနဲ့  ပါတ်သက်တဲ့ အလုပ်မျိုးကို လုပ်မယ်လို့ ဆုံးဖြတ် လိုက်ပါသတဲ့ ။ ရှေ့ အပါတ်ထဲမှာ အိမ်ပြန်တော့ မှာမို့  ခရစ်စ်မတ်စ် ကို ကြိုတွေးပြီး ပျော်နေပါ တယ်။

(၄) တစ်ကိုယ်တော် ခရီးသွား နံပါတ်လေး
ဥရောပနိုင်ငံ တစ်ခုကပါ။ အလုပ်မလုပ်ချင်လို့  ရှိတဲ့ ပိုက်ဆံလေးနဲ့  ရသလောက်ရောက်ရာ ပေါက်ရာသွားမယ်ဆိုပြီးထွက်လာတာ။ တောင်အမေရိကတို့  တောင်အာဖရိကတို့ မှာ လည်း ခရီးသွား ရတာအာရှထက် နည်းနည်းပဲပိုကုန်တာပါ။ ဈေးပေါ့လို့ ရယ်လို့  တော့ မဟုတ်ပါဘူး၊ ဒီလိုပဲ အာရှသွား ချင်စိတ်ကလေးနည်းနည်း ရှိလို့  ရောက်လာတာ။ သူ့ ဘိုးဘွားထဲက တစ်ယောက်က အင်ဒိုနီးရှန်းသွေးပါတော့ အင်ဒို ကိုတော့ ရောက်မှဖြစ်မယ်လို့ တွေးပါသတဲ့ ။ ပိုက်ဆံကုန်သွားရင် Australia သွားပြီး အလုပ်လုပ်ရင် လုပ်မယ်။ အိမ်ပြန်ချင်လည်း ပြန်မယ်။

ကိုယ့် အကြောင်းကတော့ 
(၅) တစ်ကိုယ်တော် ခရီးသွား နံပါတ်ငါး
မြန်မာပြည်သူ။ လက်ရှိ စင်္ကာပူမှာ အလုပ်လုပ်နေတယ်။ ကုမ္ပဏ်ီက ဘိုဂိုမြို့ မှာ Seminar တက်ခိုင်းလို့  အင်ဒိုနီးရှား ကိုလာရင်း ခွင့်  နည်းနည်း ယူပြီး ခရီးတိုလေး ထွက်နေတဲ့ သူ။

ကိုယ့် ခရီးစဉ်နဲ့ ကိုယ် နေတဲ့ ဟိုတယ်ကနေ ထွက်လာပြီဆို တစ်ယောက်မဟုတ် တစ်ယောက် တော့ တွေ့ တာပဲ။ ဒီတော့ ဒီနေ့ အဖို့ သွားချင်တဲ့ ခရီးစဉ်ချင်း တူနေရင် အတူတူသွားလိုက် တာပေါ့ ။ ဘယ်လမ်းကသွားရင် မြန်မလဲ ဆိုတာမျိုး ကိုတိုင်ပင်ရင်း၊ သွားရင်း လာရင်း သူအမြင်ကိုယ့်  အမြင်တွေ ဖလှယ်ကြရင်း နဲ့  လူတွေရဲ့  အတွေးအမြင်၊ အနောက်ကလူတွေ ရဲ့  တွေးခေါ်ပုံတွေ ကိုသိခွင့် ရခဲ့  ပါတယ်။

သေချာတာ ကတော့  လူတစ်ဦးနဲ့  တစ်ဦး မတူကွဲ ပြားနေတာ၊ လူ့ အ၀န်း အ၀ိုင်းတစ်ခု နဲ့  တစ်ခု မတူခြားနား တာကို ပိုသိလာတဲ့ အခါ လူတွေကို လက်ခံ ဖို့  ၊ လူတွေနဲ့  လက်တွဲပြီး အလုပ်လုပ်ဖို့ပိုလွယ်လာပါတယ်။ Diversity ဆိုတဲ့  မတူတဲ့  သူတွေ စုဝေးနေတဲ့  အထဲ က တစ်ဦးချင်း ရဲ့  တော်တဲ့ ကောင်းတဲ့  အချက်တွေကို ထုတ်ယူပြီး လူ့  ဘောင် ကောင်းကျိုးတွေ ပိုလုပ်နိုင်တယ်လို့ ထင်ပါတယ်။ လူများများ ကိုတွေ့ ဖူး နားလည်ဖူး တဲ့ အခါ အနည်းဆုံး “ကျား ကျား မီးယပ်” ဆိုတဲ့  တစ်ဇွတ်ထိုး စိတ်တွေ လျော့ နည်းဖို့ လောက် တော့  အသုံးဝင် ပါတယ်လို့  တွေးမိပြီး ခရီးတွေ ဆက်သွား ဖို့  ကြုံရင် ကြုံသလို အားထုတ် ကြိုးစား မိနေ ဦးမှာပါ။

Wednesday, November 18, 2009

အကျကောင်းအောင် .....

အကြီးမဆီကရတဲ့  အကြံလေးနဲ့  အကျကောင်းအောင်ဘယ်လို ပြင်ဆင်ကြမလဲဆိုတာ စိတ်ထဲရှိတာလေးတွေ ရေးကြည့် မယ်နော်။ ပထမဆုံး "အကျ" ဆိုတာကို တိတိကျကျ ပြောကြည့် ရရင် သဘာဝအရ ရှောင်လို့ မရတဲ့  အကျနဲ့  ကိုယ့် အပြုအမူ စိတ်နေစိတ်ထား တွေကြောင့်  ကိုယ့် ဒုက္ခကိုယ်ရှာသလို ဖြစ်ပြီးကျတဲ့ အကျ ကိုတော့ ခွဲမြင်ရလိမ့် မယ်။ သဘာဝအရကျတဲ့ အကျက ကျန်းမာ ရေးယိုယွင်းတာမျိုး၊ သဘာဝဘေးအန္တရာယ်တွေကြောင့် ပစ္စည်းဥစ္စာ ဆုံးရှူံးရတာမျိုးပေါ့ ။ ဒါတွေကတော့ ဘယ်သူမဆို ရှောင်လို့  မရဘူး။ အောက်ခြေလွတ်လို့  ၊ ကိုယ်အနေမတတ်လို့ ကျတဲ့ အကျတွေ ကတော့ ရှောင်ကြဉ်လို့ ရတဲ့  အကျတွေပေါ့ ။ ဒီစာတို လေးထဲမှာ တော့  ရှောင်လို့ ရတဲ့ အကြောင်းတွေပဲ အရင်ရေးချင်ပါတယ်။

အကျမနာ ဖို့ အဓိကအလိုအပ်ဆုံးက အောက်ခြေမလွတ်ဖို့ ဖြစ်မယ်ထင်တယ်။ ငယ်ငယ်တုန်းက သင်ရတဲ့  ဇီးသီးသည်မဗျိုင်းကိုမှတ်မိ တယ်မဟုတ်လား။ ကိုယ်အမြင်မှာတော့ မဗျိုင်းသာ ကျခဲ့ ရင် အကျတော်တော်နာမယ်လို့ ထင်တာပဲ။ ကိုယ့် ရဲ့ ဇာတိ ဇစ်မြစ်ကို မမေ့ဖို့  အောက်ခြေမလွတ်ဖို့ တို့ က မိသားစုနဲ့ ခွဲပြီး နိုင်ငံရပ်ခြားမှာ နေပြီး အလုပ်တွေပင်ပင်ပန်းပန်း လုပ်နေရတဲ့ ဘ၀မှာ မိဘနဲ့ ကိုယ့် ပြည် ကိုယ့် ရွာမှာနေစဉ်ကထက် ပိုခက်မယ်ထင်တယ်။ အရင်ကထက်နည်းနည်းပိုရှာနိုင်လာတယ်။ ကိုယ်လုပ်ချင်တာလေးတွေ ဖြစ်ချင်တာလေးတွေကလည်း အကောင်အထည်ပေါ်လာပြီ ဆိုတော့ အောက်ခြေလွတ်ချင်တဲ့  အတွေးလေးတွေစိတ်ထဲမှာ စရှိချင်လည်းရှိလာနိုင်တယ်လေ။

ဘေးပါတ်ဝန်းကျင်မှာ ရှိတဲ့ သုံးချင် ဖြုန်းချင် စရာတွေကလည်း ပေါများတယ်။ အရင်ကသုံးနေကျတွေထက် ပိုကောင်းတာတွေကိုလည်း သုံးတတ်လာပြီ။ အဲဒီအခါ ပါတ်ဝန်းကျင်အသစ်မှာ ကိုယ့်လောက် အကြောင်းမသင့် သေးလို့ အလုပ်ခွင်မှာ လက်စွမ်းမပြနိုင်သေးတဲ့ သူတွေ၊ ကိုယ့် လောက်မသုံး စွဲနိုင်သေးတဲ့ သူတွေ နဲ့ ထိတွေ့ ဆက်ဆံရတဲ့  အခါ အထင်သေးအမြင်သေး ပြောဆို ဆက်ဆံမိတဲ့ အခါ မျိုးတွေရှိတတ်တယ်။ သူငယ်ချင်း အချင်းချင်းတောင်မှ ခွဲခွဲခြားခြား ဆက်ဆံတတ်တာ မျိုးတွေ ဖြစ်တတ်တယ်။ အထူးသဖြင့် တော့  လမ်းသွားရင်း ကိုယ့် လူမျိုးတစ်ချို့ အနေအထိုင်အချိုးမကျတာ တွေ့ ရင် သူတို့ ကို နှိမ့် ချပြောဆိုလို စိတ်တွေဖြစ်တတ်တယ်။ စိတ်ထဲမှာ ဖြစ်ရုံလောက်နဲ့ ကတော့  ဘယ်သူ့ မှ မထိခိုက်ပါဘူး။ သူတို့ တွေနဲ့ ရောရောနှောနှော မလုပ်ချင်ရင်လည်း ဘာမှမဖြစ်သေးဘူး။ မဲ့ ကာရွဲ့  ကာနဲ့ (သူငယ်ချင်းနဲ့ ပဲဖြစ်ဖြစ်) အတင်းပြောတာမျိုးလောက်ထိ မဖြစ်ဖို့ တော့ လိုမယ်ထင်တယ်။

နှစ်တော်တော်ကြာကြာ တိုင်းတပါးမှာနေဘူးလာတဲ့ အခါ ကိုယ့် နိုင်ငံဘယ်လောက်တောင်မှ နောက်မှာကျန်ခဲ့ ပြီလည်း ဆိုတာကို ပိုပြီးသိ သိသာသာ မြင်တတ်လာပါပြီ။ ကိုယ်နေတဲ့ တိုင်းပြည်ရဲ့ အုပ်ချုပ်မှု ယန္တရားတွေ ကိုနားလည်တတ်လာပြီ။ သူတို့ နိုင်ငံမှာ ဘယ်လောက် ထိထိရောက် ရောက်မြန်မြန်ဆန်ဆန် လုပ်ပေးနိုင်သလဲဆိုတာတွေကိုလည်း သိလာပြီ။ ကိုယ့် ရဲ့ အခွင့် အရေးဆိုတာကိုလည်း တောင်း တတ်လာပြီ။ တစ်နှစ်တစ်ခေါက်လောက် အိမ်ပြန်တဲ့အခါ ကိုယ့် စိတ်ကြိုက်လုပ်လို့ မရတာတွေကို လည်းကြုံတွေ့ ရတတ်တယ် ဆိုတော့ အလကားနေရင်း ကိုယ့် ဇာတိရပ်ရွာကို အထင်သေးအမြင်သေးစိတ်တွေ ကလည်း အကြောင်းသေးသေးလေး တိုက်ဆိုင်တာနဲ့  ခရားရေ လွှတ် ပြောတော့ တာမျိုး မဖြစ်ဖို့ လည်း နည်းနည်းထိမ်းသိမ်းဖို့ လိုမယ်ထင်ပါတယ်။

နောက်တစ်မျိုးက ကိုယ့် ရပ်ကိုယ့် ရွာပြန်တဲ့ အခါ ရပ်ကွက်ထဲက လမ်းဘေးဈေးသည်ရော ၊ ဆိုက္ကားသမားပါမကျန် စကားလမ်းကြောင်း တိုက်ဆိုင်ဆိုင် မဆိုင်ဆိုင် "ဟိုမှာဆိုရင် ... " နဲ့ အစချီပြီး ကိုယ်အလုပ်လုပ်နေ ၊ ခေတ္တနေတဲ့ တိုင်းပြည်ကို နတ်ဘုံ နတ်နန်းတမျှ အမွှန်း တင်ပြောဆိုတာမျိုးဟာလည်း "အောက်ခြေလွတ်ခြင်းရောဂါ" ရဲ့လက္ခဏာတွေထဲက တစ်ပါးပါဘဲ။

ဒီလိုပြောလို့ ကိုယ့် ဟာကိုယ် အောက်ခြေလွတ်တာ သူများမှမထိခိုက်တာလို့ ပြောမယ်ဆိုလည်း ပြောလို့ ရပါတယ်။ သူများကို မထိခိုက် သော်လည်း ကိုယ့် ကိုကိုယ် တော့ တော်တော်ကြီးကို ထိခိုက်ပါတယ်။ ကိုယ့် ဇစ်မြစ်ကို ဖွင့် မပြလိုတာ၊ မွေးဖွားရာ ဇာတိကို၊ ဖြစ်နိုင်ရင် လူသိမခံချင်တာ၊ ငါကသူတို့ နဲ့ တစ်နိုင်ငံထဲကလာပေမယ့်  သူတို့ လိုမဟုတ်ဘူးဆိုတာ ကို တည့် တည့် တစ်မျိုး၊ သွယ်ဝိုက်ပြီး တစ်ဖုံ ထုတ်ဖေါ်ပြောဆိုတတ်တာ တွေဟာ Identity Crisis လို့ ခေါ်တဲ့  ကိုယ့် ရဲ့  အတွင်းစိတ်ထဲမှာ ပဋိပက္ခဖြစ်ခြင်းရဲ့ လက္ခဏာတွေပါ။

အတွင်းစိတ် ထဲမှာ ပဋိပက္ခဖြစ်တဲ့အခါ ကိုယ့် ဓလေ့ ထုံးတမ်းစဉ်လာတွေကို ပယ်ဖို့ ကြိုးစားလာတတ် ပါတယ်။ ကိုယ့် စိတ်ထဲက ကြိတ်ပြီးအားကျနေတဲ့ သူတွေနဲ့ မတူတူအောင်ကြိုးစားပြီး နေပါတယ်။ ငါက တစ်မြေတည်းက လာပေမယ့်  သူတို့ တွေနဲ့  တူတာမဟုတ်ဘူး ဆိုတာကို လူမသိသိအောင် ပြပါတယ်။ ဒီလို အခြေနေမျိုးမှာ (ကိုယ့် အမြင်မှာ တော့ ) စိတ်ရဲ့ လွပ်လပ်ခြင်းဆုံးရှုံးပါတယ်။ ကိုယ်အားကျတဲ့ သူတွေ လုပ်သမျှ လိုက် လုပ်နိုင်အောင် ကြိုးစားရင်းနဲ့  အထက်မရောက် အောက်မကျဖြစ်တတ်ပါတယ်။ ဒီလို နဲ့ ဒေါင်းယောင်ဆောင် သောကျီးဘ၀ရောက်ရင် မခက်ပါလား။ လူဆိုတာ Social Animal လို့ ပြောတယ်မဟုတ်လား။ လူ့ အ၀န်းအ၀ိုင်းနဲ့ ဝင်မဆန့် တဲ့ အခါ စိတ်ညှိုးငယ်ပင်ပန်း ရတတ် တယ်။ အခက်အခဲနဲ့ တွေ့ ရင် လွယ်လွယ်နဲ့  စိတ်ဓါတ်ကျတတ်တယ်။ တူညီတဲ့  အခက်အခဲ တစ်ခုကို အတူတူ ကျော်ဖြတ်ဖို့ ကြိုး စားကြ ရင် စိတ်ဓါတ်ခိုင်မာသော၊ ကိုယ့် ဘ၀ကို အမှန်အတိုင်း မြင်သော သူတွေက အောင်မြင်ဖို့ ပိုများတယ်။

ဒီတော့  အကျမနာဖို့ ၊ အကျသက်သာဖို့ ဆိုရင် အောက်ခြေမလွတ် အောင်နေရမယ်လို့ ထင်တာပါပဲ။ ဒါကကိုယ့် ရဲ့ အမြင်ပါ။ လွတ်လပ် စွာ သဘောထားကွဲလွဲလို့ ရပါတယ်။

Sunday, November 15, 2009

လှေခါးတက်ခြင်း အနုပညာ

Bukit Timah တောင်ကို ပထမဆုံးရောက်ဖူးတာကတော့  သူငယ်ချင်းတွေတစ်အုပ်ကြီးနဲ့ ပေါ့ ။ စားစရာသောက်စရာတွေနဲ့  ကျကျနန ကိုသွားတာ။ တောင်ထိပ်ထိတက်ပြီး ပြန်ဆင်း၊ တစ်ဝက်မရှိတရှိလောက်က တဲလေးမှာ အုပ်စုလိုက် စားသောက်နေတုန်းလူတွေ ခဏခဏ ကြည့် တော့ ဘာလို့ ကြည့် ပါလိမ့် လို့ ထင်တာ။ အောက်ကို ပြန်ရောက်တော့ မှ အစားမစားရ၊ တိရိစ္ဆာန်တွေကို အစာမကျွေးရ ဆိုတဲ့  ဆိုင်းဘုတ်တွေကို သတိထားမိတော့ တယ်။ တော်ပါသေးရဲ့  ဒါဏ်ရိုက်မခံရလို့ ။ ဟိုတုန်းက ဓါတ်ပုံတွေကို ပြန်ကြည့် မိတော့ ၆နှစ် ရနှစ် လောက်အတွင်းမှာ ကိုယ်ဘယ်လောက် ပြောင်းလဲရင့် ကျက်သွားသလဲ ဆိုတာသတိမထားပဲကို မနေနိုင်ဘူး။

နောက်ပိုင်းမှာတော့  Bukit Timah တောင်ပေါ်ကို သူငယ်ချင်းတွေနဲ့ ပဲဖြစ်ဖြစ်၊ တစ်ယောက်ထဲပဲဖြစ်ဖြစ် အကြိမ် တော်တော်များများ ရောက်ဖြစ်တယ်။ အမြဲတမ်း စိတ်ရောကိုယ်ပါအနားမရတဲ့  အလုပ်ပတ်ဝန်းကျင်ကိုမေ့ ထားပြီး တောထဲတောင်ထဲမှာ တိတ်တိတ် ဆိတ်ဆိတ် လမ်းလျှောက်ရတာ သဘောကျတယ်။ စင်္ကာပူမှာမနေဖြစ်တော့ရင် တော်တော်လွမ်းမိမဲ့ အရာတွေထဲမှာ ဒီတောင်ကလည်း တစ်ခုအပါအ၀င်ပဲ။ တောင်တက်တိုင်းလည်း တိတ်တိတ်ဆိတ်ဆိတ် နဲ့ စိတ်ငြိမ်းငြိမ်းချမ်းချမ်းရှိရတာကို ကြိုက်တာကလွဲပြီး ရည်ရွယ်ချက် ထူးထူးခြားခြားတော့ မရှိခဲ့ ပါဘူး။

ဒီနေ့ တော့ Bukit Timah ကိုနောက်တစ်ခေါက်ရောက်ဖြစ်တယ်။ ဒီတစ်ခါတော့ ရည်မှန်းချက်တစ်ခုနဲ့ ဆိုပါတော့ ။ ပေတစ်သောင်းသုံး ထောင် ကျော်မြင့် တဲ့  Mount Kinabalu ကိုတက်ဖို့ ပြင်ဆင်တဲ့ သူတွေနဲ့ အတူ ကိုယ် Kota Kinabalu ကို သွားဖြစ်ခဲ့ ရင် ဆိုပြီး သူတို့ လေ့  ကျင့် သလောက်လိုက်ကျင့် ဖို့ ပါ။ မသွားခင်က ၂နာရီလောက်ကြာမယ်ဆိုတာတော့  သိပါရဲ့ ဘယ်လမ်းကို ဘယ်လိုလျှောက်မယ် ဆိုတာ လောက်ထိတော့ မမေးမိဘူး။ ဟိုရောက်လို့ တစ်နာရီလောက်လျှောက်ပြီးတော့ မှ လားလား လှေခါးထစ်တွေအများကြီးကို တက်လိုက် ဆင်းလိုက် နိုင်သလောက် လုပ်မတဲ့ ။ ရောက်ပြီးမှတော့ လည်းအားမရှော့ သင့် ပါဘူးလေဆိုပြီး မျက်စေ့ မှိတ်ပြီး ရတယ် လို့  ပြောရ တော့  တာ ပေါ့ ။ စိတ်ထဲမှာ သိပ်ပင်ပန်းမနေအောင် တက်ရင်းဆင်းရင်းနဲ့  လှေခါးထစ်တွေကို ရေမိတော့  အားလုံး အထစ်ပေါင်း ၂၄၀ ရှိပါတယ်။ ၃ကြိမ်တက်ပြီး ၂ကြိမ်ဆင်းလာတာ ဆိုတော့  လှေခါးထစ်ပေါင်း ၇၂၀ တက်ပြီး ၄၈၀ ဆင်းလာတာပေါ့ နော်။ ဘယ်လိုဖြစ်ပြီး အတက်နဲ့  အဆင်းမတူရတာလဲ လို့  မမေးနဲ့ ဦးနော်။ အဲဒီနေရာ ကို ကျော်ပြီး တော့ မြေလမ်းအတိုင်း ဆင်းလိုက်တက်လိုက်နဲ့  မရေမိတဲ့  လှေခါး ထစ်ပေါင်းများစွာ ရယ် နောက်တစ်နေရာမှာ အထစ်ပေါင်း ၁၈၀ ကျော်ရယ် ထပ်ဆင်းရသေးတယ်။ တစ်သက်လုံး တက်ဖူးသမျှ လှေခါးထစ်တွေ အားလုံး ပေါင်းရင်တောင် ဒီလောက်ရှိပါ့ မလားပဲ။ ဒီလှေခါးထစ် ၂၄၀ ကတော့ အထူးလေ့ ကျင့်တဲ့ နေရာပေါ့ ။

ပထမတစ်ခေါက်တက်တုန်းက လှေခါးထစ်ရေပြီးတော့ နောက်အခေါက်တွေ တက်လိုက်ဆင်းလိုက် လုပ်ရင်း စိတ်သိပ်မပင်ပန်းအောင် လှေခါးတက်ခြင်း အလုပ်ကို သေသေချာချာ လေ့ လာတော့တာပါပဲ။ သူကလည်းစာလိုရေးမယ်ဆို ရင် အနုပညာတစ်ခုပဲလို့ ရေးလို့  ရတယ်။ ဘ၀နဲ့ လည်းနှိုင်းယှဉ်လို့  ရတာပဲ။ လှေခါးထစ်တွေတက်တဲ့ အခါ အဓိကလိုအပ်တာက သက်လုံ။ မောလာတဲ့ အခါ နည်းနည်း လေး သည်းခံပြီး ဆက်တက်ဖို့ ၊ ဒါပေမယ့် ကိုယ်ခန္ဒာက နားဖို့ တကယ်လိုလာတဲ့ အခါ နားဖြစ်အောင် နားဖို့ ၊ ရောက်ချင်ဇောကြီးပြီ့း အရမ်း တက်မိလို့ အမောဆို့ မနေအောင် လည်း ဂရုစိုက်ရပါတယ်။ ဘ၀မှာလည်းပဲ ရှေ့ ကိုပင်ပင်ပန်းပန်းတက်ဖို့ လိုအပ်နေတဲ့ အခါ သက်လုံကောင်းဖို့  လိုတာ ပဲမဟုတ်လား။ ဆက်တက်ရမှာလား ပြန်ဆင်းရမှာလားဆိုတာ ကိုလည်း ဥာဏ်နဲ့ ယှဉ်ပြီးဆုံးဖြတ်ရတာပဲ။ တစ်ခါတစ်လေ ပြန်ဆင်းရင်ပိုဆိုးမှာမို့ လို့  မျက်စေ့ မှိတ်ပြီးတက်လိုက်ရတဲ့ အခါတွေလည်းရှိလေရဲ့ ။ (ဒီကိုရောက်ခါစက ပြန်ဆင်းလို့  မရတဲ့ လှေခါး တစ်ဆင့် ကိုတက်မိသလို ခံစားရတယ်။)

လှေခါးဆင်းဖို့ ကျတော့  ကြွက်သားအင်အားတွေနဲ့  သတိကအရေးအကြီးဆုံး။ အတက်ကမောသလို အဆင်းကအန္တရာယ်ကြီးတယ် လေ။ ဘ၀ဆိုတာလည်းအတက်ကအားလို သလို အကျမှာ သတိရှိဖို့ အရေးကြီးပါတယ်။ ဘယ်လောက်ချမ်းသာကြွယ်ဝတဲ့ မိဘကမွေး ဖွားလာလာ ၊ ဘယ်လောက်ဥာဏ်ပညာကြီးတဲ့ သူဆီက ပညာသင်ရသင်ရ အကျမရှိတဲ့ ဘ၀ဆိုတာ တော့ ရှိမယ်မထင်ပါဘူး။ ကျတဲ့ အခါ သတိရှိရှိနဲ့  ကြောင်ကျကျ အောင် ထိမ်းတတ်ဖို့ ကသာ အဓိကပါ။

ဒီဘလော့ ဂ်ကိုရေးမယ်လုပ်တော့  ဟိုဟိုဒီဒီ လျှောက်ရှာကြည့် ရင်းနဲ့ လှေခါးတက်/ဆင်းခြင်းရဲ့ အကျိုးကျေးဇူးတွေတွေ့  လာတယ်။ ကိုယ်အမှတ်တမဲ့ တွေ့ ထားတာလေး သူငယ်ချင်းတွေယူသုံးချင်သုံး ရအောင်လို့ ထပ်ထည့် ရေးလိုက်ပါတယ်။ မက်ဒေါနားဟာ ခရီးတွေထွက်ရလို့  လေ့ ကျင့်ခန်းမလုပ်နိုင်တဲ့ အခါတွေမှာ တစ်နေ့ ကို လှေခါးထစ်ပေါင်း ၅၀၀ အတက်အဆင်းလုပ်ပါ သတဲ့ ။ ၀က် ဆိုက်တော်တော်များများမှာ လှေခါးတက်/ဆင်းခြင်းဟာ ထိခိုက်ဒါဏ်ရာရမှု နည်းပြီး လူကို အမြဲ အားအင် အပြည့်  ရှိနေစေတယ် ၊ ကိုယ်အလေးချိန်မြန်မြန်ကျစေတယ်လို့ ရေးထား တာ တွေ့ ရပါတယ်။ အချိန်အနည်းဆုံးသုံးပြီး အကျိုးများတဲ့ လေ့ ကျင့် ခန်းလို့  ညွှန်းထားတာတွေလည်း တွေ့ ရပါတယ်။ ဘီဘီစီ ပရိုဂရမ်တစ်ခု မှာတော့  လှေခါးတက်/ဆင်း ခြင်းဟာ အသက်ရှည်စေတယ်လို့ တောင် ရေးထားပါတယ်။ လှေခါးတက်/ဆင်းစဉ်မှာ လိုက်နာသင့် တာတွေက တော့ 

၁) တက်တဲ့ အခါ ခါးဖြောင့် ဖြောင့် ထားပြီး ခန္တာကိုယ်ကို အနည်းငယ်ရှေ့ သို့ အားပြုထားပါ။
၂) အောက်ကိုခဏခဏ ငုံ့ မကြည့် ဘဲ၊ ရှေ့ ကလှေခါးထစ်တွေကို ကြည့် ပါ။
၃) ခြေဖ၀ါးတစ်ပြင်လုံး လှေခါးထစ်ပေါ် ချပြီးမှ ခန္တာကိုယ်ကို မ တင်ပါ။
၎) အပေါ်ကိုလှမ်းတက်ပြီးတဲ့ အခါ ဒူးကို ခပ်ပြင်းပြင်းဆွဲ မဆန့် မိပါစေနဲ့ ။
၅) ဖနောင့် တစ်စိတ်တစ်ပိုင်း လွှတ်ပြီး လှေခါးမတက်ပါနဲ့ ။ ခြေမျက်စေ့ က အရွတ်တွေကို ထိခိုက်တတ်ပါတယ်။
၆) လှေခါးမတက်ခင်၊ တက်ဆဲ နဲ့  တက်ပြီးတွေ မှာ ရေ၀အောင်သောက်ပါ။
၇) ခေါင်းထဲမှာ မူးလာတာ၊ ခြေသိပ်မခိုင်တော့ ဘူးလို့  ခံစားရတာ၊ အံချင်သလိုဖြစ်လာတာတွေဟာ အန္တရာယ်ဖြစ်နိုင်ချေ နီးလာပြီလို့  အချက်ပေးနေတာပါ။ အဲဒါတွေခံစားလာရရင် ရပ်ပါ။
၈) ခန္တာကိုယ်မှာ အနာတရမဖြစ်ဖို့  လှေခါးတက်တာနဲ့  လမ်းလျှောက်တာ၊ ခပ်ဖွဖွ ပြေးတာတွေကို တလှည့် စီလုပ်ပါ။

အနှစ်ချုပ်လိုက်တော့  အလုပ်များလို့ အားကစားမလုပ်ဖြစ်တာပါ လို့ ဆင်ခြေပေးတတ်တာ၊ ရုံးမှာလှေခါးလေးနှစ်ဆင့် ကို ဓါတ်လှေခါးနဲ့  တက်တာတွေ ကို ပြန်လည်ဆင်ခြင် သုံးသပ်ဦးမှပါပဲလေ လို့ တွေးနေမိပါကြောင်း ။

Sunday, October 18, 2009

က - ကထိန်ပွဲ ပျော်ပျော်နွှဲ



ွှဒီပွဲကတော့ သူငယ်ချင်းမချိုရဲ့ စိတ်ကူးနဲ့ စခဲ့ တာပါ။


Burmese Buddhist Temple က ကထိန်ပွဲမှာ နှစ်စဉ်နှစ်တိုင်း စားသောက် စရာတွေ ပြင်ဆင်ရောင်းချဖို့ အတွက် ဆိုင်ခန်းလေးတွေဖွင့် ဖို့ နေရာတွေ ပြင်ဆင်ပေးပါတယ်။ မီးဖို၊ အိုးကြီးခွက်ကြီးများ၊ နဲ့ တစ်ခါသုံး ပန်းကန်များ ကိုလည်းစီစဉ်ပေး စားသုံးသူများအတွက် စားပွဲ ကုလားထိုင်များကိုလည်း ခင်းကျင်းပေးပါတယ်။ ကထိန်ပွဲကိုလာတဲ့ သူတွေ ကကျောင်းကရောင်းတဲ့ ကူပွန်လက်မှတ်လေးတွေဝယ်ပြီး ကြိုက်နှစ်သက်ရာကို ၀ယ်ယူစားသုံးနိုင်ပါတယ်။ လက်မှတ်ရောင်းရငွေ ကတော့ ကထိန်ပွဲအတွက် အလှူငွေပါ။ ဒီနှစ်တော့ သူငယ်ချင်းတစ်စု ဆိုင်ခန်းဖွင့် ဈေးရောင်းပြီး ကထိန်ပွဲမှာကုသိုလ်ပါဝင်ဖို့ အားထုတ်ကြ တာပေါ့ ။

ပြင်ဆင်မှု တော်တော်များများကိုတော့ မချိုရဲ့ အိမ်မှာပဲ လုပ်ဖြစ်ခဲ့ ပါတယ်။ အကြိုညမှာ ဘုန်းကြီးကျောင်းကိုသွားပြီး နေရာအနေအထား သွားကြည့် တော့ အခြားအဖွဲ့ တွေ အုပ်စုလိုက် ပြင်ဆင်ကြ၊ ချက်ပြုတ်ကြ နဲ့ အတော်ကို စည်ကားနေတာတွေ့ ရတယ်။


ဘယ်ဖက်မှာက အုန်းနို့ ခေါက်ဆွဲ၊ ညာဖက်မှာက ဆီထမင်းနဲ့ ငါးကြော်


အကို နဲ့  အမ မအေးအေးမင်းတို့ ကလည်းမနက်ဖြန်ရောင်းဖို့ ပန်းတွေကို ပြင်ဆင်လို့ 


ဟိုးထိပ်ဒေါင့် က ပြည်အသင်းကိုလည်းမှတ်တမ်းတင်ရမယ်။ သူတို့ က ပွဲမတိုင်ခင်တစ်ပါတ်အလို ကျောင်းမှာအစည်းအဝေး လုပ်က တည်းက တစ်ခါမှမရောင်းဘူးတဲ့ ကိုယ်တို့ ကို ပြောပြကူညီလာတာ။



ကထိန်နေ့ မှာတော့ စောစောသွားပြီး ပြင်ဆင်ရပါတယ်။ မနက်ရှစ်နာရီလောက်ကစပြီး ဆိုင်နီးနားချင်းများက သူတို့ ရောင်းတဲ့ စားစရာ တွေကို အခြားဆိုင်တွေကို လိုက်ဝေပါတယ်။ မြန်မာပြည်မှာတုန်းက အိမ်မှာ စားစရာကောင်းကောင်းလေး လုပ်တိုင်းအိမ်နီးနားချင်းတွေ ဝေတတ်တဲ့ ရသလေးကိုပြန်ခံစားလိုက်ရတာပေါ့ ။

ကိုးနာရီလောက်ရောက်တော့ ဆိုင်တိုင်း အဆင်သင့် ဖြစ်နေပါပြီ။


ဒီနေ့ ပွဲမှာ ကိုယ်တို့ တွေနဲ့ အမြဲတမ်းပါဝင်နေကြ မို့ မို့ အပြင် ဈေးခေါ်ကောင်းတဲ့ ခင်မောင်အေးကိုလည်းမဖြစ်မနေမှတ်တမ်းတင်မှဖြစ် မယ်။


ဂျူလီယာကလည်း ကြီးလာရင် မေမေ့ လိုပဲ အားကိုးရမှာ သေချာတယ်။


ဆယ်နာရီလောက်ကစပြီး လူတွေများလာလိုက်တာ ဆယ်နာရီခွဲ နဲ့  ဆယ့် တစ်နာရီခွဲ ကြားမှာတော့ တစ်ကယ့် ကို လက်မလည်အောင် ရောင်းရတာပါဘဲ။ ဒီတော့ မှ အများကြီးပြင်ဆင်ထားတာမို့ ကုန်အောင်မှ ရောင်းနိုင်ပါ့ မလားလို့ စိတ်ထဲမှာ ကြိတ်ပူနေတာတွေလည်း လျှော့ ပါးစပြုလာတော့ တယ်။


နေ့ လည်တစ်နာရီခွဲလို့  ဆိုင်သိမ်းတဲ့ အခါမှာတော့  ရောင်းရငွေ $506 ကို ကျောင်းကိုအပ်နိုင်ခဲ့ ပါတယ်။


ဒီငွေပမာဏဟာ ကျောင်းအတွက် ဘယ်လောက်များများအကျိုးပြုနိုင်မှာလဲ ဆိုတာ သိပ်မသိလှပါ။ ကိုယ်တို့ သူငယ်ချင်းတစ်စုအ တွက်တော့အရင်ကရှိနေကြ လူမှုရေး၊ဘာသာရေး လုပ်ငန်းလေးတွေနဲ့ မတူတဲ့ ထူးခြားသောအလှူပါ။ ထည့် ဝင်ထားတဲ့  ငွေပမာဏ အပေါ်မှာ အားလုံးပူးပေါင်းလုပ်ဆောင်မှုတွေ နဲ့  ထပ်ဆင့် ပြီးကောင်းမှုကုသိုလ်လုပ် ကြရတာ မို့ ထူးခြားသော ကုသိုလ်ပါ။ နောင်ကိုလည်း ဒီလိုပူးပေါင်းလုပ်ဆောင်ရတဲ့ လုပ်ငန်းလေးတွေကို ဒီသူငယ်ချင်းတွေနဲ့ ဆက်လုပ်နိုင်ချင်ပါသေးတယ်။

ငွေအား၊ လူအား၊ စိတ်ဓါတ်အားတွေနဲ့  ကူညီကြတဲ့ သူငယ်ချင်းအားလုံးကို အထူးကျေးဇူးတင်ရပါကြောင်း။

Sunday, October 11, 2009

ကထိန်ပွဲ နဲ့ နိဗ္ဗာန်ဈေးပွဲတော်

သူငယ်ချင်းတို့ ရေ

၁၈ ရက်နေ့  တိုပါးယိုးကျောင်း ကထိန်ပွဲ နဲ့ နိဗ္ဗာန်ဈေးပွဲတော် ကိုလာပြီးအားပေးကြဖို့ မမေ့ကြနဲ့ နော်...

Saturday, October 3, 2009

တွန်းလှည်းပေါ်က စာသင်ကျောင်း

CNN Heros အစီအစဉ်ထဲ မှာ တွေ့ လိုက်တဲ့  Philippines က Efren Peñaflorida ရဲ့  ဘာသာစကားတွေ၊ တစ်ကိုယ်ရေ ကျန်းမာရေး အသိတွေ သင်ပေး တဲ. တွန်းလှည်းပေါ်က စာသင်ကျောင်းကလေးကို အထူးပဲ သဘောကျမိပါတယ်။

ဖိလစ်ပင်းကမြို့ ပေါ်တွေမှာ ဂိုဏ်းဖွဲ့ သောင်းကျန်းကြတဲ့ လူငယ် အရေအတွက်ဟာ လွန်ခဲ့ တဲ့ (၁၀) နှစ်အတွင်းမှာ အဆမတန်များပြား လာပါတယ်။ ယနေ့ ဆိုရင် လူငယ်ကလေးပေါင်း တစ်သိန်းသုံးသောင်း ကျော်လောက်ဟာ ဂိုဏ်းအဖွဲ့ ဝင်တွေ ဖြစ်နေကြပါတယ်။ လို့ Video Clip ထဲမှာ စာတန်းထိုးထားပါတယ်။

ဆင်ခြေဖုံး တွေကလူငယ်လေးတွေဟာ အသက်(၉)နှစ်လောက် ကစပြီး ဂိုဏ်းအဖွဲ့ ဝင်တွေအဖြစ် "အမွေးခံရ" တတ်ပါတယ်၊ သူတို့ တွေဟာ ဆင်းရဲမွဲတေခြင်းရဲ့ သားကောင်တွေပါ လို့  Efren ကပြောတော့ မနှစ်က Oscar တွေအများကြီး ရတဲ့  Slumdog Millionaire ရုပ်ရှင်ကားကို ရော၊ ငယ်ငယ်က တောင်ဥက္ကလာမှာ နေတော့ လမ်းထဲမှာ အုပ်စုလိုက် လမ်းသလား၊ တွေ့ ရာအသီးအရွက်ခူး၊ လစ်ရင်တွေ့ တဲ့ ပစ္စည်းယူနဲ့ အသက်မွေးရတဲ့ ကလေးဆိုးလေးတွေ ကိုပါသတိရ မိပါတယ်။

ကိုယ်က ငယ်ငယ်လေးကတည်းက လမ်းထွက်ပြီး ဆော့ တတ် တော့ ခဏခဏ အဆူခံရတတ်တယ်။ လူကြီးတွေက "ဖမ်းသွားပြီးး သူတောင်းစားလုပ်ခိုင်းလိမ့် မယ်" လို့ ပြော ရင်အလကား ခြိမ်းခြောက်တာပါလို့ ထင်ခဲ့ တာ။ Slumdog Millionaire ရုပ်ရှင်ကားထဲက ကလေးလေးကို သီချင်းအဆိုကောင်းအောင် သင်ပေးပြီးမှ မျက်စေ့ ကန်းအောင် လုပ်ပြီး သူတောင်းစားလုပ် ခိုင်းတဲ့ အခန်းကို ရောက်တော့  ကြက်သီးမွေးညှင်းတောင်ထမိတယ်။

Efren ဟာအထက်တန်းကျောင်းမှာ ခွဲခြားဆက်ဆံခံရတာ၊ အနိုင်ကျင့် ခံရတာတွေကို ကိုယ်တိုင်လည်း ခံစားရဘူးပါတယ်။ "တျနော်က တော့ ယုံကြည်ချက်ရှိတယ်။ လူငယ်လေးတွေကို ကောင်းတဲ့ ဘက်ကို လမ်းလွှဲပေးဘို့ ဒီ တွန်းလှည်းပေါ်က စာသင်ကျောင်းကို လုပ်တာ ပါ" လို့ သူကပြောပါတယ်။

Efren ဟာသူ့ ရဲ့ တွန်းလှည်းကို စနေနေ့ တိုင်း လမ်းတွေထဲ မှာ လျှောက်တွန်း ပြီး ကလေးတွေကို ဘာသာစကား တွေ၊ အစာမစားခင်နဲ့ လက်တွေညစ်ပတ် နေတဲ့ အခါ လက်ကိုသေချာ ဆေးဖို့ ၊သွားတွေကို စနစ်တကျ တိုက်တတ်ဖို့ ၊အနာတွေဘာတွေရှိရင် သေသေချာချာ သန့် ရှင်းတတ်ဖို့  စတဲ့ တစ်ကိုယ်ရေ ကျန်းမာရေး အသိတွေ ကိုလမ်းထဲမှာ ပြေးလွှားဆော့ ကစားနေတဲ့ ကလေးတွေ ကိုသင်ပေးပါတယ်။

၁၉၉၇ ကတည်းကစခဲ့ တဲ့  Efren ဆီကို အခုဆိုရင် လူငယ်ပေါင်း တစ်သောင်းကျော် ကအဖွ့ဲဝင် ခဲ့ ပြီးပါပြီ။ ကလေးပေါင်း တစ်ထောင့့် ငါးရာကျော်ကို လည်း တွန်းလှည်းပေါ်က စာသင်ကျောင်းလေးက စာသင်ပေးခဲ့ ပါတယ်။

(၁၆)နှစ်အရွယ် လူငယ်လေးတစ်ယောက်ကတော့ "ကျနော့ ရဲ့ ဂိုဏ်းအဖွဲ့ ဝင်တွေဟာ ကျနော့် ဘ၀ကိုလွှမ်းမိုးမှုအရှိဆုံး ဖြစ်ခဲ့ ဘူးပါတယ်။ တကယ်လို့ သာ ဂိုဏ်းထဲမှာဘဲ ရှိနေဦးမယ်ဆိုရင် ကျနော်တော့ ထောင်ထဲပဲ ရောက်နေမလား၊ ဆေးသမားပဲဖြစ်နေမလားမသိ" လို့ ပြောပါတယ်။

Video Clip ကို ဒီမှာ ရှာကြည့်  နိုင်ပါတယ်။ CNN Heros Nominees ဆယ်ယောက်ထဲ ကနေပြီး သူ့ ကို CNN Hero အဖြစ်မဲ ပေးလို့ လဲ ရတယ်နော်။

လူမှုလောက ရဲ့ ဝန်တွေကို ကျရာနေရာမှာ နိုင်သလောက်တာဝန်ယူနေတဲ့ Efren လိုလူမျိုးတွေဟာ CNN ရဲ့  Ordinary People, Extraordinary Impact ဆိုတဲ့ စာသားနဲ့ တကယ်ကို လိုက်လျှော ညီထွေလှပါတယ်။

Tuesday, September 29, 2009

ဖေဘီယိုရိုဆာ(ဘရာဇီးလ်) - ကျေးလက်ကိုလျှပ်စစ်ဖြင့် အကျိုးပြုလိုသူ

သူငယ်ချင်းများနဲ့ စွန့် ဦးတီထွင် လူမှုလုပ်ငန်း ရှင်များအကြောင်း ကိုပြောဖြစ်ကြတော့  တော်တော်များ က ကျေးရွာမီးရရှိရေး လုပ်တဲ့  ဖေဘီယိုရိုဆာ ဆိုတဲ့ ဘရာဇီးလ် လူကို တော်တော် စိတ်ဝင်စားကြပါတယ်။ ဒါနဲ့ ပဲ သူ့ အကြောင်းရေးထားတဲ့ စာတစ်ပုဒ်ကို ဘာသာပြန်ကြည့် ထား တာပါ။ ပထမဆုံး ဘာသာ ပြန်ဆိုတော့ စာမချောတာ အမှားအယွင်းပါတာများ ရှိခဲ့ ရင် ပြင်ပေးကြပါနော်။

ဂစ်တာတီးတဲ့ Cowboy ဖေဘီယိုရိုဆာ သည်ချစ်ခင်စရာကောင်းသည့် အပြင် ကော်ပိုရိတ် အထက်လူကြီးတစ်ယောက်ရ့ဲ့ စီးပွားရေးအမြင်နဲ့ အင်အားလည်းရှိသူဖြစ်သည်။ သူဟာ ကျေးလက်နေ ဘရာဇီးလ် လူမျိုးသန်းပေါင်းများစွာကို ပါတ် ၀န်းကျင်ထိခိုက်ပျက်စီး မှုအနည်းဆုံး နဲ့ ကျေးရွာ လျှပ်စစ်ရရှိရေး သာမက စိုက်ပျိုးရေးအတွက် အခွင့် အလမ်းအသစ်တွေ ကိုပါ ဆောင်ကျဉ်းပေးခဲ့ သူဖြစ်ပါတယ်။

ရိုဆာ ၁၉၈၀ပြည့် နှစ်များမှာ ဘရာဇီးလ်ရဲ့  Rio Grande Do Sol ပြည်နယ်ကို ရောက်သွားတော့  ကျေးလက်လူထုဟာ စားရိတ်မတတ်နိုင်လို့ လျှပ်စစ်မီးမရှိဘဲနေရတဲ့ အချိန်ဖြစ်ပါတယ်။ ရိုဆာ ဟာ အများသုံးနေကျ 3-wire မဟုတ်ဘဲ 1-wire စနစ်ကိုသုံးရင် လျှပ်စစ်ကို ဘရာဇီးလ် လူမျိုး သာမက အများတတ် နိုင်တဲ့  ဈေးနဲ့ ထုတ်လုပ်နိုင်လိမ့် မယ်လို့ မြင်ပါတယ်။

ရိုဆာရဲ့  Palmeras ဆိုတဲ့ မြို့ ကလေးနားက ပထမဆုံး ကျိုးစားအားထုတ်မှုဟာ အလွန် အောင်မြင်ပါတယ်။ မိသားစုပေါင်းများစွာဟာ ဘ၀မှာပထမဆုံး အကြိမ်အဖြစ် ရေတင်စက်တွေ ရေခဲသေတ္တာတွေနဲ့  မီးကလည်း တထိန်ထိန်နဲ့ နေကြရပါတယ်။ ဘရာဇီးလ် လူမျိုးပေါင်း ၅သိန်း လောက်ကို အကျိုးဖြစ်ထွန်းစေခဲ့ ပါတယ်။ (တခြားစာအုပ်တွေ ထဲ မှာဘရာဇီးလ် က ကျေးလက် တော ရွာတွေမှာ လျှပ်စစ်မရှိတော့ ရေမတင်ရလို့ လယ်တွေမဖြစ်ထွန်းဘူးလို့ ဆို ထားတာကို ကြည့်  ခြင်းဖြင့် ရွာကလူတွေဟာ ရေစုပ်စက်ကြောင့် အကျိုးအများ ကြီးဖြစ်ထွန်းတယ်လို့  ယူဆရပါ တယ်။)

၁၉၉၀ ပြည့် နှစ်များမှာ ဘရာဇီးလ် အစိုးရက လျှပ်စစ်လုပ်ငန်းကို ကိုယ်ပိုင်လုပ်ငန်းရှင်များ ရဲ့  လက်ထဲ ကိုလွှဲ ပါတယ် (Privatized) ။ ကိုယ်ပိုင်လုပ်ငန်းရှင်များက အကျိုးအမြတ် နည်းတဲ့  ရိုဆာ ရဲ့ Model ကို ဆက်ထုတ်ဘို့ စိတ်မ၀င်စားကြပါဘူး။ ဒါနဲ့ ပဲရိုဆာဟာ Solar Power Equipment ကိုအငှားချဖို့ အစီအစဉ်အသစ်ကို စဉ်းစားရပါတယ်။

ရိုဆာဟာ အပေါ်ကိုနည်းနည်းလေးတက်လိုက် များများပြန်ပြုတ်ကျလာလိုက်ဆိုတဲ့  အဖြစ်မျိုးကို အကြိမ် ပေါင်းများစွာရင်ဆိုင်ရပြီး ခဏခဏ အစကပြန်စရပါတယ်။ သူကဆင်းရဲ သူတွေတတ်နိုင်မယ့်  Model အသစ်တွေ ကို သူ့ Idea အသစ်တွေနဲ့  ထုတ်လိုက် အစိုးရရဲ့  ကြိုးနီစနစ်များ အောက်မှာပျက်သုန်းသွား လိုက်ဖြစ်ရပေမယ့် ရိုဆာ ကတော့ (၂၃)နှစ် တိုင် တိုင်အားမလျှော့ ခဲ့ ပါဘူး။ အဲဒီလိုကျိုးစားအားထုတ်နေရတာ ကိုပဲသူကပျော်မွေ့ နေပုံရပါ တယ်။

သူက "ကျနော်ဟာ ကျနော်နေချင်တဲ့ ကမ္ဘာ့ အစိတ်အပိုင်းလေး တစ်ခုကိုတည်ဆောက်နေပါ တယ်။ ကျနော့် ရဲ့ အတွေးအခေါ်တွေဟာ သိပ်စိတ်ကူးယဉ်ဆန်ကောင်းဆန်မှာဖြစ်ပေမယ့်  ကျနော်ကတော့ လက်တွေ့ ရလာဒ် (အရောင်ပြောင်းဆိုးထားတဲ့ အစစ်အမှန်) ရကိုရရမယ် လို့ ယုံကြည်ပါတယ်။ ကျနော့ Project တွေဟာလက်တွေ့ ကျပါတယ်။ ဖြစ်အောင်လုပ်လို့ ရပါ တယ်။ ဒီ Project တွေကို တီထွင်ရတာ ၊ အောင်မြင်အောင်လုပ်ဆောင်ရတာ ၊ လူတစ်ဦး တစ် ယောက်ရဲ့ ဆန္ဒပြည့် ဝသွား တာကိုမြင်ရတာ တွေဟာ ကျနော့့် အတွက်တော့ ပျော်ရွှင်မှုပါဘဲ လို့ သူကဆိုပါတယ်။

လတ်တလော ရိုဆာကိုယ်တိုင် မျှော်လင့် မထားတဲ့ အောင်မြင်မှုကတော့ ဘရာဇီးလ် အစိုးရက ဘရာဇီးလ် လူမျိုး သန်းပေါင်းများစွာ အတွက်လျှပ်စစ် ရရှိရေး အတွက် ဆောင်ရွက်ရာမှာရိုဆာ ရဲ့  1-wire (Mono-phase) Model ကို အသုံးပြုမယ်လို့ ကြေငြာလိုက်တာပါဘဲ။

************************ **************************
ဒီစာပိုဒ်ထဲမှာက နည်းပညာအကျောင်းတွေ သိပ်မပါလို့ ထပ်ပြီးရှာဖွေကြည့် တော့ Wikipedia ထဲမှာ အောက်ကစာပိုဒ်ကို တွေ့ ပါတယ်။

In 1992, Rosa established Sistemas de Tecnologia Agroelectro (STA) to popularize solar energy. He recognized that that the critical barrier to the adoption of solar energy was its high cost. Thus, he worked to make it attractive by pairing it with electric fencing, which could help address Brazil's problems with overgrazing. Within several years STA had installed 700 solar powered fencing systems and Rosa "had gained national recognition as a leader in the delivery of low-cost solar energy". [11]

အဲဒီထဲကနေ ဆက်ရှာလိုက်ရင်တော့ 
Solar Energy http://en.wikipedia.org/wiki/Solar_energy
Electric Fencing http://en.wikipedia.org/wiki/Electric_fencing;
Overgrazing http://en.wikipedia.org/wiki/Overgrazing
စတဲ့ Technical Term များကို တွေ့ ရပါမယ်။ စိတ်ဝင်စားသူများ ဆက်လက်ရှာဖွေ ဖတ်ရှု နိုင်ဖို့ ပါ။

Sunday, September 27, 2009

အဓိပ္ပါယ်ရှိသော ကြော်ငြာများ

Petronas ကြော်ငြာများဟာ အဓိပ္ပါယ်တစ်ခုခုရှိအောင် Message တစ်ခုခု ပေးနိုင်အောင် ရိုက်ကူးပြီး အချိန်အခါအလိုက် (ဥပမာ - တရုပ် နှစ်ကူး ၊ ဒေ၀ါလီ စသဖြင့် ) ထုတ်လွှင့် လေ့ ရှိတယ်လို့ ကြားဘူးပါတယ်။ ဒီနေ့ အဲဒီကြော်ငြာတွေရှာဖွေ ကြည့် မိလို့  သူငယ်ချင်းတွေကို မျှဝေလိုက်ပါတယ်။

ဘယ်သူမှ မွေးကတည်းက Race ကို ခွဲခြားမသိပါဘူး။ လူကြီးတွေအရောင်ဆိုး လို့ သာကလေးတွေ ဟာအချင်းချင်း ခွဲခြားဆက်ဆံတတ်လာတာပါ။ Children are color blind, shouldn't we keep them that way လို့ message ပေးထားပါတယ်။

Behold the child
By nature's kindly law
Pleased with a rattle
Tickled with a straw
Every great person started small.... လို့ Message ပေးထားပါတယ်။ ကလေးတွေ လူငယ်လေး တွေ ကို ပြုစု ပျိုးထောင်ဖို့ အရေးကြီး တယ်လို့ ဆိုလိုချင်ပုံရပါတယ်။

ဒါကတော့ အမြဲပြိုင်ဆိုင်တတ်တဲ့ တရုပ်မိသားစုနှစ်စု အကြောင်း Chinese New Year Ad

Chinese New Year မှာ မိသားစု ညစာစားပွဲ တက်ခွင့် မကြုံ တဲ့ ၊ ပြန်စရာအိမ်ရယ်လို့ မရှိတဲ့ မိဘမဲ့  ကလေးလေး တစ်ယောက်။

အဖေကိုချင်းကြားကြီးထဲ ထည့်ထမ်းပြီးတောင်ပေါ်မှာသွားစွန့် ပစ်တဲ့ ပုံပြင်ကို ကြားဘူးကြမှာပေါ့ နော်။ ဒီကြော်ငြာကတော့  အဖေအိုကြီး ကိုငြိုငြင်တဲ့ မိဘနှစ်ပါးကို သားနဲ့ သမီး ဆော့ ကစားနေတာက အမှတ်မထင် နောင်တရစေတဲ့ ဇာတ်လမ်းလေး။ Hari Raya 2006 မှာထုတ်လွှင့် တာပါ။

Hari Raya မှာ Petronas ကငွေမယူဘဲ ဆီဖြည့် ပေးပုံ ရပါတယ်။ အဲဒါကို သားနဲ့ အဖေရဲ့  ဇာတ်လမ်းလေးနဲ့ တင်စားထားတာပါ။

စီးပွားရေးအတွက် ဘယ်လောက်ထိရောက်မလဲ မသိပါ။ ဇာတ်လမ်းတို လေးတွေနဲ့  ပေးတဲ့  Message တွေကိုတော့ တော်တော်သဘော ကျမိပါတယ်။

Tuesday, September 22, 2009

ချိုချိုစိမ့် လက်သုပ်စုံ

၂၀၀၃ လောက်ကစပြီး နှစ်တိုင်း တစ်နှစ်တစ်ခါ သူငယ်ချင်းတွေနဲ့ စုပြီး လက်သုပ်စုံသုပ်စားလေ့ ရှိခဲ့ တာ ၂၀၀၈-၂၀၀၉ လောက်ရောက် တော့ အိုးသူကြီးစစ်စစ် နီးပါးဖြစ်လာပါပြီ။ သူငယ်ချင်းတွေကလည်း တစ်ယောက်တစ်လှည့် အိမ်မှာနေရာပေး၊ ဈေးဝယ်ပေးပြီး လက်စွမ်း ပြခွင့် ပေးကြပါတယ်။ ဒီလိုအိုးသူကြီးမျိုးတော့  လူတိုင်းဖြစ်ချင်ကြမှာပဲ။ ကျောင်းမှာတုန်းက ဆရာဦးသိန်းထွန်းအောင် မေးတ့ဲ့ မေးခွန်းကို လည်းခဏခဏ သတိရ မိပါ ရဲ့ ။ ညည်းက Chemical ယူတာ မုန့် ဟင်းခါးချက်ရောင်း မလို့ လားတဲ့ ။ အခုနေ ဆရာ့ ကိုတွေ့ ရင် ဆရာရေ မုန့် ဟင်းခါးမဟုတ် ဘူး၊ လက်သုပ်စုံ သုပ်ရောင်းမလို့ လို့  ပြောမိမယ်ထင်ပါရဲ့ ။

အခုတော့ နယ်ချဲ့ ပြီးလက်စွမ်း ပြမယ်လို့ ကြံစည် နေပါတယ်။ သူငယ်ချင်း မချိုရဲ့ လှုံ့ ဆော်မှုနဲ့  (အားကိုးရတဲ့ သူငယ်ချင်းတွေ ကိုယုံ ကြည်တာလည်းပါတာပေါ့ )အောက်တိုဘာလ ၁၈ ရက်နေ့ ၊ တိုပါးယိုး ကျောင်း ၊ ကျောင်းကြီးလို့ အများ ခေါ်ကြတဲ့  Burmese Buddhist Temple က ကထိန်ပွဲမှာ လက်သုပ်စုံ ရောင်းမယ်လို့ ဟန်ပြင် ပါတယ်။ ရောင်းရငွေအားလုံးကတော့ ကျောင်းရံပုံငွေ အဖြစ်လှူမှာ ဖြစ်ပါတယ်။

အောက်တိုဘာလ ၁၁ ရက်နေ့ ကျောင်းကနေ လက်မှတ်ရတဲ့ အခါ သူငယ်ချင်းများကို ဖုန်းဆက်ပြီးလက်မှတ်ရောင်းမယ်ဆိုတာလည်း ကြိုတင် နှိုးဆော်ထား ပါရစေ။ လက်မှတ်အချိန်မီ မ၀ယ်နိုင်ရင်လည်း ကျောင်းရောက်မှ ၀ယ်လို့ ရပါတယ်။ အဲဒီလက်မှုတ်က လက်သုပ်စုံ အပြင် အခြားစားစရာ တွေကိုပါ ကြိုက်ရာ ရွေးချယ်ဝယ်စားလို့ ပါတယ်။ ပြင်ဆင်ထား သမျှကုန်အောင် ရောင်းလေ့ ရှိပြီး အများအားဖြင့် နေ့ လည်တစ်နာရီလောက် ဆိုရင် ရွေးစရာ သိပ်မကျန်တော့ ပါ။ စောစောလာနိုင်ရင် တော့ ကြိုက်တာ ရွေးလို့ ရတာပေါ့ နော်။

သူငယ်ချင်းတို့ ရေ လာပြီးအားပေးကြပါဦးနော်။ များများထည့် ပေးပါ့ မယ်။

Monday, September 21, 2009

Pulau Ubin Trip: A meaningful day with Lotus

I have been to Pulau Ubin many times. Each and every time has brought me some fun and friendship. This time around, I received a meaningful gift too. The gift for me is the opportunity to be part of the capacity building process of the group. Thanks to friends from Lotus Foundation and Searchers Myanmar for giving me such a wonderful experience.

Our journey started at 9am from Tampines interchange. We already felt happy and close to nature since we arrived at Changi Jetty. Most us took the boat ride to the Singapore's last Kampong "Palau Ubin". Some of us stayed behind to pack lunch from Changi Village as we expected to see larger crowd on the island. Since it was Hara Raya holiday, all famous Nasi Lamak sotres were closed. Fortunately, there was one stall selling Nasi Lamak and Bee Hon which could be packed and kept safely until lunch time. The queue was so long, we had to wait for about 45 minutes.

Now, we are ready to take the boat ride.

Pulau Ubin, here we come.


We cycled around the island, walked along the costal line at Chek Jawa, and decided to station at House No. 1, near Chek Jawa information center.


Ready for lunch


After luch, we all are ready for the game. What did Minn Thu bring for the day?

First Game was really fun and very useful to get to know each other. We have to declare a name with two syllables from our full names, for example "ma-saint" for me. This two-syllable name was used during the game.


Second Game - Helium Stick


Third Game - flipping the plastic sheet over. During the given five minutes, some of us were tasked to find out the three types of people - the initiators who usually initiate an idea, the criticizers who often point out the flaws and steer the group back to the right direction, and the anchors who neither initiate nor critize but do their best in implementing the action. None of the group was able to flip over the plastic sheet but I believe we learned about each other.


Minn Thu's briefing for the forth Game "Nuclear Shelter"


Group discussions






We are all in action


Group 3 Presentation


Group 2 Presentation


Group 4 Presentation


Group 1 Presentation


Winning Team - Group 4 for "Nuclear Shelter" game


Winning Team - overall for the day


Ko Kyaw Wunna's closing speech


For a day, we had a chance to get close to the nature, the sea and the greens. For me just like getting closer to the small town in which I grew up. I enjoyed every single moment on the island.

Finally, home sweet home with fun, friendship and satisfaction. Thanks again friends. Hope to have more fun and more opportunities to work with you towards making our dreams come true.