Sunday, November 15, 2009

လှေခါးတက်ခြင်း အနုပညာ

Bukit Timah တောင်ကို ပထမဆုံးရောက်ဖူးတာကတော့  သူငယ်ချင်းတွေတစ်အုပ်ကြီးနဲ့ ပေါ့ ။ စားစရာသောက်စရာတွေနဲ့  ကျကျနန ကိုသွားတာ။ တောင်ထိပ်ထိတက်ပြီး ပြန်ဆင်း၊ တစ်ဝက်မရှိတရှိလောက်က တဲလေးမှာ အုပ်စုလိုက် စားသောက်နေတုန်းလူတွေ ခဏခဏ ကြည့် တော့ ဘာလို့ ကြည့် ပါလိမ့် လို့ ထင်တာ။ အောက်ကို ပြန်ရောက်တော့ မှ အစားမစားရ၊ တိရိစ္ဆာန်တွေကို အစာမကျွေးရ ဆိုတဲ့  ဆိုင်းဘုတ်တွေကို သတိထားမိတော့ တယ်။ တော်ပါသေးရဲ့  ဒါဏ်ရိုက်မခံရလို့ ။ ဟိုတုန်းက ဓါတ်ပုံတွေကို ပြန်ကြည့် မိတော့ ၆နှစ် ရနှစ် လောက်အတွင်းမှာ ကိုယ်ဘယ်လောက် ပြောင်းလဲရင့် ကျက်သွားသလဲ ဆိုတာသတိမထားပဲကို မနေနိုင်ဘူး။

နောက်ပိုင်းမှာတော့  Bukit Timah တောင်ပေါ်ကို သူငယ်ချင်းတွေနဲ့ ပဲဖြစ်ဖြစ်၊ တစ်ယောက်ထဲပဲဖြစ်ဖြစ် အကြိမ် တော်တော်များများ ရောက်ဖြစ်တယ်။ အမြဲတမ်း စိတ်ရောကိုယ်ပါအနားမရတဲ့  အလုပ်ပတ်ဝန်းကျင်ကိုမေ့ ထားပြီး တောထဲတောင်ထဲမှာ တိတ်တိတ် ဆိတ်ဆိတ် လမ်းလျှောက်ရတာ သဘောကျတယ်။ စင်္ကာပူမှာမနေဖြစ်တော့ရင် တော်တော်လွမ်းမိမဲ့ အရာတွေထဲမှာ ဒီတောင်ကလည်း တစ်ခုအပါအ၀င်ပဲ။ တောင်တက်တိုင်းလည်း တိတ်တိတ်ဆိတ်ဆိတ် နဲ့ စိတ်ငြိမ်းငြိမ်းချမ်းချမ်းရှိရတာကို ကြိုက်တာကလွဲပြီး ရည်ရွယ်ချက် ထူးထူးခြားခြားတော့ မရှိခဲ့ ပါဘူး။

ဒီနေ့ တော့ Bukit Timah ကိုနောက်တစ်ခေါက်ရောက်ဖြစ်တယ်။ ဒီတစ်ခါတော့ ရည်မှန်းချက်တစ်ခုနဲ့ ဆိုပါတော့ ။ ပေတစ်သောင်းသုံး ထောင် ကျော်မြင့် တဲ့  Mount Kinabalu ကိုတက်ဖို့ ပြင်ဆင်တဲ့ သူတွေနဲ့ အတူ ကိုယ် Kota Kinabalu ကို သွားဖြစ်ခဲ့ ရင် ဆိုပြီး သူတို့ လေ့  ကျင့် သလောက်လိုက်ကျင့် ဖို့ ပါ။ မသွားခင်က ၂နာရီလောက်ကြာမယ်ဆိုတာတော့  သိပါရဲ့ ဘယ်လမ်းကို ဘယ်လိုလျှောက်မယ် ဆိုတာ လောက်ထိတော့ မမေးမိဘူး။ ဟိုရောက်လို့ တစ်နာရီလောက်လျှောက်ပြီးတော့ မှ လားလား လှေခါးထစ်တွေအများကြီးကို တက်လိုက် ဆင်းလိုက် နိုင်သလောက် လုပ်မတဲ့ ။ ရောက်ပြီးမှတော့ လည်းအားမရှော့ သင့် ပါဘူးလေဆိုပြီး မျက်စေ့ မှိတ်ပြီး ရတယ် လို့  ပြောရ တော့  တာ ပေါ့ ။ စိတ်ထဲမှာ သိပ်ပင်ပန်းမနေအောင် တက်ရင်းဆင်းရင်းနဲ့  လှေခါးထစ်တွေကို ရေမိတော့  အားလုံး အထစ်ပေါင်း ၂၄၀ ရှိပါတယ်။ ၃ကြိမ်တက်ပြီး ၂ကြိမ်ဆင်းလာတာ ဆိုတော့  လှေခါးထစ်ပေါင်း ၇၂၀ တက်ပြီး ၄၈၀ ဆင်းလာတာပေါ့ နော်။ ဘယ်လိုဖြစ်ပြီး အတက်နဲ့  အဆင်းမတူရတာလဲ လို့  မမေးနဲ့ ဦးနော်။ အဲဒီနေရာ ကို ကျော်ပြီး တော့ မြေလမ်းအတိုင်း ဆင်းလိုက်တက်လိုက်နဲ့  မရေမိတဲ့  လှေခါး ထစ်ပေါင်းများစွာ ရယ် နောက်တစ်နေရာမှာ အထစ်ပေါင်း ၁၈၀ ကျော်ရယ် ထပ်ဆင်းရသေးတယ်။ တစ်သက်လုံး တက်ဖူးသမျှ လှေခါးထစ်တွေ အားလုံး ပေါင်းရင်တောင် ဒီလောက်ရှိပါ့ မလားပဲ။ ဒီလှေခါးထစ် ၂၄၀ ကတော့ အထူးလေ့ ကျင့်တဲ့ နေရာပေါ့ ။

ပထမတစ်ခေါက်တက်တုန်းက လှေခါးထစ်ရေပြီးတော့ နောက်အခေါက်တွေ တက်လိုက်ဆင်းလိုက် လုပ်ရင်း စိတ်သိပ်မပင်ပန်းအောင် လှေခါးတက်ခြင်း အလုပ်ကို သေသေချာချာ လေ့ လာတော့တာပါပဲ။ သူကလည်းစာလိုရေးမယ်ဆို ရင် အနုပညာတစ်ခုပဲလို့ ရေးလို့  ရတယ်။ ဘ၀နဲ့ လည်းနှိုင်းယှဉ်လို့  ရတာပဲ။ လှေခါးထစ်တွေတက်တဲ့ အခါ အဓိကလိုအပ်တာက သက်လုံ။ မောလာတဲ့ အခါ နည်းနည်း လေး သည်းခံပြီး ဆက်တက်ဖို့ ၊ ဒါပေမယ့် ကိုယ်ခန္ဒာက နားဖို့ တကယ်လိုလာတဲ့ အခါ နားဖြစ်အောင် နားဖို့ ၊ ရောက်ချင်ဇောကြီးပြီ့း အရမ်း တက်မိလို့ အမောဆို့ မနေအောင် လည်း ဂရုစိုက်ရပါတယ်။ ဘ၀မှာလည်းပဲ ရှေ့ ကိုပင်ပင်ပန်းပန်းတက်ဖို့ လိုအပ်နေတဲ့ အခါ သက်လုံကောင်းဖို့  လိုတာ ပဲမဟုတ်လား။ ဆက်တက်ရမှာလား ပြန်ဆင်းရမှာလားဆိုတာ ကိုလည်း ဥာဏ်နဲ့ ယှဉ်ပြီးဆုံးဖြတ်ရတာပဲ။ တစ်ခါတစ်လေ ပြန်ဆင်းရင်ပိုဆိုးမှာမို့ လို့  မျက်စေ့ မှိတ်ပြီးတက်လိုက်ရတဲ့ အခါတွေလည်းရှိလေရဲ့ ။ (ဒီကိုရောက်ခါစက ပြန်ဆင်းလို့  မရတဲ့ လှေခါး တစ်ဆင့် ကိုတက်မိသလို ခံစားရတယ်။)

လှေခါးဆင်းဖို့ ကျတော့  ကြွက်သားအင်အားတွေနဲ့  သတိကအရေးအကြီးဆုံး။ အတက်ကမောသလို အဆင်းကအန္တရာယ်ကြီးတယ် လေ။ ဘ၀ဆိုတာလည်းအတက်ကအားလို သလို အကျမှာ သတိရှိဖို့ အရေးကြီးပါတယ်။ ဘယ်လောက်ချမ်းသာကြွယ်ဝတဲ့ မိဘကမွေး ဖွားလာလာ ၊ ဘယ်လောက်ဥာဏ်ပညာကြီးတဲ့ သူဆီက ပညာသင်ရသင်ရ အကျမရှိတဲ့ ဘ၀ဆိုတာ တော့ ရှိမယ်မထင်ပါဘူး။ ကျတဲ့ အခါ သတိရှိရှိနဲ့  ကြောင်ကျကျ အောင် ထိမ်းတတ်ဖို့ ကသာ အဓိကပါ။

ဒီဘလော့ ဂ်ကိုရေးမယ်လုပ်တော့  ဟိုဟိုဒီဒီ လျှောက်ရှာကြည့် ရင်းနဲ့ လှေခါးတက်/ဆင်းခြင်းရဲ့ အကျိုးကျေးဇူးတွေတွေ့  လာတယ်။ ကိုယ်အမှတ်တမဲ့ တွေ့ ထားတာလေး သူငယ်ချင်းတွေယူသုံးချင်သုံး ရအောင်လို့ ထပ်ထည့် ရေးလိုက်ပါတယ်။ မက်ဒေါနားဟာ ခရီးတွေထွက်ရလို့  လေ့ ကျင့်ခန်းမလုပ်နိုင်တဲ့ အခါတွေမှာ တစ်နေ့ ကို လှေခါးထစ်ပေါင်း ၅၀၀ အတက်အဆင်းလုပ်ပါ သတဲ့ ။ ၀က် ဆိုက်တော်တော်များများမှာ လှေခါးတက်/ဆင်းခြင်းဟာ ထိခိုက်ဒါဏ်ရာရမှု နည်းပြီး လူကို အမြဲ အားအင် အပြည့်  ရှိနေစေတယ် ၊ ကိုယ်အလေးချိန်မြန်မြန်ကျစေတယ်လို့ ရေးထား တာ တွေ့ ရပါတယ်။ အချိန်အနည်းဆုံးသုံးပြီး အကျိုးများတဲ့ လေ့ ကျင့် ခန်းလို့  ညွှန်းထားတာတွေလည်း တွေ့ ရပါတယ်။ ဘီဘီစီ ပရိုဂရမ်တစ်ခု မှာတော့  လှေခါးတက်/ဆင်း ခြင်းဟာ အသက်ရှည်စေတယ်လို့ တောင် ရေးထားပါတယ်။ လှေခါးတက်/ဆင်းစဉ်မှာ လိုက်နာသင့် တာတွေက တော့ 

၁) တက်တဲ့ အခါ ခါးဖြောင့် ဖြောင့် ထားပြီး ခန္တာကိုယ်ကို အနည်းငယ်ရှေ့ သို့ အားပြုထားပါ။
၂) အောက်ကိုခဏခဏ ငုံ့ မကြည့် ဘဲ၊ ရှေ့ ကလှေခါးထစ်တွေကို ကြည့် ပါ။
၃) ခြေဖ၀ါးတစ်ပြင်လုံး လှေခါးထစ်ပေါ် ချပြီးမှ ခန္တာကိုယ်ကို မ တင်ပါ။
၎) အပေါ်ကိုလှမ်းတက်ပြီးတဲ့ အခါ ဒူးကို ခပ်ပြင်းပြင်းဆွဲ မဆန့် မိပါစေနဲ့ ။
၅) ဖနောင့် တစ်စိတ်တစ်ပိုင်း လွှတ်ပြီး လှေခါးမတက်ပါနဲ့ ။ ခြေမျက်စေ့ က အရွတ်တွေကို ထိခိုက်တတ်ပါတယ်။
၆) လှေခါးမတက်ခင်၊ တက်ဆဲ နဲ့  တက်ပြီးတွေ မှာ ရေ၀အောင်သောက်ပါ။
၇) ခေါင်းထဲမှာ မူးလာတာ၊ ခြေသိပ်မခိုင်တော့ ဘူးလို့  ခံစားရတာ၊ အံချင်သလိုဖြစ်လာတာတွေဟာ အန္တရာယ်ဖြစ်နိုင်ချေ နီးလာပြီလို့  အချက်ပေးနေတာပါ။ အဲဒါတွေခံစားလာရရင် ရပ်ပါ။
၈) ခန္တာကိုယ်မှာ အနာတရမဖြစ်ဖို့  လှေခါးတက်တာနဲ့  လမ်းလျှောက်တာ၊ ခပ်ဖွဖွ ပြေးတာတွေကို တလှည့် စီလုပ်ပါ။

အနှစ်ချုပ်လိုက်တော့  အလုပ်များလို့ အားကစားမလုပ်ဖြစ်တာပါ လို့ ဆင်ခြေပေးတတ်တာ၊ ရုံးမှာလှေခါးလေးနှစ်ဆင့် ကို ဓါတ်လှေခါးနဲ့  တက်တာတွေ ကို ပြန်လည်ဆင်ခြင် သုံးသပ်ဦးမှပါပဲလေ လို့ တွေးနေမိပါကြောင်း ။

3 comments:

Pho Cho said...

အဆီကျတယ်တဲ့ စမ်းကြည့်ဦးမှ အမရေ...ကိုကိုပုကီကို ဒီနည်းလေး မျှဝေကြပါဦး။ ပိုလာတဲ့အဆီတွေလည်းကျ GYM လည်း အချိန်ပေး ငွေပေးပြီး သွားစရာမလိုတော့ Good တယ်။ ကျေးဇူးတင်ပါတယ် အမ....

စာခြောက်ရုပ် said...

အစ်မရေ..အကြီးမ ၀င်ဖတ်ဖြစ်ပါတယ်.....ကြိုက်တယ်အစ်မရဲ့ လှေကားတက်ခြင်း ပို့စ်လေးကို...တကယ်ပဲ လူလောကရဲ့တက်ခြင်းကျခြင်းတွေကို အမှတ်ရစေပါတယ်...အစ်မရေ Projectile Motion ကိုရော လူလောကနဲ့ဆက်စပ်ပြီးတွေးမိတယ်....အဲလိုပါပဲ........အမြင့်ဆုံးကိုရောက်ပြီးရင် အားလုံးက ပြန်ကျမှာပါပဲ...ကိုယ့်ရဲ့ အရှိန်အဟုန်မြင့်ရင်မြင့်သလောက် ကျရင်လဲ နာ မှာအစ်မရေ..အဲဒီတော့ ဖြေးဖြေးနဲ့မှန်မှန်လှေကားထစ်တွေတက်သလို တက်သွားရမှာပါပဲ...ကိုယ့်ရဲ့maximum က ဘယ်မှာရှိလဲကိုယ်လဲမသိတော့ ဘယ်အရှိန်နဲ့ပြန်ကျမလဲလဲ မသိနိုင်ဘူးအစ်မရေ..လှေကားထစ်ကလေးတွေကို အဆင်းအတွက် ရှာထားတတ်မှရမယ်ထင်ရဲ့နော်........အစ်မ စဉ်းစားပေးပါဦး.အဆင်းမှာအဆင်ပြေမယ့်လှေကားထစ်ကလေးတွေက ဘာတွေဖြစ်နိုင်မလဲ.

mongpay said...

Lovely! Appreciate this post and miss my home town where I used to hike some steep mountains and childhood. A good food for thought when it reflects with life's lesson implications. Expecting to read some more articles like this in the near future.