၂၀၀၃ လောက်ကစပြီး နှစ်တိုင်း တစ်နှစ်တစ်ခါ သူငယ်ချင်းတွေနဲ့ စုပြီး လက်သုပ်စုံသုပ်စားလေ့ ရှိခဲ့ တာ ၂၀၀၈-၂၀၀၉ လောက်ရောက် တော့ အိုးသူကြီးစစ်စစ် နီးပါးဖြစ်လာပါပြီ။ သူငယ်ချင်းတွေကလည်း တစ်ယောက်တစ်လှည့် အိမ်မှာနေရာပေး၊ ဈေးဝယ်ပေးပြီး လက်စွမ်း ပြခွင့် ပေးကြပါတယ်။ ဒီလိုအိုးသူကြီးမျိုးတော့  လူတိုင်းဖြစ်ချင်ကြမှာပဲ။ ကျောင်းမှာတုန်းက ဆရာဦးသိန်းထွန်းအောင် မေးတ့ဲ့ မေးခွန်းကို လည်းခဏခဏ သတိရ မိပါ ရဲ့ ။ ညည်းက Chemical ယူတာ မုန့် ဟင်းခါးချက်ရောင်း မလို့ လားတဲ့ ။ အခုနေ ဆရာ့ ကိုတွေ့ ရင် ဆရာရေ မုန့် ဟင်းခါးမဟုတ် ဘူး၊ လက်သုပ်စုံ သုပ်ရောင်းမလို့ လို့  ပြောမိမယ်ထင်ပါရဲ့ ။
အခုတော့ နယ်ချဲ့ ပြီးလက်စွမ်း ပြမယ်လို့ ကြံစည် နေပါတယ်။ သူငယ်ချင်း မချိုရဲ့ လှုံ့ ဆော်မှုနဲ့  (အားကိုးရတဲ့ သူငယ်ချင်းတွေ ကိုယုံ ကြည်တာလည်းပါတာပေါ့ )အောက်တိုဘာလ ၁၈ ရက်နေ့ ၊ တိုပါးယိုး ကျောင်း ၊ ကျောင်းကြီးလို့ အများ ခေါ်ကြတဲ့  Burmese Buddhist Temple က ကထိန်ပွဲမှာ လက်သုပ်စုံ ရောင်းမယ်လို့ ဟန်ပြင် ပါတယ်။ ရောင်းရငွေအားလုံးကတော့ ကျောင်းရံပုံငွေ အဖြစ်လှူမှာ ဖြစ်ပါတယ်။
အောက်တိုဘာလ ၁၁ ရက်နေ့ ကျောင်းကနေ လက်မှတ်ရတဲ့ အခါ သူငယ်ချင်းများကို ဖုန်းဆက်ပြီးလက်မှတ်ရောင်းမယ်ဆိုတာလည်း ကြိုတင် နှိုးဆော်ထား ပါရစေ။ လက်မှတ်အချိန်မီ မ၀ယ်နိုင်ရင်လည်း ကျောင်းရောက်မှ ၀ယ်လို့ ရပါတယ်။ အဲဒီလက်မှုတ်က လက်သုပ်စုံ အပြင် အခြားစားစရာ တွေကိုပါ ကြိုက်ရာ ရွေးချယ်ဝယ်စားလို့ ပါတယ်။ ပြင်ဆင်ထား သမျှကုန်အောင် ရောင်းလေ့ ရှိပြီး အများအားဖြင့် နေ့ လည်တစ်နာရီလောက် ဆိုရင် ရွေးစရာ သိပ်မကျန်တော့ ပါ။ စောစောလာနိုင်ရင် တော့ ကြိုက်တာ ရွေးလို့ ရတာပေါ့ နော်။
သူငယ်ချင်းတို့ ရေ လာပြီးအားပေးကြပါဦးနော်။ များများထည့် ပေးပါ့ မယ်။
The paradox of insular language
1 year ago
3 comments:
လာအားပေးဦးမှာ..
ချဉ်ငံစပ်သုပ်ပေးရမှာနော်..
အချိုအစိမ့်မကြိုက်ဘူး.. :D
မမ သားလည်းလာစားမယ်။ ဒါပေမယ့် သားကိုဆားမပါ၊ အချိုမပါဘဲသုပ်ပေးနော်။ သိတယ်မလား။ အခြေအနေကို။ :P
ကျေးဇူးပါညီမလေးတို့ ရေ။
ချဉ်ငံစပ်လား ၊ ပေါ့ ပေါ့ လေး လား
You name it, we have it.... :)
Post a Comment