Thursday, December 3, 2009

မစိမ့်  ခရီးသွားနေသည် (အပိုင်း ၅) - မီးတောင်ကို တဲ့ မကျော်နိုင်

ဒီတစ်ခါတော့  တစ်ကယ့် တောင်ကို တက်ဖူးပြီလို့  ပြောလို့ ရသွားပြီ။ ကျိုက်ထီးရိုးတက်တာ ဘာဟုတ်သေးလဲ။ ဂျိုဂ်ဂျာနားက အမြင့် ပေ ၂၉၁၁ ရှိတဲ့  မရာပီ တောင် က ဘိုးပြန်တောင်လို ဇောက်မျိုးကို တောက်လျှောက်တက်ရတာ။ ဘယ်လောက်ခက်မယ်ဆိုတာ ကြိုတင်လေ့ လာ ထားတာမ ဟုတ်ပဲ တက်ဘူးချင်ဇောနဲ့  တစ်နေကုန် လျှောက်သွား ထားတဲ့  ကိုယ်ခန္ဓာကို မှအားမနာ ကဗျာကရာ လိုက်သွားမိခဲ့  ပါတယ်။ မီးတောင် မတက်ဘူးရင် အင်ဒိုနီးရှား ရောက်ဘူးတယ်လို့ မခေါ်ဘူးလို့ ထင်မိတာကိုး။ ကားပေါ် မှာပါတဲ့ နှစ်ယောက်က ဧ၀ရက်တောင် တောင်ခြေစခန်းကို ရောက်ဘူးတဲ့ သူရယ်၊ စနေ တနင်္ဂနွေ ရုံးပိတ်ရက်တိုင်း ၆လ ဆက်တိုက် တောင်တက် ထားတဲ့ သူရယ်။ အင်း .. ကားပေါ်မှာ ထဲက အခြေနေတော့ သိပ်မဟန်ဘူးလို့ ထင်မိပါရဲ့ ။ ခပ်ဝေးဝေးက မြင်ရတဲ့ မရာပီတောင်က ဆွဲဆောင်မှုရှိလွန်းတော့  မျက်စေ့ မှိတ်ပြီး သိပ်မဟန်တဲ့  ခန္တာကိုယ် ကို ဒရွတ်ဆွဲ ပြီးတက်ခဲ့ ပါတော့ တယ်။



တက်နေရင်းနဲ့  ကိုပဲ ကိုယ်ခန္တာက သိပ်မဟန်တော့ ဘူး။ ကျင့် သားရနေတဲ့ သူတွေက ခြေလှမ်းမှန်မှန် လှမ်းနေတဲ့ အချိန်မှာ ကိုယ်က တောင်တက်တာ မဟုတ်ပဲ တောင်ပေါ်ကို တွားသွားတာ ဖြစ်နေပြီလေ။ အမြင့် ကို ရောက်လာလေလေ အောက်စီဂျင်နည်း ပြီး လေးလာ လေလေနဲ့  သူများတွေက ကိုယ့် ကိုခဏခဏ စောင့် ရတဲ့ အဖြစ်ကို ရောက်လာတယ်။ အားတင်းပြီး လျှောက်လာတာ တစ်ဝက် တော့ ကျော်လာခဲ့ တယ်။ မီးတောင်ဝကို ရောက်ဖို့  နောက်ထပ် ၂နာရီစာ တက်ရ ဦးမယ်။ နောက်ဆုံး လမ်းလျှောက်ရင်း အိပ်ပျော်မလို ဖြစ်လာ လို့ ဆက်မတက် တော့ ဖို့ ဆုံးဖြတ်လိုက်ရတော့ တယ်။

ဒီနေရာမှာ ဆက်တက်မှာလား၊ မတက်ဖူးလား ဆုံးဖြတ်ချက်တစ်ခုကို ချရတော့ မယ်ဆိုတော့  စိတ်ထဲမှာ တော်တော်ခံရ ခက်တယ်။ ဒီနေရာကို နောက်ရောက်ချင်မှ ရောက်တော့ မှာလေ၊ ပြီးတော့ တစ်ဝက်ကြီးတောင် ကျော်လာခဲ့ ပြီ။ တကယ့် တကယ် ဆုံးဖြတ်ချက် ချဖြစ်သွားတာ ကတော့  အန္တရာယ်မကင်းတေ့ ဘူးရယ်လို့  ခံစားရတဲ့ အချိန်ပါဘဲ။ မတော်တဆ များပြုတ်ကျခဲ့ရင် ဆိုပြီး နေခဲ့ ဖို့  ဆုံးဖြတ် လိုက်တော့ တယ်။

လမ်းပြနဲ့  အဖေါ်နှစ်ယောက်ကတော့  ဆက်တက်သွားပါတယ်။ လင်းလင်းချင်းချင်း ဖြစ်လာလို့  ဘေးပါတ်ဝန်းကျင်ကို မြင်လာရတဲ့  အခါ ကိုယ့် မျက်စေ့ တောင်ကိုယ် မယုံနိုင်လောက်အောင် တောင်ဟာ မတ်စောက်လွန်းတာ တွေ့ ရပါတော့ တယ်။ အဲဒီတော့ မှ ဆက်မတက် မိတာ မှန်လိုက်လေခြင်းရယ်လို့ လည်း တွေးမိတယ်။ မရာပီမီးတောင် ရဲ့ တစ်ဝက်လောက်မှာ ကျန်နေခဲ့တာ ဆိုတော့  ဘေးကပ်ရက် ကတောင်ကို လည်း တော်တော် ထင်ထင်ရှားရှား မြင်ရတယ်။



ကိုယ့် အဖေါ်တွေ တောင်ထိပ်ကနေ ပြန်ဆင်းလာတဲ့ အထိထိုင်စောင့် ပြီး အားလုံးအတူတူ ဆင်းလာကြတော့ မှ ဘယ်လောက်မတ် စောက်တဲ့ တောင်လဲဆိုတာ မျက်ဝါးထင်ထင် တွေ့ ရတော့ တယ်။ ဒီလမ်းကို ကိုယ်တိုင်တက်ခဲ့ တာ ဆိုတာ မယုံနိုင်လောက်အောင်ပါပဲ။

အုပ်စုလိုက် လမ်းလျှောက်တာ တို့ ၊ စက်ဘီးစီးတာတို့ မှာ ကိုယ်က အမြဲတမ်းနီးပါး ရှေ့ ဆုံးက ရှိခဲ့ တာဆိုတော့  သူများတက်နိုင်ပါ ရဲ့ နဲ့  ကိုယ် မတက်နိုင်တာကို ခံရခက်လို့ မဆုံးဘူး။ ခန္တာကိုယ်ရဲ့ အကန့် အသတ်ကို ထည့် မတွက်မိလို့  ရှုံးတဲ့ အရှုံးပါလားနော်။

2 comments:

Unknown said...

was it in the early morning?
hats off to your energy level!

Pho Cho said...

ဒီလိုလေးတွေးကြည့်ရအောင်ပါ...မီးတောင်ကို တက်မကြည့်တာထက်စာရင် ထက်ဝက်လောက်အထိ တတ်ပြီး ခပ်ဝေးဝေးက တောင်စဉ်နဲ့ သာယာနေတဲ့ ဝန်းကျင်အလှကို တဝကြီး ခံစားခဲ့ရတယ်လို့ ...