ညောင်ပင်တစေ ၦ
ဂိ်ဳဂ္ဂ်ာက စော်ဘွားနန်းတော် ပါတ်ဝန်းကျင်မှာ ကွင်းပြင်ကြီး နှစ်ခုရှိတယ်။ ဒီနေ့ အဲဒီကွင်း ပြင်တွေ ဖက်ကို လမ်းလျှောက်ဖြစ်တယ်။ စော်ဘွားနန်းတော်ရဲ့ နောက်ဖက်က ကွင်းထဲမှာ စက်ဘီးစီးတဲ့ သူနဲ့ ၊ ဘီးလေးဘီးနဲ မော်တာတပ် ဆိုင်ကယ်စီးတဲ့  သူနဲ့ ၊ Remote Control နဲ့  ထိန်းတဲ့ လေထီးလေးတွေ လွှတ်တဲ့ သူနဲ့  စည်ကားနေတယ်။ သူတို့ တွေပျော်ရွှင်နေကြတာ ကိုမြင်ရတာနဲ့  ကိုယ်ပါ တော်တော်စိတ်လက်ပေါ့ ပါးလာတယ်။ ဘယ်သူကမှ ကိုယ့် ကိုလာ ပြီး ဘာဝယ်မလဲ၊ Art Gallery သွားမလားတို့ လာမမေးတာ ဒီတစ်နေရာပဲရှိတယ်။ ကွင်းရဲ့  အလယ် ခေါင်နားလောက်မှာ ညောင် ပင်ကြီး နှစ်ပင်ရှိတယ်။ တစ်ပင်နဲ့  တစ်ပင် (၁၅) ပေ လောက်လှမ်းတယ်၊ လူတွေ အုပ်စုလိုက် ကစားနေတာတွေလို့  သွား ကြည့် ကြည် တော့  လူတစ်ယောက် ကို သူ့ အဖေါ်တွေက မျက်စေ့ ကို အ၀တ်နဲ့  စည်း၊ ပြီးတော့  အဲဒီမျက်စေ့  ပိတ်ထားတဲ့  သူကို နေရာမှာ နှစ်ပါတ်လောက်လှည့် ပြီး လမ်းလျှောက်ခိုင်းတယ်။ ဒီလူက ညောင်ပင်နှစ်ပင် ကြားကို ဖြတ်လျှောက်နိုင်ရင် လာဘ်ကောင်းတယ်လို့  အဆိုရှိသတဲ့ ။
(၁၅) ပေလောက်ကွာတာ ဆိုတော့  သိပ်မခက်လှဘူးလို့ ထင်ရတယ်။ ဒါနဲ့  ပဲအတူတူသွား ကြတဲ့  လေးယောက်သား မျက်စေ့ ပိတ်တဲ့ အစည်းတစ်ခုငှားပြီး စမ်းကြည့် ကြတာပေါ့ ။ ညောင်ပင်နှစ်ပင်ရဲ့  အလယ်တည့် တည့် နဲ့  ပေ ၃၀ - ၄၀ လောက်ကနေ စပြီးလျှောက်ရတာ။ နည်းနည်းလေးလောက် တိမ်းသွားတာနဲ့  သစ်ပင်နှစ်ပင်ကြားကို မဖြတ်နိုင်တော့ ဘူး။ လူတော်တော် များများ ကတော့ အများကြီးကို တိမ်းပါတယ်။ သစ်ပင်ဆီကိုတည့်တည့်  သွားတဲ့ သူနဲ့ သစ်ပင်ဘေးကို လုံးလုံးလမ်းချော်သွားတဲ့  သူနဲ့ ၊ စထွက်တဲ့ နေရာမှာတင် ပါတ်ချာလှည့် နေတဲ့  သူနဲ့ ပျော်စရာကောင်းတယ်။ ကိုယ်စမ်းကြည့် တော့ လည်း ဘယ်ဖက် ကိုစောင်းစောင်းသွားပြီး ဖြတ်မလျှောက် နိုင်ဘူး။
နောက်တစ်ခေါက်ကျတော့ အတူတူလာတဲ့  တစ်ယောက်က နောက်ကနေပြီး နည်းနည်း ညွှန်ပေးလို့  ညောင်ပင်နှစ်ပင်ကြား ကိုဖြတ်သွား နိုင်တယ်။
ကိုယ်စွမ်းကိုယ်စနဲ့  ရတာမဟုတ်တော့ လုပ်ယူထားတဲ့  လာဘ်လို့ ပြောရမှာပေါ့ - ဟဲ ဟဲ။
“ေညာင္ပင္တေစ ၦ ေ၀ေလေလ
နင်ဘာသီးစား ညောင်သီးစား” လို့ ဆိုပြီး ကစားကြတာတဲ့ ကလေးဘ၀ကိုတောင် လွမ်းသား။
The paradox of insular language
1 year ago
No comments:
Post a Comment