Sunday, December 13, 2009

5-Dollar Group

သံလျှင်ကပရဟိတ ကျောင်းလေးအတွက် ရေရှည်လှူဖြစ်ဖို့ သူငယ်ချင်းတွေနဲ့ဝိုင်းဆွေးနွေးကြရင်းနဲ့ ဆရာပေးတဲ့အကြံကို သဘောကျမိ တယ်။ တစ်လကို တစ်ယောက် စင်္ကာပူ (၅) ဒေါ်လာစီထည့် ဝင်ဖို့သဘောတူတဲ့သူတွေနဲ့ အဖွဲ့ကလေးတစ်ခုဖွဲ့ ပြီး ကျောင်းကိုအဓိက (၈၀% လောက်)လှူ၊ ပြီးတော့ အများသဘောတူညီတဲ့ အခြားအလှူလေးတွေကိုလည်း အတူတူလှူကြဖို့ပါ။ အနည်းဆုံးက စင်္ကာပူ (၅) ဒေါ်လာဖြစ်ပေမယ့် ပိုထည့်ချင်လို့လည်းရတယ်။ ရံဖန်ရံခါ ကိုယ်စတင်အကြံ ပေးလို့၊ ဒါမှမဟုတ် ကိုယ်ကဒီအလှူကိုပိုလှူချင်လို့ ဆိုရင်လည်း ပိုလှူလို့ရတာပဲ။

လိုအပ်ချက်လေးတွေတွေးကြည့် တော့ ဘဏ္ဏာရေးမှူးတစ်ယောက်လိုမယ်။ အဖွဲ့သားတွေက အလှူတစ်ခုအဆိုတင်လာတဲ့အခါ လှူမယ်၊ မလှူဘူးဘယ်လိုဆုံးဖြတ်ကြမလဲ ဆိုတာတွေကို ကြိုတင်သဘောတူညီချက်လိုမယ်။ လတ်တလောသိချင်နေတာကတော့ ဒီလိုအသင်း မျိုးဖွဲ့ရင် ၀င်ဖို့စဉ်းစားမယ့်သူ ဘယ်လောက်ရှိမလဲဆိုတာပါဘဲ။ ဘေးက Pool လေးဖြေကြည့်ပေးပါလား။ ကျေးဇူး။

1 comment:

Pho Cho said...

အားလုံးအတွက် အလှူတစ်ခုကို လစဉ်လုပ်ဖြစ်နေလို့ ကုသိုလ်ကော အလှူရဲ့ပီတိပါရနေမယ့်အပြင် ဝန်မပိုစေတဲ့ အလှူငွေထည့်ဝင်ခြင်းဖြစ်တဲ့အတွက် သိပ်ကိုကောင်းမွန်တဲ့ အစီအစဉ်လေးပါ။ လှူတဲ့ဖက်ကကော အလှူအတွက်ပါဝင်လှုပ်ရှားဖို့ပါ စိတ်ဝင်းစားပါတယ်။ လက်တို့ဖို့ မမေ့နဲ့နော်...မစိမ့်