Sunday, September 27, 2009

အဓိပ္ပါယ်ရှိသော ကြော်ငြာများ

Petronas ကြော်ငြာများဟာ အဓိပ္ပါယ်တစ်ခုခုရှိအောင် Message တစ်ခုခု ပေးနိုင်အောင် ရိုက်ကူးပြီး အချိန်အခါအလိုက် (ဥပမာ - တရုပ် နှစ်ကူး ၊ ဒေ၀ါလီ စသဖြင့် ) ထုတ်လွှင့် လေ့ ရှိတယ်လို့ ကြားဘူးပါတယ်။ ဒီနေ့ အဲဒီကြော်ငြာတွေရှာဖွေ ကြည့် မိလို့  သူငယ်ချင်းတွေကို မျှဝေလိုက်ပါတယ်။

ဘယ်သူမှ မွေးကတည်းက Race ကို ခွဲခြားမသိပါဘူး။ လူကြီးတွေအရောင်ဆိုး လို့ သာကလေးတွေ ဟာအချင်းချင်း ခွဲခြားဆက်ဆံတတ်လာတာပါ။ Children are color blind, shouldn't we keep them that way လို့ message ပေးထားပါတယ်။

Behold the child
By nature's kindly law
Pleased with a rattle
Tickled with a straw
Every great person started small.... လို့ Message ပေးထားပါတယ်။ ကလေးတွေ လူငယ်လေး တွေ ကို ပြုစု ပျိုးထောင်ဖို့ အရေးကြီး တယ်လို့ ဆိုလိုချင်ပုံရပါတယ်။

ဒါကတော့ အမြဲပြိုင်ဆိုင်တတ်တဲ့ တရုပ်မိသားစုနှစ်စု အကြောင်း Chinese New Year Ad

Chinese New Year မှာ မိသားစု ညစာစားပွဲ တက်ခွင့် မကြုံ တဲ့ ၊ ပြန်စရာအိမ်ရယ်လို့ မရှိတဲ့ မိဘမဲ့  ကလေးလေး တစ်ယောက်။

အဖေကိုချင်းကြားကြီးထဲ ထည့်ထမ်းပြီးတောင်ပေါ်မှာသွားစွန့် ပစ်တဲ့ ပုံပြင်ကို ကြားဘူးကြမှာပေါ့ နော်။ ဒီကြော်ငြာကတော့  အဖေအိုကြီး ကိုငြိုငြင်တဲ့ မိဘနှစ်ပါးကို သားနဲ့ သမီး ဆော့ ကစားနေတာက အမှတ်မထင် နောင်တရစေတဲ့ ဇာတ်လမ်းလေး။ Hari Raya 2006 မှာထုတ်လွှင့် တာပါ။

Hari Raya မှာ Petronas ကငွေမယူဘဲ ဆီဖြည့် ပေးပုံ ရပါတယ်။ အဲဒါကို သားနဲ့ အဖေရဲ့  ဇာတ်လမ်းလေးနဲ့ တင်စားထားတာပါ။

စီးပွားရေးအတွက် ဘယ်လောက်ထိရောက်မလဲ မသိပါ။ ဇာတ်လမ်းတို လေးတွေနဲ့  ပေးတဲ့  Message တွေကိုတော့ တော်တော်သဘော ကျမိပါတယ်။

3 comments:

Haymar said...

မမ ကြော်ငြာတွေမိုက်တယ်နော်။ အဖေကို ထမင်းသတ်သတ်ကျွေးတဲ့ကြော်ငြာကြည့်ရင်း အိမ်ကိုလွမ်းလို့ မျက်ရည်တောင်ကျတယ်။

Saint said...

ဒီကြော်ငြာတွေကြည့် ပြီး ဘယ်နိုင်ငံမှာဘဲနေနေ ဘာလူမျိုး ဘဲဖြစ်ဖြစ် လူဟာလူပါဘဲ၊ မိဘကိုသိတတ် နားလည်ဖို့ ကျေးဇူးဆပ်တတ်ဖို့ ဆိုတာ တွေကို အမြဲ သတိပေးနေရတာပါလား လို့ လည်းတွေးမိတယ်။

Pho Cho said...

ဘဝမှာ အတူတူရှိနေခဲ့တဲ့အချိန်တွေကို လိုအပ်ချက်တစ်ခုလို့ မမြင်တွေ့ရခင်၊ ရင်မဆိုင်ရခင်အချိန်အထိတော့ ကျွန်တော်တို့ လွယ်လွယ်ပဲ အမှုမဲ့အမှတ်မဲ့ နေတတ်ကြပါတယ်။ လက်တွေ့ကြုံလာတဲ့အခါကြမှ သူတို့ ကိုယ့်အနားမှာ ရှိနေခဲ့တဲ့အချိန်တွေကို လွမ်းဆွတ်တမ်းတရုံပဲ တတ်နိုင်တော့တယ်ဗျာ.......................