Saturday, October 3, 2009

တွန်းလှည်းပေါ်က စာသင်ကျောင်း

CNN Heros အစီအစဉ်ထဲ မှာ တွေ့ လိုက်တဲ့  Philippines က Efren Peñaflorida ရဲ့  ဘာသာစကားတွေ၊ တစ်ကိုယ်ရေ ကျန်းမာရေး အသိတွေ သင်ပေး တဲ. တွန်းလှည်းပေါ်က စာသင်ကျောင်းကလေးကို အထူးပဲ သဘောကျမိပါတယ်။

ဖိလစ်ပင်းကမြို့ ပေါ်တွေမှာ ဂိုဏ်းဖွဲ့ သောင်းကျန်းကြတဲ့ လူငယ် အရေအတွက်ဟာ လွန်ခဲ့ တဲ့ (၁၀) နှစ်အတွင်းမှာ အဆမတန်များပြား လာပါတယ်။ ယနေ့ ဆိုရင် လူငယ်ကလေးပေါင်း တစ်သိန်းသုံးသောင်း ကျော်လောက်ဟာ ဂိုဏ်းအဖွဲ့ ဝင်တွေ ဖြစ်နေကြပါတယ်။ လို့ Video Clip ထဲမှာ စာတန်းထိုးထားပါတယ်။

ဆင်ခြေဖုံး တွေကလူငယ်လေးတွေဟာ အသက်(၉)နှစ်လောက် ကစပြီး ဂိုဏ်းအဖွဲ့ ဝင်တွေအဖြစ် "အမွေးခံရ" တတ်ပါတယ်၊ သူတို့ တွေဟာ ဆင်းရဲမွဲတေခြင်းရဲ့ သားကောင်တွေပါ လို့  Efren ကပြောတော့ မနှစ်က Oscar တွေအများကြီး ရတဲ့  Slumdog Millionaire ရုပ်ရှင်ကားကို ရော၊ ငယ်ငယ်က တောင်ဥက္ကလာမှာ နေတော့ လမ်းထဲမှာ အုပ်စုလိုက် လမ်းသလား၊ တွေ့ ရာအသီးအရွက်ခူး၊ လစ်ရင်တွေ့ တဲ့ ပစ္စည်းယူနဲ့ အသက်မွေးရတဲ့ ကလေးဆိုးလေးတွေ ကိုပါသတိရ မိပါတယ်။

ကိုယ်က ငယ်ငယ်လေးကတည်းက လမ်းထွက်ပြီး ဆော့ တတ် တော့ ခဏခဏ အဆူခံရတတ်တယ်။ လူကြီးတွေက "ဖမ်းသွားပြီးး သူတောင်းစားလုပ်ခိုင်းလိမ့် မယ်" လို့ ပြော ရင်အလကား ခြိမ်းခြောက်တာပါလို့ ထင်ခဲ့ တာ။ Slumdog Millionaire ရုပ်ရှင်ကားထဲက ကလေးလေးကို သီချင်းအဆိုကောင်းအောင် သင်ပေးပြီးမှ မျက်စေ့ ကန်းအောင် လုပ်ပြီး သူတောင်းစားလုပ် ခိုင်းတဲ့ အခန်းကို ရောက်တော့  ကြက်သီးမွေးညှင်းတောင်ထမိတယ်။

Efren ဟာအထက်တန်းကျောင်းမှာ ခွဲခြားဆက်ဆံခံရတာ၊ အနိုင်ကျင့် ခံရတာတွေကို ကိုယ်တိုင်လည်း ခံစားရဘူးပါတယ်။ "တျနော်က တော့ ယုံကြည်ချက်ရှိတယ်။ လူငယ်လေးတွေကို ကောင်းတဲ့ ဘက်ကို လမ်းလွှဲပေးဘို့ ဒီ တွန်းလှည်းပေါ်က စာသင်ကျောင်းကို လုပ်တာ ပါ" လို့ သူကပြောပါတယ်။

Efren ဟာသူ့ ရဲ့ တွန်းလှည်းကို စနေနေ့ တိုင်း လမ်းတွေထဲ မှာ လျှောက်တွန်း ပြီး ကလေးတွေကို ဘာသာစကား တွေ၊ အစာမစားခင်နဲ့ လက်တွေညစ်ပတ် နေတဲ့ အခါ လက်ကိုသေချာ ဆေးဖို့ ၊သွားတွေကို စနစ်တကျ တိုက်တတ်ဖို့ ၊အနာတွေဘာတွေရှိရင် သေသေချာချာ သန့် ရှင်းတတ်ဖို့  စတဲ့ တစ်ကိုယ်ရေ ကျန်းမာရေး အသိတွေ ကိုလမ်းထဲမှာ ပြေးလွှားဆော့ ကစားနေတဲ့ ကလေးတွေ ကိုသင်ပေးပါတယ်။

၁၉၉၇ ကတည်းကစခဲ့ တဲ့  Efren ဆီကို အခုဆိုရင် လူငယ်ပေါင်း တစ်သောင်းကျော် ကအဖွ့ဲဝင် ခဲ့ ပြီးပါပြီ။ ကလေးပေါင်း တစ်ထောင့့် ငါးရာကျော်ကို လည်း တွန်းလှည်းပေါ်က စာသင်ကျောင်းလေးက စာသင်ပေးခဲ့ ပါတယ်။

(၁၆)နှစ်အရွယ် လူငယ်လေးတစ်ယောက်ကတော့ "ကျနော့ ရဲ့ ဂိုဏ်းအဖွဲ့ ဝင်တွေဟာ ကျနော့် ဘ၀ကိုလွှမ်းမိုးမှုအရှိဆုံး ဖြစ်ခဲ့ ဘူးပါတယ်။ တကယ်လို့ သာ ဂိုဏ်းထဲမှာဘဲ ရှိနေဦးမယ်ဆိုရင် ကျနော်တော့ ထောင်ထဲပဲ ရောက်နေမလား၊ ဆေးသမားပဲဖြစ်နေမလားမသိ" လို့ ပြောပါတယ်။

Video Clip ကို ဒီမှာ ရှာကြည့်  နိုင်ပါတယ်။ CNN Heros Nominees ဆယ်ယောက်ထဲ ကနေပြီး သူ့ ကို CNN Hero အဖြစ်မဲ ပေးလို့ လဲ ရတယ်နော်။

လူမှုလောက ရဲ့ ဝန်တွေကို ကျရာနေရာမှာ နိုင်သလောက်တာဝန်ယူနေတဲ့ Efren လိုလူမျိုးတွေဟာ CNN ရဲ့  Ordinary People, Extraordinary Impact ဆိုတဲ့ စာသားနဲ့ တကယ်ကို လိုက်လျှော ညီထွေလှပါတယ်။

4 comments:

Haymar said...

မမ သူ့အကြောင်းတော့အခုမှသိတယ်။ ဒါပေမယ့် အဲဒီလိုတွန်းလှည်းတို့၊ ကားတို့နဲ့လိုက်ပညာပေးတဲ့ ideaကိုတော့ ဖတ်ဖူးတယ်။ ဘယ်အဖွဲ့လဲမမှတ်မိတော့ဘူး။ ဦးနှောက်တွေက မကောင်းတော့ဘူးလေ။ :D

said...

post တွေအများကြီး တင်ပါစေတော့ဆိုပြီး ရေး ..... အဲဟုတ်ပေါင်.....။
အရမ်းကောင်းတဲ့ Idea ရှိနေတာ အခုမှသိရတဲ့ အတွက် ...
ညီမလေးရေ ကျေးဇူး

Unknown said...

“တွန်းလှည်းပေါ်က စာသင်ကျောင်း” မှာ သင်ကြားခွင့်မရ ပေမယ့် သားတို့က အားမငယ်ပေါင်......စေတနာ အပြည့်အဝနဲ့ အမြဲကူညီဖို့ အသင့်ဖြစ်နေတဲ့ မစိမ့်ရှိတယ်။

Pho Cho said...

“တွန်းလှည်းပေါ်က စာသင်ကျောင်း” တပိုင်တနိုင် ပရဟိလုပ်ငန်းလေးတစ်ခုကို လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်ခဲ့တာ တကယ့်ကို ဂုဏ်ယူစရာပါ။ စကာင်္ပူမှာလည်း ဒီလို မွန်မြတ်တဲ့ ပရဟိတစေတနာရှင်တွေရှိနေပါတယ်။ အပြုံးချိုချိုလေးနဲ့ စိတ်စေတနာပါပါ အားတက်သရော ကူညီလေ့ရှိတဲ့သူပါ.....မစိမ့်လို့ခေါ်ပါတယ်။