Day2: Myit Kyi Nar - Bamaw
The bus left Myit Kyi Nar around 8:30 am. I decided to take a minibus as I want to get the traveling experience of a local ordinary traveler. The boat ride from Myit Kyi Nar to Bamaw was not recommended for the low water level of this season (Mid February). Once the bus left the city center, it was crossing over Ayeyarwaddy via Balaminhtin Bridge. It was quite a flat and wide plane from Myit Kyi Nar to Dog Pheng Yan and the road was good until Dog Pheng Yan. It was not a tar road anymore, but still in good condition with compacted stones (the bus tires might be gone in a few months time though) between Dog Pheng Yan to Moe Mauk. The bus has been running between the mountains and passing over many small creeks. After Moe Mauk, the landscape became flat again and the road condition was bad until Bamaw.
There were only a few vehicles on the road - some minibus, the pickups with fixed chairs on the roof of the vehicle (too bad, I don't have a photo), and some motorcycles. It was laid back and relax kind of experience.
မြစ်ကြီးနား - ဗန်းမော် ခရီး
မြစ်ကြီးနားကနေ ဗန်းမော်ကို ကားနဲ့ ဆင်းလာတော့ ဧရာဝတီမြစ်ကို ဗလမင်းထင်တံတား နဲ့ ဖြတ်ကူးရပါတယ်။ တံတား ဖြတ်ပြီးတာနဲ့ ၀ိုင်းမော်မြို့ ထဲကို ၀င်လာပြီး မြေပြန့် အကျယ်ကြီး ကိုဖြတ် ရပါတယ်။ လမ်းဘေးက ရိတ်ပြီးသား လယ်ကွက်တွေ၊ တစ်ချို့  နောက်တစ်သီး စိုက်ဖို့ ရေ ပြန် သွင်းထားပြီးသား လယ်ကွက်တွေဟာ မြန်မာနိုင်ငံ အလယ်ပိုင်းက လယ်ကွက်တွေ လိုပါဘဲ။ လမ်းမှာ ချောင်းငယ်လေးတွေကို ကားတစ်စီးချင်းပဲ ဖြတ်လို့ရတဲ့ ဘေလီတံတား တွေနဲ့ ဖြတ်ရပါတယ်။ ခပ်ဝေးဝေးက တောင်တန်းကြီးတွေ ကိုလှမ်းမြင်နေရပြီး၊ သစ်ပင်ကြီးကြီး မရှိတဲ့ ကွင်းကြီး ထဲမှာ သွားနေတဲ့ ကားပေါ်မှာ ထိုင်လိုက်ရတာ ငယ်စဉ်က ခဏခဏ သွားခဲ့တဲ့ ရမည်းသင်း-ပျဉ်းမနား ခရီးတွေကို သတိရလှပါတယ်။ မတူတာကတော့ လေက နွေးမနေဘဲ တော်တော်လေး အေးနေတာပါ။ ကားလမ်းကလည်း တော်တော် ချောချောမွေ့မွေ့ ရှိပါတယ်။
ဝိုင်းမော်မြို့ နယ်က ထွက်လာပြီး ဒေါ့ဖုန်းယန်မြို့ နယ်ထဲ ၀င်လို့ သိပ်မကြာခင်မှာ ခင်းထားတဲ့ ကားလမ်းက ပြောင်းသွားပါတယ်။ ကျောက်ခဲတွေကို ကြပ်ညပ်နေအောင် သိပ်ပြီးထည့်ထား တဲ့ လမ်းပါ။ ဒီအရပ်မှာတော့ မြေပဲယို လမ်းလို့ ခေါ်ပါသတဲ့။ လမ်းဘေးက ရှုခင်းတွေကလည်း မတူတော့ပါဘူး။ ကားက တောင်တွေရှိတဲ့ ဘက်ကို ဦးတည်သွားနေပြီး လမ်းဘေးမှာလည်း တောတောင် ထူထပ်လာပါပြီ။ လိုင်ဇာ လမ်းခွဲအလွန် လောက်ရောက်တော့ တောင်တွေ ကြားထဲကနေ သွားနေပါပြီ။ မိုးမောက် လောက် ကနေ မြေပြန့် ပြန်ဖြစ်သွားပြီး လမ်းဆိုးလာ လိုက်တာ ဗန်းမော် ရောက်တဲ့ အထိပါပဲ။
လမ်းတစ်လျှောက်မှာ ခေါင်မိုးပေါ်မှာ ထိုင်ခုံတွေ ဆင်ထားပြီး အောက်မှာ ကုန်တင်တဲ့ ဟိုင်းလပ် ကား တွေ၊ မှန်လုံလို့ ခေါ်တဲ့ minibus တွေ နဲ့ ကိုယ်ပိုင်ကား တစ်စီးတစ်လေ ပဲတွေ့ရပါတယ်။ ဒေသခံတွေ ကတော့ ထော်လာဂျီနဲ့ ခရီးသွား ကြတယ်ထင်ပါ့။ ဆိုင်ကယ်နဲ့ စပါးလို ဆန်လို အိတ်ကြီးတွေကို သယ်ကြတာလည်း တွေ့ရပါတယ်။ ဆိုင်ကယ် နှစ်စီး၊ သုံးစီး အတူတူလာ ကြရင်း တစ်စီးက မှောက်လို့ ၀ိုင်းမပေးနေ ကြတာလည်း ခဏခဏ တွေ့ရပါတယ်။ လိုင်းကား တွေကလည်း မနက် မြစ်ကြီးနား / ဗန်းမော် ကနေထွက် နေ့လည် ၂ နာရီ၊ ၃နာရီ လောက်မှာ ဗန်းမော် / မြစ်ကြီးနား ကို ရောက်တဲ့ ကားတွေပဲရှိတော့ အသွားအလာ နည်းတဲ့ အရပ်လို့ ပြောလို့ရပါတယ်။
ဒီဒေသ က နိုင်ငံခြားသား ခရီးသွား များနဲ့တော့ သိပ်စိမ်းပုံမရပါဘူး။ ကိုယ်စီးတဲ့ ကားပေါ်မှာ တောင်မှ Less-traveled and remain natural ဒေသမျိုးကို မှ သွားချင်လို့ မြန်မာပြည်ကို ခရီးထွက် လာတာ လို့ ဆိုတဲ့ Switzerland က မောင်နှံကို တွေ့ခဲ့ပါသေးတယ်။ လူတွေ အရောက် အပေါက် နည်းတာကို က ကိုယ်တို့ မြန်မာပြည်ရဲ့  ဆွဲဆောင်မှုပါ။ ကိုယ့်အတွက် ကတော့ အိမ်ပြန်လာတဲ့ ရက်တိုလေး အတွင်းမှာ မရောက်ဘူးသေးတဲ့ ဒေသ အသစ်တစ်ခုကို ရောက်ရလို့ ကြေနပ်နေတာပါပဲ။
The paradox of insular language
1 year ago
1 comment:
စကားမပြောဘဲ စာတွေဘဲရေးနေသလား။
သွားနိုင်တယ်နော် ငယ်သေးတယ်ထင်ရဲ့ တို့တွေ ဆိုသွားနိုင်တော့မယ်မထင်။
Post a Comment