Saturday, February 27, 2010

Day 5: Mandalay

The next day, I reached Mandalay around 8am. I stationed myself at my Aunt’s house for the day. Maha Myat Muni is crowded as usual. Shan noodles and Mandalay noodles are as attractive as usual for the breakfast.

I decided to cycle around the old palace walls and the curiosity brought me inside the old palace. Although I have been to Mandalay several times, I had never entered the old palace before. It was quiet inside the rebuilt Glass Palace and the buildings surrounding it. I met a few local families, youngsters and foreigners in the cultural museum in which the carriages, some utensils, some original and some re-made clothes were displayed. It was nothing more than a place where all these things are put in the show cases without having temperature or moisture controls.

The inside of the palace did not attract me but the palace walls, the gate and the moats were interesting as they were original. We can see the effort that the previous generations had put in while building them. The walls and the gates were in good condition, the watch towers were maintained except some of them on the west and north palace walls. The moat was reconstructed and maintained well.

I spent the day just around the palace walls and some pagodas around, then took a bus by "Mya Mandalar Tun" company from Mandalay to Yangon. It leaves Mandalay at 7pm and reached Yangon the next morning 6:30am. There are 7 buses under that company leaving for Yangon at the same time. It was a well-organized bus ride with stoppages for toilet break and breakfast break. The service was satisfactory.

မန္တလေးမှာတော့ အဒေါ်အိမ်မှာ တရက်တာ စတည်းချပြီး စက်ဘီးလေးနဲ့ နန်းတော်မြို့ ရိုးကို ပတ်ပါတယ်။ မန္တလေးမှာ စက်ဘီးစီးဘူး ချင်တဲ့ ဆန္ဒလည်း အခုတစ်ခေါက်မှဘဲ ပြည့်တော့တယ်။ စက်ဘီးနဲ့ ဆိုတော့ သွားရတာ လွယ်ကူတာမို့ နန်းတွင်းထဲကိုပါ ၀င်ဖြစ် သွားတယ်။ ပြန်ဆောက်ထားတဲ့ မှန်နန်းတော်ကြီးနဲ့ ဘေးပါတ်ဝန်းကျင်က အဆောင်တွေမှာ ထိုင်း Tour Group တစ်ခု တွေ့တာမှ အပ တိတ်ဆိတ်ငြိမ်သက်လို့၊ ပြတိုက်ထဲမှာတော့ မိသားစု တစ်စု၊ လူငယ်လေး တစ်ချို့  နဲ့ နိုင်ငံခြားသား နည်းနည်း တွေ့တယ်။ မိသားစု ကလေးက အဖေ၊အမေ ရယ် သားတစ်ယောက် သမီးတစ်ယောက်ရယ်။ အဖေက သားနဲ့ သမီးကို ရှေးက ဘုရင်တွေ မှူးမတ်တွေ စကား ပြောပုံကို အသံနေ အသံထားနဲ့ ပြောပြနေတာ သဘောကျမိတယ်။



နန်းမြို့ ရိုးနဲ့ ကျုံးကတော့ ခန့်ငြားထည်ဝါဆဲပါ။ ဘုရင်ခေတ်က လူအင်အား ငွေအင်အားနဲ့ တည်ဆောက်ခဲ့တာကို သိသာထင်ရှား လှပါတယ်။ အရှေ့  မုဒ်နားက နန်းမြို့ ရိုးပေါ်ကိုတက်ပြီး မျှော်ကြည့်လိုက်ရင် မြောက်ဘက်မှာ မန္တလေးတောင် တောင်ဘက်မှာတော့ မန္တ္ထလေး ဆီဒိုးနား ဟိုတယ်ကို မြင်ရတယ်။ နန်းတော်မြို့ ရိုးကြီး ဖမ်းစားတာနဲ့ ပြတိုက်ထဲမှာ ရောင်းတဲ့ စာအုပ်တွေထဲက ရတနာဂီရိ နိဒါန်း (မောင်သန်းဆွေ - ထားဝယ်) ဆိုတဲ့ စာအုပ် ၀ယ်ဖတ်ဖြစ်သွားတယ်။ အဲဒီစာအုပ်က သီပေါမင်းနဲ့ မိသားစု မန္တလေး နန်းတော်ကနေ ပါတော်မူ ပြီးတဲ့နောက် ရတနာဂီရိကို ရောက်သွားပုံ၊ ရတနာဂီရိမှာ နေထိုင်ပုံ၊ ရံဖန်ရံခါ ပွဲတော်များ ကျင်းပပုံ၊ အိမ်တော်တက်ပွဲ နဲ့ သမီးတော်များ နားထွင်းပွဲ တွေကျင်းပဖို့ စီစဉ်ကြပုံတွေ အပါအ၀င် သီပေါမင်း နတ်ရွာလား သည်အထိ ရေးထားတာပါ။ အင်္ဂလိပ်အစိုးရ ကပေးတဲ့ ထောက်ပံ့ကြေးဟာ မနည်းလှသော်လည်း ဘုရင်မိသားစု အတွက် ဘယ်လိုမှသုံးမလောက်လို့ ပါသွားသမျှ လက်ဝတ်ရတနာ တွေ ရောင်းချစားသောက်ရတာ၊ ရောင်းစားစရာ မကျန်တော့တဲ့ အခါ နန်းကမခွာခင် သိမ်းသွားတဲ့ ရတနာတွေ ပြန်တောင်းပေမယ့် ပြန်မရ တော့တာ၊ သမီးတော်များကို ထိမ်းမြားပေးဖို့ သင့်တော်တဲ့ အိမ်ထောက်ဖက် ရှာလို့မရတာ၊ အင်္ဂလိပ်များ စေလွှတ်တဲ့ မြို့ နယ်ဆရာဝန် ခရိုင်ဆရာဝန် တွေကို ယုံကြည်ကိုးစားစိတ် မရှိလို့ နတ်ရွာလားတဲ့ အထိ ဒေါက်တာရမ်းကုနဲ့ ကုတာတွေဟာ နန်းကျဘုရင်ရယ်လို့ မဟုတ်ဘဲ အိမ်ထောင် ဦးစီး တစ်ယောက်အနေနဲ့ သီပေါမင်းကို စာနာသနားစိတ် ဖြစ်မိပါတယ်။ သီပေါမင်းဟာ နတ်ရွာလားတဲ့ အထိ အကြွေးတင် သွားရ ရှာပါတယ်။





ကျုံးတောင်ဖက် တစ်နေရာမှာတော့ ချက်(စ်)ထိုးတဲ့ ကွင်းတစ်ခုတွေ့တယ်။ ဓါတ်ပုံရိုက်ဖို့ အဆင်မပြေလိုက်တဲ့ တစ်ခေါက်မှာ သူတို့တွေ ချက်(စ်) ထိုးနေတော့ အရုပ်ကြီးတွေက ဒူးကျော်ကျော်လောက် မြင့်တာ တွေ့လိုက်ရတယ်။ ကျုံးဘေးပါတ်လည်မှာ ခြေလက် လှုပ်ရှား အားကစား လုပ်စရာ ကရိယာလေးတွေရယ်၊ ညနေဖက်မှာ လူတွေ လမ်းလျှောက်နေတာ၊ ကလေးတွေ ပြေးလွှားကစား နေတာ တွေ့လို့  သဘောကျခဲ့ပါတယ်။



အဲဒီနောက်တော့ ညနေ (ရ)နာရီထွက်တဲ့ မြတ်မန္တလာထွန်း ကားနဲ့ ရန်ကုန်ပြန်လာခဲ့တော့တယ်။ ကားခုနစ်စီး တန်းစီပြီးထွက်တဲ့ အဲဒီ ညမောင်းတဲ့ အဝေးပြေးကား တွေ စီးရတာ တော်တော် အချိန်ကုန်သက်သာပြီး၊ လမ်းခရီးမှာ လူလည်း အတော်အသင့် သက်သာ ပါတယ်။ နောက်နေ့မနက် ၆နာရီခွဲလောက် ရန်ကုန်ပြန်အရောက်မှာ ၂၀၁၀ရဲ့  မြစ်ကြီးနားခရီး ပြီးဆုံးသွားပါပြီ။



နောက်နှစ်တွေမှာ မရောက်ဘူးသေးတဲ့ နေရာတွေ ထပ်သွားချင်သေးတဲ့ စိတ်က အခုကတည်းက လူကို နောက်နှစ် ဘယ်သွားရမလဲလို့ ကြိုတင် တွေးနေစေပါတယ်။ အင်းဒါနဲ့ပဲ နေ့စဉ် မြန်မြန်သွား မြန်မြန်စား အလုပ်တွေ ကျုံးလုပ်ပြီး ခရီးစားရိတ် စုရသေးတာပေါ့လေ။

No comments: