Showing posts with label My Thoughts (တွေးစရာ). Show all posts
Showing posts with label My Thoughts (တွေးစရာ). Show all posts

Wednesday, June 2, 2010

ပိုက်ဆံအိတ် ကောက်ရသူများနှင့် ကျမ

အင်မတန် နမော်နမဲ့ နိုင်တဲ့ ကျမ အလုပ်တစ်ဖက် ကျောင်းတက်ဖက်နဲ့ ဗျာများရတဲ့ ၂၀၀၁ ကနေ ၂၀၀၃ အတွင်း ပိုက်ဆံအိတ် သုံးခါ ပျောက်ပါတယ်။ ပထမဆုံးတစ်ခါက အလုပ် ပြီးလို့ ကျောင်းသွားဖို့ အထွက်မှာ အလုပ်လုပ်တဲ့ ကုမ္ပဏီ ရှိရာ အဆောက်အဦး က အိမ်သာမှာ မေ့ကျန်နေခဲ့ တာပါ။ ကျောင်းတက်စဉ် ကာလက ကျောင်းသားကဒ်နဲ့ အမေရိကန်ဒေါ်လာ သုံးရာပါတဲ့ ပိုက်ဆံအိတ်ဟာ အသက်တမျှ အရေးကြီးပါတယ်။ ကားဂိတ်မှာ ပိုက်ဆံအိတ်ပျောက်ပြီလို့ သိသိချင်း ခေါင်းတွေထူပူပြီး အဆောက်အဦး ဆီကိုပြန်ပြေး ရပါတယ်။ ကိုယ့်ရုံးရော အနီးအနားက ကုမ္ပဏီတွေပါ သော့ခတ်ကုန်ကြပါပြီ။ နှစ်ခန်းကျော်လောက်က ဆံပင်ဆိုးဆေးတွေနဲ့ ဆံပင် ညှပ်ဆိုင်တွေမှာ သုံးတဲ့ ပရိဘောဂတွေ ရောင်းတဲ့ ကုမ္ပဏီတစ်ခုပဲ လူရှိတော့တယ်။ ဘာလုပ်ရမှန်း မသိ၊ ဘယ်သူ့မေးရမှန်း မသိ ဖြစ်နေတုန်း အမျိုးသမီးတစ်ယောက် ရုံးခန်းထဲက ထွက်လာပြီး "ပိုက်ဆံအိတ်ပျောက်လို့လား" လို့မေးပါတယ်။ ဟုတ်ပါတယ် ဆိုတော့ အိတ်ကိုထုတ်ပေးပြီး သန့်ရှင်းရေး လုပ်တဲ့ သူက လာပေးထားတာလို့ လည်းပြောပါတယ်။

ကိုယ့် ရုံးရှိရာ အဆောက်အဦးက အပျံစား အဆောက်အဦး မဟုတ်လေတော့ သန့်ရှင်းရေးကိုလည်း အိမ်သာတွေ အားလုံးအတွက် ဘင်္ဂလားဒေ့ (ရှ်) နိုင်ငံသား ယောက်ျားလေး တစ်ယောက်ပဲ ထားပါတယ်။ မျက်မှန်းတန်းနေ ပေမယ့် စကားတော့ မပြောမိဘူးပါ။ ပိုက်ဆံအိတ် ပြန်ရရချင်း အရင်ဆုံးသိချင်တာက ပိုက်ဆံတွေ အိပ်ထဲမှာ ရှိသေးရဲ့ လားဆိုတာကိုပါ။ အဲဒီ အတွေး ပေါ်လာတာနဲ့ တစ်ပြိုင်နက် ကိုယ့်ကိုကိုယ် လည်း နည်းနည်းတော့ အပြစ်တင်မိပါသေးတယ်။ သူယူချင်မှတော့ အိတ်တောင် ပြန်ပေးနေစရာ မရှိဘူး မဟုတ်လား။ အိတ်ထဲက ပစ္စည်းတွေ ဘာမှ လက်ရာ မယွင်းပါ။

နောက်နေ့ကျတော့ အဲဒီကောင်လေးကို ကျေးဇူးတင်စကား သေသေချာချာ ပြောပါတယ်။ နောက်လည်းလမ်းမှာတွေ့ရင် သေသေချာချာ နုတ်ဆက်ပါတယ်။ စိတ်ထဲမှာ တစ်ခုခုလေး ၀ယ်ပြီး လက်ဆောင်ပေးချင်စိတ် လည်းခဏခဏ ပေါက်ပါတယ်။ သူ့ကို တစ်ခုခု လက်ဆောင်ပေးဖို့ စဉ်းစားတိုင်း သူ့စေတနာကို တန်ဖိုးဖြတ်ရာများ ကျမလားလို့ တွေးမိပြီး သူတိတ်တဆိတ် ပျောက်ကွယ်သွား တဲ့ အထိ ဘာမှ မပေးဖြစ်ခဲ့ပါ။ အလုပ်က တစ်ခြားနေရာကို ပြောင်းသွားတာလား၊ သူ့တိုင်းပြည်ပြန်သွားတာလား ဆိုတာတောင် မသိတော့ပေမယ့် သူ့အလုပ်ကို ဆက်လုပ်တဲ့ အလုပ်သမား အသစ်ကလေးကို မြင်တိုင်း ငါ့ဟာ တော်တော် အတွေးကြောင်တယ်။ တွေးလွန်းလို့ ဘာမှကို မပေးဖြစ်လိုက်တာလို့ နောင်တရသလိုလို ဖြစ်နေတတ်တယ်။

ဒုတိယတစ်ခါကတော့ ဘတ်(စ်)ကား ပေါ်မှာပါ။ ကောက်ရတဲ့ အမျိုးသမီးက ပိုက်ဆံအိတ်ထဲမှာ ရှိနေတဲ့ မိတ်ဆွေတစ်ယောက်ရဲ့ ဖုန်းကို ဆက်ပြီး ပြောလို့ ပြန်ရပြန်ပါတယ်။ တော်တော် အသက်ရှည်တဲ့ အိတ်ကလေးပါ။ ဒီတစ်ခါတော့ နောင်တ ထပ်မရချင်တာနဲ့ ကောက်ရတဲ့ အမျိုးသမီးကိုရော တစ်ဆင့် ဆက်သွယ်ပေးတဲ့ မိတ်ဆွေကိုပါ ကျေးဇူးတင်ပါတယ်လို့ လှလှပပရေးထားတဲ့ ကဒ်လေးတွေ ပေးဖြစ် ပါတယ်။ ပိုက်ဆံအိတ်ဆိုတာ ပျောက်သွားရင် ပြန်ရတတ်တယ်လို့ တော်တော် ခိုင်ခိုင်မာမာ ယုံကြည်မိခါမှဘဲ အိတ်ကတစ်ကယ် အပြီး ပျောက်သွားပါတော့တယ်။ ကျောင်းစာကြည့်တိုက် မှာ စာအုပ်ရှာရင်း ကောင်တာပေါ်မှာ မေ့ကျန်ခဲ့တာ၊ ငါးမိနစ်လောက် အချိန်အတွင်း သတိရတာ ဆိုတော့ သေချာပေါက် ပြန်ရလိမ့် မယ်လို့ ထင်မိတာလည်း ကျမ မလွန်ပါဘူးနော်။ တစ်ကယ်ပဲ ကျောင်းသားများသာ ၀င်ခွင့် ရတဲ့ အရှေ့တောင် အာရှမှာ စာအုပ် အစုံဆုံးပါဆိုတဲ့ အထင်ကရ စာကြည့်တိုက်ကြီးမှာ ကျန်ခဲ့ တော့မှဘဲ ပြန်မရတော့ပါ။ အိတ် တကယ် ပျောက်သွားတဲ့ အချိန်မှာတော့ အမေရိကန်ဒေါ်လာ မပြောနဲ့ စင်္ကာပူ ဒေါ်လာတောင် ဆယ်ဂဏန်းပဲ ပါတာပါ။ ယူသွားသူက ကျောင်းသား ကဒ်လေးတောင် ပြန်မပေးလို့ အသစ်ပြန်လုပ်ယူရပါတယ်။

၅ နှစ်လောက် ပိတ်ဆံအိတ်နဲ့ လူနဲ့ မြဲနေတဲ့ ဒေါ်စိမ့် တစ်ယောက် ဒီနေ့ တော့ အာရုံတွေ များလွန်းပြီး ပိုက်ဆံအိတ်ကို အိမ်သာထဲမှာ မေ့ကျန်ခဲ့ ပြန်ပါတယ်။ ဒီတစ်ခါတော့ မြို့လည်ခေါင်က ခမ်းခမ်းနားနား Shopping Mall ကြီးမှာပါ။ သူငယ်ချင်းနဲ့ စကားကောင်းနေလို့ နာရီဝက်လောက် နေမှ သိပါတယ်။ SPG (သူငယ်ချင်း တစ်ယောက်က ကိုယ်တို့ မွေးရာ ရွှေပြည်ကြီးကို ခေါ်သလို လိုက်ခေါ် ကြည့်တာ) ကနေ ဝေးတာကြာပြီး SGP ဆိုတဲ့ စင်္ကာပူမှာ နေတာကြာ တော့ ပိုက်ဆံအိတ် ကျန်ခဲ့တဲ့ အိမ်သာကို သွားမကြည့်ဘဲ Information Counter ကိုအရင်သွားပါတယ်။ လမ်းတော်တော် လျှောက်၊ ကောင်တာ နှစ်ခုကိုရောက် စာရွက် သေးသေးတစ်ခု ကြီးကြီး တစ်ခုကို ဖြည့်၊ တစ်ယောက်ယောက် လာပေးရင် ဆက်သွယ်လိုက် ပါ့မယ်ဆိုတာတွေကို နာခံပြီးတော့မှ နောက်ဆုံးမျှော်လင့် ချက်အနေနဲ့ အိမ်သာကို သွားကြည့်ပါတယ်။ Information Counter ကလူတွေရဲ့  စိတ်ထဲမှာတော့ အိတ်ထဲက ကဒ်တွေကို ပြန်လုပ်ရဖို့ ကုန်ရမယ့် အချိန်တွေကို တွက်ပြီး စိတ်တွေ ရှုပ်လို့ပေါ့။

သန့်ရှင်းရေးလုပ်တဲ့ အမျိုးသမီးကို တွေ့တော့ မရဲတရဲနဲ့ (Shopping Mall ကြီးကြီးတွေက သန့်ရှင်းရေး အမျိုးသမီး များက မထင်ရင် ဟောက်တတ်ပါတယ်) မေးကြည့်တော့ သူက "နာမည်ဘယ်သူလဲ" လို့မေးပါတယ်။ သူ့အမူအယာကို မြင်လိုက်တော့ သူအိတ်ကို တွေ့ထားပြီ ထင်တယ်လို့ ရုတ်တရက် အတွေးဝင်မိပါတယ်။ နောက်တော့ သူက သူတို့ပစ္စည်း သိုလှောင်ရာ အခန်းလေးထဲ မှာသိမ်းထား တဲ့ ပိုက်ဆံအိတ်ကို ထုတ်ပေးပါတယ်။ "နင်ဟိုနားမှာ ထားခဲ့တာ" လို့ ပြောပြီး သူ့အလုပ် သူဆက်လုပ်နေပါတယ်။ ဒီတစ်ခါ ပိုက်ဆံအိတ် ကို မြင်လိုက် ရတဲ့ အချိန်မှာတော့ ကိုယ့် အိတ်အကြောင်း သိပ်မတွေးမိဘဲ သူ့ကို တစ်ခုခုဝယ်ပေးပြီး သူ့ကျေးဇူးကို အသိအမှတ် ပြုချင်တဲ့ စိတ်က သိသိသာသာ လွှမ်းမိုးပါတယ်။ အချိန်က ညကိုးနာရီ ခွဲခါနီးဆိုတော့ သူ့ကို ဘယ်အချိန် အလုပ်ပြီးသလဲလို့ အရင်မေးရတာပေါ့။ အနီးအနားက စားစရာလေး နည်းနည်း ပြေးဝယ်ပြီး သွားပြန်ပေးတော့ သူက ကျေးဇူးတင်စကားတွေ ပြောပြီး အိတ်ထဲမှာ ဘာဖုန်းနံပါတ် မှမပါလို့ သူမဆက်ဖြစ်တဲ့ အကြောင်းရှင်းပြနေပါသေးတယ်။

အပြန်လမ်းမှာ တော့ တွေးမဆုံးပေါင်ပေါ့။ သန့်ရှင်းရေး လုပ်တဲ့သူတွေ ဘာကြောင့် ပိတ်ဆံအိတ်ကို ပြန်ပေးကြတာလဲ။ ဘာပဲဖြစ်ဖြစ် စိတ်ရင်းမှန်ကန် တယ်ဆိုတာတော့ သေချာပါတယ်။ နောက်တစ်ခုက "အူမတောင့် မှ သီလစောင့်နိုင်တယ်" ဆိုတဲ့ စကားပါ။ အူမတောင့်တယ် မတောင့်ဘူး ဆိုတာကို က ပညတ်ချက် တစ်ခုလား။ လူတစ်ဦး ချင်းပေါ်တည်ပြီး ဘယ်ဝင်ငွေရရင် အူမတောင့် နိုင်မှာလည်း ဆိုတာကလည်း ကွာမယ်ထင်ပါရဲ့။ ကောက်ရတဲ့ ပစ္စည်းကို ပြန်ပေး မပေး ဆုံးဖြတ်တဲ့ နေရာမှာ အတန်းပညာ ဟာ အဓိက မကျဘူးဆိုတာ တွေလည်း တွေးမိပါရဲ့။ ယူချင်တဲ့ စိတ်ရှိရင် တက္ကသိုလ် ကျောင်းသားလည်း ယူပါတယ်။ ကိုယ့်ကိုကိုယ် မေးမိတဲ့ မေးခွန်း တွေက တော့ ဘာဆိုရင် မယူဘူးလဲ။ ဘာဆိုရင် ယူမှာလဲ။ သူများပစ္စည်း ပြန်ပေးဖို့ အတွက် ဘယ်လောက် အင်အား စိုက်ထုတ်မှာလဲ။ အားလုံးကို ခြုံရေးလိုက် ရင်တော့ "ငါ့ အူမ ဘယ်လောက် တောင့်သလဲ" အဖြေတွေကို တော့ လက်တွေ့ကြုံရမှဘဲ သိမယ်ထင်ပါရဲ့နော်။

Sunday, April 18, 2010

Q&A on Cultural Celebrations

Question: Since there are more and more Myanmar settling in Singapore, we have opportunity to enjoy more occasions such as Thingyan, Kahtein, Saya PuZaw Pwe and even a literature talk last year. Do you think such events are important to you? Why is that so? How about to the community, do you think they are important to the Myanmar community in Singapore?

Answer: Myanmar population in Singapore is constantly growing. Is it brain drain as the home country had invested in the citizens’ education and they migrated to a foreign country once they are ready to join the work force? Or is it better to make use of the human capital else where and take part in making the world a better place? Whatever the answer maybe; we are here in the high-speed Singapore.

When I came to Singapore in 2001, Myanmar population was still small and young. We have to ask friends to bring Myanmar food when they came back from their home trips. While walking in the sea of people along Orchard road, we could be assured that no one understood if we were talking to each other in our mother tongue. Many of us were also not comfortable to mingle with locals for the language and cultural barriers. Peninsula Plaza and Burmese Buddhist Temple are the only two places we can go to be more like ourselves. After a year or two of solitary confinement, I started to feel lost and question my own identity? The word “identity” seems to be big but it is part and parcel of day-to-day life. It started from selecting an appropriate outfit – can I wear this wide-open neck; can I wear this short skirt, can I …, can I …? The lists went on and on in making choices and keeping the values as these are the reflection of who I am. I was crashed while trying to explain which type of person I was, which kind of society we lived in and which level of culture and civilization we had at home. It is worse by the fact that when we talked about “home” we had more negative scenarios than the positive ones to share.

Now in 2010, you will have difficulty to count how many ingredients (for cooking a Myanmar dish) you CANNOT find in Singapore. The population has become so big that importing any Myanmar food to Singapore is economically viable. Now that many monks are settling in Singapore, we have many places to go for religion. We can even attend extensive Dhama talks such as Bamaw Sayadaw Taya Pwe. We can also enjoy the celebrations such as water festival (started from Polytechnics), Kahtein Pwe and even literature talks. Such events express the devotion to the religion, the deep culture that we have rooted on and the values we maintained. These occasions remind me who I am and what I do as a person. It provides the affirmation that I come from a civilized society. The glass palace maybe shattered on the surface but there are precious gems embedded inside. Thus I think the celebrations for the culture and traditions is important not only to me but to the community as a whole. I would also like to thank people who put time and effort in such activities. Bravo, do celebrate our culture!

Tuesday, April 6, 2010

လောက၀တ် (၂)

ဆက်ပြီးတွေးမိတာကတော့ ဘယ်အခါတွေမှာ ကိုယ့်ရဲ့  လောက၀တ် စောင့်ထိမ်းနိုင်မှုကို စမ်းသပ်ခံရသလဲ ဆိုတာပါ။ တည့်တည့် ပြောရရင်တော့ လူတစ်စိမ်းကို ဘယ်လို အခါတွေမှာ ကိုယ်ချစ်ခင်သော သူများကဲ့သို့ ယဉ်ယဉ်ကျေးကျေး ကောင်းကောင်း မွန်မွန် ဆက်ဆံနိုင်သလဲ၊ ဘယ်လိုအချိန်တွေမှာတော့ သိပ်ဂရုမစိုက်ဘဲ မသိသလို နေလိုက်သလဲ ပေါ့နော်။

လောက၀တ်စောင့်ထိမ်းဖို့ ဆိုတာက အင်အားတွေ ထပ်ထည့်ရတာ မဟုတ်လား။ ကိုယ်က ရထားပေါ်၊ ကားပေါ်မှာ နေရာလေး ရနေလို့ သက်တောင့်သက်သာလေး ထိုင်နေတုန်း သက်ကြီးရွယ်အို တစ်ယောက်ကိုယ့် ရှေ့မှာ လာရပ်လို့ ရှိရင် ကိုယ့်နေရာလေး ဖယ်ပေးဖို့ ဆိုတာက ကိုယ့်ရဲ့ သက်တောင့် သက်သာ ဖြစ်မှုလေးကို စွန့်လွှတ် လိုက်ရမှာလေ။ အနည်းဆုံး မတ်တတ်ရပ်ရမယ်။ ရထားဖြစ်ဖြစ် ကားဖြစ်ဖြစ် ကြပ်ညပ် နေခဲ့ရင် လူတွေနဲ့ နီးကပ်လွန်းလို့ စိတ်ညစ်တဲ့ ဒါဏ်ကိုလည်း ခံရသေးတာ။ သတိထားမိတာကတော့ ကိုယ်တိုင်က သိပ်ကျန်းမာ မနေတဲ့ အခါ၊ စိတ်ညစ်ညူးနေတဲ့ အခါတွေမှာ သူများအတွက် နေရာဖယ်ပေးဖို့ ခက်ပါတယ်။ အဲဒီတော့ နံပါတ်တစ် - သူများကို ဦးစားပေးဖို့ ကိုယ်တိုင် ကျန်းမာရွှင်လန်းနေဖို့ လိုတယ်လို့ ထင်ပါတယ်။

ကိုယ်က ရုပ်ပိုင်းဆိုင်ရာ အားပြည့်နေသော်လည်း ကိုယ်ဖယ်ပေးလိုက်တဲ့ သူက ကိုယ်ပေးတဲ့ နေရာကို တန်ဖိုးမထား သလို၊ ထိုင်ရမှာ ရွံ သလို ပုံမျိုးလုပ်ရင်လည်း စေတနာ ပျက်တတ် သေးတယ်။ ဒီစာကိုဖတ်ပြီး ပြုံးနေမယ့်သူတွေ ရှိပါတယ်။ စောင်းမရေးပါ။ တည့်တည့်ပဲ ရေးတာပါ။ ကောင်မလေး တစ်ယောက်က ရထားပေါ်မှာ အဒေါ်ကြီး တစ်ယောက်ကို နေရာဖယ်ပေးပါတယ်။ အဖွားကြီးက မထိုင်ခင် ခုံကို လက်နဲ့ ခါတော့ အဲဒီကောင်မလေးက မတန်သလို လုပ်တယ် ဆိုပြီး စိတ်ကွက်ပါတယ်။ နောက်ကိုဘယ်တော့မှ ဖယ်မပေးတော့ဘူးလို့ တွေးပါသတဲ့။ ကိုယ်ကတော့ ရန်ကုန်မှာနေတုန်းက တစ်ချို့သော ကား စပါယ်ယာတွေကို မျက်စေ့နောက်လို့ ခဏခဏ ပြသနာ ရှာပါတယ်။ ကြီးကြီးကျယ်ကျယ် Steven Covey ရဲ့ စကားနဲ့ ပြောရရင်တော့ Response-able မဖြစ်ဘူးပေါ့နော်။ ကိုယ်ပေးချင်တဲ့ Response မျိုးကို ပေးမယ့် အစား သူ့ရဲ့ အပြုအမူ ပေါ်တည်ပြီးတော့ (ကိုယ့်ရဲ့  လောက၀တ် စံ အပြင်ဖက် အရောက်ခံပြီး) တုန့်ပြန်မိတာကိုး။ ဒီတော့နံပါတ် နှစ် - လောက၀တ်စံတွေကို ထိမ်းသိမ်းဖို့ စိတ်ဓါတ် အင်အားကြီးရမယ်။

အခုတစ်လော Temesak Review ကစရှို့လိုက်တဲ့ ရေကစားပွဲတွေ အပေါ်ဝေဖန်တဲ့ ဆောင်းပါး (http://www.temasekreview.com/2010/03/24/pap-mp-grace-fu-organizing-water-festival-is-a-way-of-telling-foreigners-that-we-respect-them/) အပေါ် ဒီနိုင်ငံသားများ က တုန့်ပြန် ကြတဲ့ စကားစစ်ပွဲ (Comment စစ်ပွဲဆိုရင် ပိုမှန်မလားမသိ) ကိုဖတ်ရတော့ နောက်တစ်ချက် ထပ်စဉ်းစားမိတယ်။ Temesak Review ဆိုတာက လက်ရှိ အာဏာရပါတီကို ဆန့်ကျင်တဲ့ သေးသေးကြီးကြီး လက်ရှိ အစိုးရရဲ့ အားနည်းချက်မှန်သမျှကို ဖွင့်ချ တဲ့ အဖွဲ့ ပါ။ လွန်ခဲ့တဲ့ နှစ်လလောက်က အစိုးရက ငွေထောက်ပံ့တဲ့ Community Center တွေက ဘာသာစကား သင်တန်း တွေမှာ နိုင်ငံခြားသားတွေကို လက်ခံသင်ပေးလို့ ပြသနာရှာ ထားသေးတယ်။ အဲဒီလို စကားလုံး တိုက်ပွဲတွေမှာ ဒီနိုင်ငံသား တွေရော၊ နိုင်ငံခြားသားတွေပါ အနှောင့်မလွတ် အသွားမလွတ် ပြောတာမျိုးက စပြီး၊ ရိုင်းရိုင်းစိုင်းစိုင်း ရေးကြတာတွေ အထိ တွေ့ရတတ်ပါတယ်။ ငါတို့ အခွန်ဆောင်ထားတဲ့ ပိုက်ဆံတွေနဲ့ နိုင်ငံခြားသားတွေကို သင်တန်းပေးပြီး ငါတို့ နိုင်ငံသားတွေ အလုပ်မရအောင် လုပ်နေတာတို့၊ (နိုင်ငံခြားသားတွေ ဘက်ကလည်း - မင်းတို့ တွေ အပျင်းကြီးလို့ ငါတို့ကို အလုပ်ပေးရတာ တို့) ဘာ Integration လဲ၊ သူတို့က ငါတို့နဲ့ ပေါင်းတတ်အောင် ကြိုးစားရမှာ ငါတို့က သူတို့ရဲ့  ဓလေ့ထုံးတမ်းတွေ နားလည်နေစရာမလိုဘူးတို့ တွေ ရေးကြတယ်။ တွေးမိတာက လူတွေဟာ သူတို့ကို ဆွပေးရင် ဆွပေးနေတဲ့ သူရဲ့  ရည်ရွယ်ချက်ကို တွေ့အောင် မကြည့်တော့ဘဲ ရိုင်းရိုင်း စိုင်းစိုင်း ပြောကြတော့တာပဲလား။ ကိုယ်ကသူများ ရဲ့  တန်ဆာခံ ဖြစ်သွားတာကို သတိတောင် မထားမိတော့ ဘူးလား ဆိုတာပါ။ ဒီတော့ နံပါတ်သုံး - လောက၀တ်ကို နိုင်နိုင်နင်းနင်း စောင့်စည်းချင်တယ် ဆိုရင် ဘေးဘီ ပါတ်ဝန်းကျင်ကို ကြည့်တတ် ဖြစ်နေတဲ့ အခြေနေကို သုံးသပ်ပြီး စိတ်ဆိုးသင့် မဆိုးသင့် ဝေဖန်ပိုင်းခြား နိုင်တဲ့ ဥာဏ်ပညာလည်း ရှိရဦးမယ်လို့ ထင်ပါတယ်။

တွေးမိတာလေးတွေပါ။ နောက်ထပ်စိန်ခေါ်မှုတွေ အများကြီး ရှိဦးမှာပါ။ ကိုယ်တိုင်ကတော့ လောက၀တ်ကို နိုင်နိုင် နင်းနင်း စောင့်ထိမ်းနိုင်တဲ့ သူ ဖြစ်ချင်ပေမယ့် တစ်ခါတစ်ခါ Response-able မဖြစ်သေးဘူး ဆိုပါတော့။ ကြိုးစားနေ ဆဲပါ။ ကိုယ့်ကို ဘယ်သူက ဘာပြောပြော မိမိစိတ်ကို နိုင်အောင်ထိမ်းနိုင်တဲ့သူ၊ မိမိရဲ့  လူမှုကျင့်ဝတ် တွေကို မပေါက် မကျိုး စောင့်စည်းနိုင်တဲ့ သူမျိုးများ ဖြစ်ဘူးချင် စမ်းပါဘိနော်။

Sunday, April 4, 2010

လောက၀တ်

ဒီတစ်ပါတ် Singapore Symposium မှာ Courtesy အကြောင်း ပြောဖြစ်ကြတယ်။ Courtesy (in the context of "excellence of manner or social conduct") အတွက် အသင့်တော်ဆုံး မြန်မာစာလုံး ကတော့ လောက၀တ် ဖြစ်မယ်ထင်တယ်။ ကျေးဇူး ကိုAKK.

ညီမလေး တစ်ယောက်က လောက၀တ် ဆိုတာ ဘာလဲဆိုတာရယ် လောက၀တ် ဆိုတာကို ငယ်စဉ်ကတည်းက အိမ်က မိသားစု၊ ကျောင်းက ဆရာ ဆရာမတွေ ဆီကနေ ကိုယ်တို့ သင်ယူကြတဲ့ အကြောင်း တွေရယ် ပြောတယ်။ သူပြောတာတွေထဲက ကိုယ့် အတွက် တော်တော် အတွေးပွား စရာ နှစ်ခု ကတော့ - လောကမှာ အမြဲတမ်း လောက၀တ်ကို ဦးထိပ်ထားနေရင် သူများက ကိုယ့်ခေါင်းပေါ် တက်သွားလိမ့်မယ် ဆိုတာနဲ့ ခုခေတ် လူငယ်လေးတွေဟာ မီဒီယာရဲ့  လွှမ်းမိုးမှု၊ သူတို့ကိုယ်တိုင်ရဲ့  "မိုက်တယ်ကွ" ဆိုတဲ့ စာရင်းထဲ ပါလိုမှု တွေနဲ့ လောက၀တ် နည်းပါးလာတယ် ဆိုတာ တွေပါ။ သူကတော့ COOL လို့သုံးပါတယ်။ ခုခေတ်စကားနဲ့ ပြောရရင် "လန်းတယ်" လို့များ ပြောရမလားပဲ။

(၁) လောကမှာ အမြဲတမ်း လောက၀တ်ကို ဦးထိပ်ထားနေရင် သူများက ကိုယ့်ခေါင်းပေါ် တက်သွားလိမ့်မယ်။
ကိုယ်ကတော့ သိပ်သဘော မတူချင်ပါဘူး။ ကိုယ်တိုင်လည်း ကိုယ့်ကို သူတစ်ပါးက အခွင့်အရေး ယူသွားမှာ၊ ကိုယ်က လူနုံ လူအ အဖြစ် ရောက်ရမှာ တွေကို တော်တော် ပူပန်တတ်တဲ့သူပါ။ ဒါပေမယ့် အရေးကြီးတာက ကိုယ်တိုင်က လောက၀တ်နဲ့ လူ့အောက်ကျို့  ခြင်း ဆိုတာကို သေသေချာချာ ကွဲပြားနားလည်ရမယ်လို့ ထင်တယ်။ တိတိကျကျ ပြောရရင် "လူ့အောက်ကျို့  ခြင်း" ဆိုတာကို အရင် ရှင်းရမယ် ထင်ပါ့။ အဲဒီစကားက ကိုယ့် အတွက်တော့ တော်တော် အပြုသဘော မဆန်တာပါ။ ကိုယ့်ကိစ္စပြီးမြောက် အောင်မြင်ဖို့ သူတစ်ပါးကို အကူအညီတောင်းရတဲ့ အခါတွေ ဘ၀မှာ အကြိမ်ပေါင်း မရေမတွက် နိုင်လောက်အောင် ရှိပါတယ်။ ကိုယ်က သူတစ်ပါးကို ကူညီခွင့်ရတဲ့ အခါတွေလည်း ရှိတာပဲ။ ကိုယ်ကူညီခွင့် ကြုံရင် သူ့ဆီက ဘာပြန်ရမလဲလို့ မျှော်ကိုးခြင်းတွေ သိပ်မထားပဲ ကူညီနိုင်တယ် ဆိုရင် ကိုယ်က သူများဆီက အကူအညီ တောင်းရတဲ့ အခါ မှာလည်း အောက်မကျို့ ပဲ အကူအညီတောင်းလို့ ရတယ်လို့ ထင်ပါတယ်။ အကူအညီတောင်းခြင်းကို ကိုယ်ကတော့ "လူ့အောက်ကျို့  ခြင်း" လို့ မယူဆပါ။ ကိုယ်က ပေးသူနေရာက ဖြစ်ဖြစ် ယူသူနေရာက နေနေ လောက၀တ်ကို အပြည့်အ၀ စောင့်စီးလို့ ရပါတယ်။ ယဉ်ကျေးစွာ အကူအညီတောင်းခြင်း၊ ပျူငှာစွာ အကူအညီ ပေးခြင်းများကို လောကရဲ့  မင်္ဂလာတစ်ပါးလို့ မှတ်ယူပါတယ်။

ကိုယ်က အကူအညီပေး တတ်မှန်းသိလို့ ကိုယ့်ကို ထပ်ခါ တလဲလဲ အသုံးချ လာပြီဆိုရင်တော့ ကိုယ့်အတွက်ကိုယ် အချက်ပေး ခေါင်းလောင်း ခေါက်ပေတော့ပေါ့နော်။ အထက်စည်း ကပဲခိုင်းခိုင်း၊ အောက်စည်းကပဲ အကူအညီ တောင်းတောင်း ယဉ်ယဉ်ကျေးကျေး ငြင်းပယ် တတ်ရပါလိမ့်မယ်။ ဒီကိစ္စကတော့ ထင်သလောက်မလွယ်ပါ။ ကိုယ်က တစ်ခါငြင်းပယ်ပြီးရင် သူက နောက်ထပ်တစ်ခါ အကဲစမ်း ဦးမှာလေ။ ကျောချင်လို့ လုပ်နေတာတွေနဲ့ အမှန်တကယ် အကူအညီ လိုတာတွေကလည်း အရောင်ဆိုးမထားတော့ ခွဲခြားရ ခက်ပါတယ်။ ကိုယ့်ရဲ့  ချင့်ချိန်နိုင်စွမ်း နဲ့ပဲ စခန်းသွားရတော့ မှာပေါ့နော်။ သူ့ကို ကူညီသည်ဖြစ်စေ ငြင်းပယ်သည် ဖြစ်စေ လောက၀တ် မပျက်ဖို့ က အဓိကပါ။ ကိုယ့်ကို အကဲစမ်းလို့ မအောင်မြင်ဘူး ဆိုတာသေချာတဲ့ တစ်နေ့မှာ သူကိုယ့်ဘေးက ဝေးဝေးခွာရင်ခွာ၊ (ကံကောင်းခဲ့ရင်) ကိုယ့် အပေါ်သဘောထား ပြောင်းပြီး ဆက်ဆံပါလိမ့်မယ်။ ဒီတော့ ကိုယ်ယုံကြည်တာက "လောက၀တ်ကို ဦးထိပ်ထား လို့ လူတွေ ကိုယ့်ခေါင်းပေါ် မတက်ပါ" ။

(၂) COOL ဖြစ်ချင်လို့ လူငယ်တွေ လောက၀တ် နည်းပါးလာတယ်
ဒါကိုတော့ ကိုယ်က နှစ်ပိုင်းခွဲချင်ပါတယ်။ လူငယ်တွေ ဆိုတာနဲ့ COOL ဖြစ်ခြင်းပါ။ COOL ဆိုတာကို၂၀၀၀ ပြည့်နှစ် မတိုင်ခင်တွေမှာ တော့ "မိုက်တယ်" လို့သုံးပြီး အခုနောက်ပိုင်းတော့ "လန်းတယ်" လို့ ပြောကြတယ်လို့ ထင်ပါတယ်။ ၂၀၀၀ ပြည့်နှစ်မိုက်ပုံ မိုက်နည်းနဲ့  ၂၀၀၀ ကျော်ခေတ် လန်းပုံ လန်းနည်း ကိုက မတူတာကိုလည်း ထည့်တွက်ကြရမယ်ထင်တယ်။ ရှေးတုန်းက (ဒါကတော့ တော်တော် ရှေးကျမယ် ထင်ပါတယ်) ဆံပင်ကို သပ်ရပ်နေအောင် Gel နဲ့ပုံသွင်းပြီး အခုခေတ်မှာတော့ တက်ကြွသွက်လက်ပြီး အသက်ဝင်နေအောင် ကြိုးစားကြပါတယ်။ ဒီနေရာမှာတော့ ကိုယ်မလုပ်တတ် သော်လည်း သက်ဝင်လှုပ်ရှား နေတဲ့ (ကိုယ့်မိဘ အရွယ် လူကြီးတွေ အတွက် ဆိုရင်တော့ ရှုပ်ပွနေတယ်လို့ ထင်မလားမသိ) ဆံပင်ပုံစံတွေကို ကြိုက်ပါတယ်။ ခုခေတ်လူကြီး၊ လူငယ်မဆို လှုပ်ရှား ပြုမူပုံတွေ ပြောင်းလဲ လာတာတော့ အမှန်ပါ။ ကိုယ့်အမြင်မှာတော့ ပိုပြီး သွက်လက် လှုပ်ရှားလာကြတယ်၊ စကားဆိုရင်လည်း တည့်တည့် ပိုပြောတတ် လာကြတယ်လို့ ထင်ပါတယ်။ လောက၀တ်တွေ အတွက် အချိန်ပေးတာလည်း နည်းသွားပါတယ်။ ရှေးစံနဲ့ ကြည့်ရင်တော့ လောက၀တ် နည်းလာတယ်လို့ ပြောနိုင်ပါလိမ့်မယ်။ "What it takes" လိုမျိုး TV Program တွေထဲက "Well behaved people seldom break through" လို Tagline တွေကလည်း ပရိတ်သတ်အပေါ် လွှမ်းမိုးမှု ကြီးမားတာ အမှန်ပါ။ ကိုယ့်အမြင်ကတော့ "ရှေးတုန်းက နဲ့ ယှဉ်ရင်တော့ လူငယ်သာမက လူကြီးတွေမှာပါ လောက၀တ် နည်းပါးလာပါတယ်"

ဒီလို စိတ်ဝင်စားရာလေးတွေ လွတ်လပ်စွာ ပြောလို့ ရအောင် နေရာ၊ အချိန်တွေ (ညနေစာလည်း ပါသေးတယ်) စီစဉ်ပေးတဲ့ ညီမများနဲ့ Singaore Symposium အဖွဲ့သားများ ကို အထူး ကျေးဇူးတင်ပါတယ်။

Sunday, March 28, 2010

မူတစ်သွင် အားအင်သစ်လိုက်ပါ့ ချစ်ဖွယ့်လူသား .........

စွန့်စားချင်တဲ့စိတ်၊ ကိုယ့်ကိုကိုယ် စိန်ခေါ်ချင်တဲ့စိတ်၊ အရင်လိုမဟုတ်ဘဲ စိတ်သွားတိုင်း ကိုယ်က တရွတ်တိုက်နေတဲ့ ကျန်းမာရေး အခြေအနေလေး ပြန်လည်ထူထောင် လာအောင် ကြိုးစားချင်တဲ့စိတ် တွေနဲ့ တောင်တက်ခရီးစဉ်ကြီး နှစ်ခုကို အတည် စီစဉ် လိုက်ပါပြီ။ တကယ်တမ်း စနေ၊ တနင်္ဂနွေတွေမှာ တောင်တက်လေ့ ကျင့်ပြီဆိုတော့မှ ငါ မှားသွားပြီလားမသိ လို့ တွေးမိတာလည်း အမှန်ပါ။ ပင်ပန်း လွမ်းလို့ သူငယ်ချင်းတွေနဲ့ လည်းမတွေ့နိုင်၊ စာတွေလည်း မရေးနိုင် မဖတ်နိုင် ဖြစ်လာတော့ စိတ်ထဲမှာ နည်းနည်း ငြိုငြင်လာတယ်။ မူလက တက်ကြွတဲ့ စိတ်ကလေးတောင် ပျောက်ချင်ချင်။ ကိုအောင်ပြည့်တင်ထားတဲ့ ကဗျာလေးကို တွေ့လိုက်တော့မှ ကိုယ့်ကိုကိုယ် ပြန်ပြီး ဆန်းစစ် ဖို့မေးခွန်းတွေ မေးဖြစ်တော့တယ်။

တစ်တောင်ပေါ် တစ်တောင်ဆင့် တောင်အမြင့် ပတ်ခြံရံ။
တစ်တောင် ဆုံးပြန်တော့ တစ်လုံး ကျန်ပြန်ပေသမို့ ဖန်ဖန်လေ အားအင်နှိုးလို့ရယ် ကြိုး လျှောက်ရပြန်။
ခါတစ်လေ တကယ်ပန်းတာကြောင့် တော်ပါပြီ ဆက်မလှမ်းချင်ဘု ရပ်တန်းက ရပ်မယ်ကြံ အမှန်တော့ ဖြစ်နိုင်ပါ့မလား။
စခဲ့မိတာပေါ့ တစ်နေ့မှာ ဆုံးရာရောက်ပါလိမ့် အားလျှော့ကာ ဆုတ်ချင်စမ်းပါနဲ့ စိတ်နွမ်း အသာဖြေဦး မာလာငွေ ကန်ရေအေးရယ်နဲ့ ငှက်တေးကို အာရုံဆင်လို့ မူတစ်သွင် အားအင်သစ်လိုက်ပါ့ ချစ်ဖွယ့်လူသား။.........


လူတွေဘာ့ကြောင့် အပင်ပန်းခံပြီး တောင်တက်ကြသလဲ ဆိုတာက စရမှာပေါ့နော်။ ကိုယ့်အဖြေကတော့ ပို့(စ်)အစမှာ ရေးခဲ့သလို စွန့်စားချင်လို့ ၊ ကိုယ့်ကိုကိုယ် စိန်ခေါ်ချင်လို့ ၊ ကျန်းမာရေး ကောင်းချင် လို့ပါ။ ဆက်တွေးမိတာက ကိုယ်လိုချင်တဲ့ အကျိုးတွေ ရရဲ့ လား ဆိုတာပါ။ တကယ်တမ်း နာရီနဲ့ ချီပြီး တော့ လမ်းလျှောက်တဲ့ အခါကျတော့ အဲဒီ စွန့်စားတာတွေ၊ စိန်ခေါ်တာတွေက ဘယ်နားသွား ပုန်းနေတယ်မသိ။ ကျန်းမာရေးပဲ ကောင်းလာမလား၊ ကိုယ်လက် တွေနာပြီး ဖျားမလား လည်း မသေချာ။ တကယ်တမ်း ကြည်နူးကြေနပ်မိတာ ကတော့ သဘာဝလောကကြီး နဲ့ ထိတွေ့ခွင့်ရတာကိုပါ။ ကိုယ်က စင်္ကာပူက တောတွေထဲမှာ လမ်းလျှောက် တာဆိုတော့ ကိုယ့် အမေဖက်က အဘိုးအဘွားတွေ နေတဲ့ မွန်ပြည်နယ် က တောတောင်တွေနဲ့ တော်တော်ကို တူပါတယ်။ ကိုယ်ငယ်ငယ်က အဘိုးအဘွားတွေရဲ့  ရွာမှာတော်တော် ကြာကြာနေခဲ့ ရတာဆိုတော့ ကိုယ့်ရဲ့  ကလေးဘ၀ကို လွမ်းမိတယ်။

လူတွေဟာ အပြင်လောက ကိုသိလာလေလေ ကိုယ့်ကိုကိုယ် ပိုပြီးနားလည် ချင်လာလေ ဖြစ်တတ် တယ်ထင်ပါရဲ့။ ကိုယ်တွေ့ ကတော့ ကိုယ်ဟာနိုင်ငံ အပြင်ကိုရောက်လာမှ ကိုယ့်နိုင်ငံ အကြောင်းကို ပိုသိချင်လာတယ်။ စင်္ကာပူကို ရောက်ခါစ နှစ်တွေမှာတော့ ရှင်သန်ရေးအတွက် အားထုတ်နေရလို့ ဘာကိုမှ မတွေးနိုင်ဘူး။ နောက်ပိုင်းနေသားကျလာပြီး အသက်ရှူနည်းနည်း ချောင်လာတော့ စာတွေပြန်ဖတ်ဖို့ အချိန်ရလာတယ်။ ရုပ်ရှင်တွေ ပြန်ကြည့်လို့ရလာတယ်။ တွေးတော ဖို့ အချိန်လေး နည်းနည်း ရလာတယ်။ လူမျိုးခြားများရဲ့  ယဉ်ကျေးမှု၊ နေထိုင်မှုတွေ ပိုသိလာလေ ကိုယ်ဘာကောင်လဲ ဆိုတာကို ပိုသိချင် လာလေပါပဲ။ ကိုယ့်ရဲ့  ဇာစ်မြစ်ကို ပြန်လည် ရှာဖွေလိုစိတ်၊ ပြန်လည်ခံစားလိုစိတ်တွေ ပိုများလာတာလည်း သတိထားမိပါရဲ့ ။

အခု တတိယပါတ် စနေနေ့မှာ အတက်အဆင်း သိပ်မများတဲ့ Bukit Panjang-Mac Ritchie-Bukit Timah track အတိုင်း လျှောက်ကြပါတယ်။ အစကနေ အဆုံးအထိ (၂၀) ကီလိုမီတာကျော် ရှိပြီး (၆)နာရီလောက် လျှောက်ရပါတယ်။ အစပိုင်းမှာ စကားတပြောပြောနဲ့ လျှောက်ကြပေမယ့် တော်တော်လေး ကြာလာတော့ ကိုယ့်အရှိန်နဲ့ ကိုယ် ကိုယ့်အတွေးနဲ့ ကိုယ် တိတ်တိတ် ဆိတ်ဆိတ် ဆက်လျှောက်ကြပါတယ်။ နေ့စဉ်နေ့တိုင်း မနက်အိပ်ယာနိုးကတည်းက ညအိပ်ယာဝင်တဲ့အထိ နာရီလက်တံ တွေနဲ့ အပြိုင် ပြေးလွှားပြီး ကိုယ့်ကိုကိုယ်တောင် ဘာကောင်မှန်းမသိလောက် အောင်အလုပ်များ ထွေပြားရတဲ့ လောကကြီးကနေ ခဏ လွတ်မြောက်ပြီး သဘာဝလောကနဲ့ ထိတွေ့ခွင့်ရတာက တကယ့်လက်တွေ့ အကျိုးပါ။

လမ်းတောက်လျှောက်မှာ သစ်ပင်တွေက အုံ့ဆိုင်းလို့။ မနက်ခင်းနှင်းလေးပေါက် လေးတွေက မြက်ခင်းစိမ်းတွေပေါ်မှာ တွဲလဲခိုလို့။ လမ်းတစ်နေရာက သစ်ပင်တွေ အုံ့ဆိုင်းနေတဲ့ ရေကန်လေးထဲမှာ ငါးသားပေါက်ကလေးတွေ အုပ်လိုက်သင်းလိုက် ရေကူးနေတာများ ကိုယ်တို့ အဘွားခြံထဲက တစ်နှစ်တစ်ခါ ဖေါ်တဲ့ ငါးကန်လေးတွေနဲ့ တစ်ပုံစံထဲ။ စကားစိမ်းလို့ထင်ရတဲ့ ပန်းပွင့်တွေကို တောင် တွေ့လိုက်သေး။ မြက်ခင်းထဲက ထိကရုန်းတွေ၊ လမ်းဘေးတစ်ဖက် တစ်ချက်က အိုးပုတ်ပန်းတွေ အပြင် ဒူးရင်းပင်၊ ကြက်မောက်ပင် နဲ့ စောင်းလျှားပင်တွေကလည်း ကိုယ့်ကို ကလေးဘ၀ကို အလည်တစ်ခေါက်ပြန်ရောက်စေပါတယ်။

ဘ၀စက်ဝန်းမှာ ကလေးဘ၀ကစ၊ လူကြီးဘ၀ကို ဖြတ်သန်းပြီး အသက်တွေ သိပ်ကြီးလာတဲ့အခါ ကိုယ်တို့မှာ ဘာတွေများ ကျန်ခဲ့လို့လဲ။ တစ်သက်လုံး ဖြတ်သန်းရတာ များလွန်းလို့ ဦးနှောက်ထဲက ဆဲ(လ်)တွေ ပါးလျားလာတဲ့ အခါ အားလုံးကို မမှတ်မိ နိုင်တော့ဘူး မဟုတ်လား။ အသက်သိပ်ကြီးလာပြီး ကိုယ့် ဦးနှောက်ထဲမှာ အားလုံး မသိတော့ တဲ့ အချိန် ကျရင် ဘာတွေကို မှတ်မိချင်သလဲ၊ ဘာတွေကိုယ်နဲ့ အတူ ကျန်နေစေချင်သလဲလို့ မေးမိတယ်။ တကယ်လို့ ရွေးချယ်ခွင့်သာ ရှိခဲ့မယ်ဆိုရင် ကိုယ့်ရဲ့  မွန်ပြည်နယ် တောရွာ ကလေး တစ်ခုက ကလေးဘ၀ကို တော့မမေ့မလျော့ ကျန်နေစေချင်ပါတယ်။

ဘယ်လောက်ပဲမောမော "တော်ပါပြီ ဆက်မလှမ်းချင်ဘု ရပ်တန်းက ရပ်မယ်ကြံ" လို့မဖြစ်သေးတဲ့ ဘ၀မှာ လမ်းဆုံးတဲ့ အထိတော့ ဆက်လျှောက် ရဦးမှာပါ။ အခွင့်အရေးလေးရတဲ့ အခါ သဘာဝလောကကြီးနဲ့ ထိတွေ့ပြီး သဘာဝရဲ့  အလှအပ နဲ့ အားအင်တွေ ရယူနိုင်သလောက် ရယူဖို့ ကြိုးစားရင်း သဘာဝတရားနဲ့ ထိတွေ့ခြင်းဖြင့် အားအင်သစ်နေရပါကြောင်း။

စာကြွင်း။ ဓါတ်ပုံတွေကိုဒီမှာကြည့်လို့ရတယ်နော်။







Saturday, March 20, 2010

I promise ...

I booked for two hiking trips 30 days away from each other. Yes, I was a little overconfident and too daring to go for two trips in a row and now I am feeling scared. So, I decided to join the training sessions religiously. This week we started a 3-hr walk from Bukit Panjang. It rained yesterday and now going to rain again. I haven't found waterproof hiking shoes yet thus I am still wearing walking shoes. One of my hiking partners suggested me to wrap the shoes with shopping bags to prevent getting my legs wet. I found it odd to walk in the wrapped shoes. However, I decided to try it. And I am glad for my decision as I have been enjoying it throughout the journey.



We had passed the grass field without getting my toes wet. It started to rain when we entered the forest. The cool weather allowed us to walk faster. All I can hear was the heavy rain drops hitting on the leaves and the frequent heavy foot steps from my hiking partners. That was what exactly I had hoped for. The quietness provided a moment of solitude for me. After operating myself for the whole week at the speed driven by my workload, I need some time to reflect.

I am not the neat-and-tidy type of person. I am unorganized in a few aspects of my life. I hate preparing timetable for study during my school years. I dislike pushing myself to meet the timelines at work. I am bad in thinking through the process and taking precautions. Just like this morning, I would never thought of wrapping my feet to prevent from my shoes getting dirty and my toes getting wet. For me, the shoes are meant to be dirty when the roads are muddy. The feet are bound to be wet when we walk in the rain. Without my friend's suggestion, I would have just walked into the rain.

You may want to ask me "what is so good about that?" Yes, nothing great. It was an incident which highlights the benefits of preparation. We have another training session tomorrow. If my shoes are dirty or soaking wet, I may not be able to go for the session tomorrow. Even worse, if my feet were wet and I caught cold, it would take at least a few days to get it cured. If I didn't train well, I may turn out to be the burden for my hiking partners. I may not reach the summit; I may not enjoy the whole trip. Then, what is the point of going for such trips.

Those details are not so important in normal day-to-day life. But while preparing for two tough trips (yes, they seem to be tough for me) the details play important part. When you are climbing up to the summit, or while you are going through critical stage of life, a single carelessness could cause domino affect which lead us to the failure.

With some preparation, i hope I should be able to minimize the time I spend searching for the required information and hopefully I miss less deadlines. In the highlight of this little experience, I promise myself to spend some time in tidying up my room, my desk and my wardrobe. I promise myself to take some time in making a to-do list, reviewing it and canceling the completed tasks. I promise to keep this promise for some time.

Tuesday, March 16, 2010

အပြန် အပြန် အပြန်လားဟေ့

အခုတလော သူငယ်ချင်းတွေဆီက PR လျှောက်တာ မကျဘူးတို့ Re-entry permit Extention လုပ်တာ အရင်က သိပ်မခက်ခဲဘဲ (၁၀) နှစ်ရလေ့ရှိတာ အခု (၅) နှစ်ပဲ ရတယ်တို့ဆိုတာတွေ ကြားရတော့ ကိုယ်ရဲ့  ရပ်တည်မှုကို ပြန်သုံးသပ်ဖို့ တော်တော်ကို လိုအပ်နေပြီပဲလို့ ခံစားမိတယ်။ အခုလက်ရှိ ချရေးကြည့် နေတာကတော့ ကိုယ့်အခြေအနေနဲ့ ကိုယ့်ရပ်တည်မှုပါ၊ ဒါပေမယ့် ကိုယ့်လိုပဲ အခြေအနေ အမျိုးမျိုး နဲ့ တစ်ပြည်တစ်ရွာမှာ လာပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နေကြတဲ့ သူတွေအားလုံးလည်း မိမိ အခြေအနေ အလိုက် နည်းနည်း ဖြစ်ဖြစ်တော့ စဉ်းစားဖို့ လိုလာပြီလို့ ထင်မိတာပဲ။

ကိုယ့်ရဲ့ လက်ရှိအခြေအနေက PR ပါ။ သူများတွေလို မိသားစုတာဝန်တွေ ရှိမနေတော့ ဘာကိုမှ မဆုံးဖြတ်ဘဲ အလိုက်သင့် လေးနေလို့ ရနေတာက ကောင်းတာတွေလဲရှိ၊ မကောင်းတာတွေလဲရှိပေါ့။ ကိုယ့်ရဲ့  အမှီခိုကင်းလိုသော စိတ်အတွက် အရမ်းကောင်းသလောက် အတည်တကျ ဖြစ်ဖို့ ဘယ်မှာ အခြေချမလဲ၊ အလုပ်မလုပ်နိုင်တော့ တဲ့ အချိန်တွေမှာ ဘယ်လို ဆက်ရှင်သန်မလဲ ဆိုတာတွေ တွေးရင်တော့ အစီအစဉ် တကျရှိ မနေဘူး လို့ ခံစားရတယ်။ စင်္ကာပူမှာ တကယ်တော့ ကိုယ်က ဧည့်သည်မဟုတ်လား။ အိမ်ရှင်က လက်မခံ ချင်တော့တဲ့ တစ်နေ့ ပြန်ကြရတော့မယ် ဆိုရင် အထက်မရောက် အောက်မကျ ဖြစ်နေတဲ့ ကိုယ့်ဘ၀ကို ဘယ်လို ဆက်ပြီး ရုန်းကန် ကြမလဲဆိုတာ တွေးဖို့ တကယ်ကို အရေးကြီးပါတယ်။

နှိုင်းယှဉ် ကြည့်မယ်ဆိုရင် ဒီမှာ ရှိနေတဲ့ အချိန်မှာလည်း ကိုယ့်ပြည် ကိုယ့်ရွာမှာတုန်းက အလုပ်လုပ်နေတဲ့ နှစ်တွေနဲ့ စိတ်ပိုင်းဆိုင်ရာ အခြေနေချင်း သိပ်မကွာလှပါဘူး။ တနင်္လာ ကနေ သောကြာ အလုပ်သွားမယ်။ စနေ၊ တနင်္ဂနွေ ဆို လူမှုရေးကိစ္စ၊ ရပ်ရေးရွာရေး ကိစ္စ နည်းနည်း ပါးပါး လုပ်မယ်။ သူငယ်ချင်းတွေနဲ့ စကားပြောမယ်။ ကိုယ်စိတ်ဝင်စားတဲ့ စာတွေဖတ်မယ်။ ကိုယ့်ကျန်းမာရေး အတွက် အားကစား လုပ်ဖို့ အချိန်ပိုပေးဖြစ်တာ၊ အစားအသောက် ကို အန္တရာယ် နည်းနိုင်သမျှ နည်းအောင် စားဖြစ်တာတွေက စင်္ကာပူမှာ နေခြင်းရဲ့  ရလာဘ်တွေထဲက တစ်ချို့ ပေါ့။ အလွန်သိသာ ထင်ရှားတဲ့ ၀င်ငွေသိသာစွာ ပိုကောင်းတာ၊ နေရေးစားရေး အစစ အရာရာ လုံခြုံ စိတ်ချရတာတွေကတော့ ပြောနေဖို့တောင် မလိုပါဘူးနော်။

ခက်တာက ဘယ်လောက်ပဲ လူတွေနဲ့ အဆင်ပြေအောင် နေလို့ရနေပေမယ့် တစ်ခုခုက လစ်ဟာနေတာပဲ။ လူက တစ်ပြည်တစ်ရွာမှာ အနေကြာပေမယ့် ကိုယ့် နှလုံးသားက အိမ်မှာကျန်ခဲ့ တယ်ဆိုတာ ကိုယ်အသိဆုံး မဟုတ်လား။ ကိုဝင်းနိုင်လေးရဲ့  ကဗျာထဲကလို
"မဟုတ်ဘူး .. မဟုတ်ဘူး ... စင်္ကာပူကို ပေးဆပ်နေကြတာမဟုတ်ဘူး
သူတို့မှာ ... မက်ဆီဒိုးနီးယား သွေးအပြည့် ပါတယ်...
ကျောက်စာတိုင်တွေလို ခိုင်မြဲတဲ့ သိတ္တိရှိတယ် ...
မကုန်ခမ်းနိုင်တဲ့ အင်အားတွေရှိတယ် ...
သူတို့ယဉ်ကျေးမှု မြင့်မားတယ် ...
အချိန်တန်ရင် သူတို့ အိမ်ပြန်လာမယ် ...
မြရိပ်မှာ ထိုင်မယ် ... " လို့ သေချာမလား ဆိုတာက တော့ ... အင်း .. အချိန်က အဖြေပေး ပါလိမ့်မယ်လို့ ပဲ ပြောနိုင်ပါသေးတယ်။

စင်္ကာပူရဲ့  တစ်ရစ်ထက် တစ်ရစ် ပိုပြီးတင်းကြပ်လာတဲ့ "ကြိုး" တွေ။ သန့်ရှင်းမှု၊ လုံခြုံ စိတ်ချရမှု၊ နေစရာ Pass တစ်ခုနဲ့ အလုပ်လုပ် နိုင်နေသရွေ့  တစ်ဝမ်းတစ်ခါး ရှာစားဖို့ သိပ်မခက်လှတဲ့ အားကောင်းတဲ့ Economy၊ အခုတစ်လော PR များရဲ့ နေစားရိပ်၊ ပညာရေး စားရိပ် တွေမှာ သူ့နိုင်ငံသားများနဲ့ ကွာသထက် ကွာအောင် တစ်ထပ်ပြီး တစ်ထပ် တိုးမြှင့် နေတဲ့ သူ နိုင်ငံသား ခံယူချင်လာအောင် လုပ်နေတဲ့ အား။ ဒါတွေက အရှေ့  အရပ်က PULL တွေ ဆိုပါတော့ ...
ကိုယ့် Passport လေး အသက်ဆက်ချင်တော့ တစ်လတစ်လ ပေးနေရတဲ့ အခွန် ဆိုတဲ့ အား။ အိမ်ပြန်ရင် ကိုယ်ဒီက ရမဲ့ အလုပ် အတွေ့ အကြုံ တွေနဲ့ သက်မွေးဝမ်းကျောင်း ထူထောင် ဖို့  မလွယ်တဲ့ အဖြစ်။ အဲဒါတွေကတော့ အနောက်အရပ် က PUSH ဆိုပါတော့ ...
ဆန့်ကျင်ဘက် အရပ်နှစ်ဖက်က PULL နဲ့ PUSH က ကိုယ်တို့ကို လားရာတစ်ခုတည်း ဆီကို ရောက်အောင် တွန်းပို့ နေကြတဲ့ အခါ ကိုယ့် သူငယ်ချင်း အများစု မြန်မာ Passport လေးကို နှမြောတသစွာနဲ့ သံရုံးကို သွားအပ်လိုက် ကြရတာ မဆန်းပါဘူး။ ကိုယ်ကိုယ်တိုင်လည်း ဘယ်တော့ ရေစီးကြောင်း ထဲမျောသွား မလဲလို့ အမြဲတွေးနေမိတာကိုး။ ကိုယ်တို့ ဘိုးဘွား တွေလည်း ပိုစိမ်းတဲ့ မြက်ခင်းတွေဆီ သွားခဲ့ကြတာပဲ မဟုတ်လား။ လူတွေအားလုံးသာ နေရာကနေ မရွှေ့  ကြဘူး ဆိုရင် အခုခေတ် ရဲ့  တိုးတက်မှုတွေ ကို ဘယ်မြင်ရပါ့ မလဲနော်။

ထားပါလေ.. ကိုယ်က ဒီမှာ အပြီးနေဖို့ လက်ရှိ ဆုံးဖြတ်မထားသေးဘူး ဆိုတော့ ပြန်တဲ့ အကြောင်းပဲ တွေးကြည့်တာပေါ့။ အိမ်ပြန်ရင် ဘာလုပ်မလဲ ဆိုတာက စရမှာ ပေါ့နော်။ အိမ်ပြန်ရောက် ရင် သူဋ္ဌေး မဖြစ်ဖို့ကတော့ ကွမ်ရင် မယ်တော်ကျောင်းသွားပြီး စာချနေစရာ မလို။ လုံးဝသေချာပြီးသားပါ။ နေ့တစ်ဓူဝ ကျင်လည်ရတဲ့ အလုပ်ထဲက ပညာတွေကို လည်း ပြန်အသုံးချဖို့က မသေချာ။ "ကိုင်း ... ဘာဆက်လုပ်ကြမတုန်း"

နေပါဦးလေ။ နိုင်ငံရပ်ခြားမှာ နှစ်ရှည်လများ အလုပ်လုပ်တယ်ဆိုတာ ပိုက်ဆံ တစ်ခုတည်း အတွက်တဲ့ လား။ မဟုတ်သေးပါဘူး။ အနည်းဆုံး ဘာသာစကား တွေပိုကောင်းအောင် လုပ်လို့ မရတော့ဘူးတဲ့လား။ ကောင်းတယ်၊ စနစ်ကျတယ် ဆိုတဲ့ ပညာရပ်တွေ ထဲက ဘာမှ မရနိုင်တော့ဘူးတဲ့လား။ Account ပညာတွေ၊ Access လို Excel လို အများသုံး Software လောက်နဲ့ လုပ်ငန်းတစ်ခုကို လည်ပါတ် နေတဲ့ ပညာတွေ ကိုယ်တို့ ကူးမယူနိုင်ဘူးလား။ Retail တို့၊ Tourism တို့၊ F&B တို့၊ Hotel တို့ဆိုတဲ့ Service Industry တွေမှာကော ဘာမှ ကူးမယူနိုင်တော့ဘူးလား။ ကိုယ့် အရင်အလုပ်မှာဆို သူဋ္ဌေးညီ ရေးထားတဲ့ Customerized Access လေးနဲ့ ကုမ္ပဏီ တစ်ခုလုံးကို လည်ပါတ်ခဲ့တာ။ ကိုယ့်လို Hygienist လို့ခေါ်တဲ့ အလုပ်ကို လုပ်ကို လုပ်တဲ့သူ၊ Food Safety ဆိုတဲ့ကိစ္စနဲ့ နေ့တစ်ဓူဝ ပါတ်သက် လုပ်ကိုင်ရတဲ့ သူကရော အိမ်ပြန်ရင် စားသောက်ကုန်လုပ်ငန်းလေး တွေ စနစ်တကျနဲ့ အမြတ်အစွန်းလဲရ၊ စားသုံးသူ လည်း ဥပါဒ်မဖြစ်စေအောင် Consult လုပ်မပေးနိုင်ဘူးလား။ လားပေါင်းများစွာထဲက ကိုယ်နဲ့ သက်ဆိုင်သော "လား" လေးတွေ ဆွဲထုတ်တွေး တတ်ကြရတော့မယ်။

အိမ်ပြန်ရင် တစ်ခုခု ပါဖို့ အတွက် အခုထက်ပိုပြီး အင်အား စိုက်ထုတ်ရမယ်ဆိုတာတော့ ပြောနေစရာ တောင်မလိုပါဘူးနော်။ ကိုယ်တို့ အားလုံးသာ ဘာသာ စကား အားကောင်းဖို့၊ အများနဲ့ သင့်တင့် အောင် ပေါင်းသင်းပြီး ကိုယ့်ပါတ်ဝန်းကျင်က ကောင်းတာလေးတွေ ပြန်သယ်ယူဖို့ အမြဲမပြတ် လေ့လာ အားထုတ်နေဖို့ ဆိုတာတွေ ခေါင်းထဲမှာ ထည့်ထားရင် အရှေ့  ကျွန်းက ပြန်ရလည်း ကိုယ်ရော ကိုယ့် ပါတ်ဝန်းကျင်ပါ အကျိုးရှိအောင် လုပ်နေနိုင်ဦးမှာပါဘဲ။

"အပြန် အပြန် အပြန် လားဟေ့" လို့မေးတဲ့သူ ရှိခဲ့ရင် " အသွား အသွား အသွား ပါလို့" ဆိုပြီး "ဒီတစ်ခေါက်တော့ တို့က အရှေ့  အရပ်က ပညာတွေ၊ အတွေ့ အကြုံ တွေနဲ့ ကိုယ်တို့ ပါတ်ဝန်းကျင် သေးသေး လေးအတွက်ပဲ ဖြစ်ဖြစ် လုပ်နိုင်သလောက် ကလေး လုပ်ပေး မယ့် ခရီးကို စသွားတော့မှာ" ရယ်လို့များ ပြောနိုင်ခဲ့ရင် ဘယ်လောက်များ ကြေနပ်စရာကောင်း လိမ့်မလဲ။ စိတ်ပါသူများ ကိုယ်နဲ့ သက်ဆိုင်ရာ "လား" မေးခွန်းလေးတွေ ဆွဲထုတ်တွေး မိကြပါစေ လို့။

Sunday, March 7, 2010

Life on the wheels

The whistle marked the start of the day’s cycling experience. It was OCBC cycling event. In the sea of 8000 plus riders, my journey has begun. The bike floated over bumps; the cold air splashed over my face and I headed into the blind downhill sharp turn.

As I was riding downhill, I felt the swift movement on the right. The air rushed through me as if I was brushed by the edge of a storm. A bicycle overtook me. It was a racer with paddles, saddle and handlebar all set to maximize the aerodynamic efficiency. They are meant for speed.

Once I reached the bottom of the down slope and headed up to start the next uphill, another bike overtook me. An athletic man straightly sat on the bike and comfortably pushed his paddles as though he didn’t need to put effort at all. Cycling uphill is the hardest part. However, when you have learned how to handle them, cycling uphill is the greatest pleasure of all. I looked down, concentrated on breathing and rhythm of my pedaling, the hill passed in no time.

Just like driving, the slower bicycles are to stay on the left lane while the faster ones take the right ones. When the cyclists overtake, they usually shout "on your right" or simply "bike" or "be careful" to avoid bumping into each other while overtaking. Some even say "thank you" when you gave way for them.

At one point on a wide road, I tried to change the gear as my bike wheeled onto the slope. I pushed the gear with my thumb from 6 to 5. I kept on grabbing the handle tight and pushing the gear (trigger) as hard as I could but to no avail. I was intensely concentrating on the change of gear; I didn’t notice the road has narrowed down. A moment later, I found myself in the right lane but not riding fast enough. Just the second I thought of getting back to the left, someone shouted behind me “Aunty, you want to take left lane or not?” I turned my head to see a woman of around my size and shape, thus I assumed so did the age. All you can see a cyclist from behind is the head, the back and the butt.
“What made her to call me Aunty?”
“What an insult!”

I kept the negative feelings to myself. I tried to switch my energy back onto my muscle by pressing down the paddle harder.

A train of thought rushed into my mind. Life is like cycling. Full of ups and downs. People overtake you. Some say thanks when you give way. Some insult you without a reason. This is life. You need to be strong enough to go uphill, and maintain your balance when you are cycling down with the speed of wind. If you are on a mountain bike, the ones on the racers will overtake you. People who are better-equipped or stronger or trained harder than you will overtake you. You can’t just be depressed because you can’t go faster than them. You have to keep moving. Life goes on. Those were my thoughts.

After passing half way, my neck were stiffed, my back was in enormous pain. And my legs were trembling from pushing hard. Only then, I was facing the real challenge. I started to think “why am I torturing myself?” I should still be in bed at this hour of the day. Maybe I stop and get onto the van? Cycling is as much a mental test as a physical one. In life too, the challenge is within. The inferiority when you are not the first, the insecurity when people overtake you and the doubt for being yourself and staying in the course. All these are the real challenges. Sometimes, you feel like saying “I submit”. Those are the uphill rides. You won’t enjoy cycling until you learn to enjoy the uphill. You won’t enjoy life until you learn to enjoy the challenges.

At the end of the day, what really matters is to complete a race with minimum injury. Break your own yesterday’s record if you can. Similarly in life, what else could be more important than being healthy and happy? Friends, that’s your life. Enjoy!