Sunday, April 18, 2010

Q&A on Cultural Celebrations

Question: Since there are more and more Myanmar settling in Singapore, we have opportunity to enjoy more occasions such as Thingyan, Kahtein, Saya PuZaw Pwe and even a literature talk last year. Do you think such events are important to you? Why is that so? How about to the community, do you think they are important to the Myanmar community in Singapore?

Answer: Myanmar population in Singapore is constantly growing. Is it brain drain as the home country had invested in the citizens’ education and they migrated to a foreign country once they are ready to join the work force? Or is it better to make use of the human capital else where and take part in making the world a better place? Whatever the answer maybe; we are here in the high-speed Singapore.

When I came to Singapore in 2001, Myanmar population was still small and young. We have to ask friends to bring Myanmar food when they came back from their home trips. While walking in the sea of people along Orchard road, we could be assured that no one understood if we were talking to each other in our mother tongue. Many of us were also not comfortable to mingle with locals for the language and cultural barriers. Peninsula Plaza and Burmese Buddhist Temple are the only two places we can go to be more like ourselves. After a year or two of solitary confinement, I started to feel lost and question my own identity? The word “identity” seems to be big but it is part and parcel of day-to-day life. It started from selecting an appropriate outfit – can I wear this wide-open neck; can I wear this short skirt, can I …, can I …? The lists went on and on in making choices and keeping the values as these are the reflection of who I am. I was crashed while trying to explain which type of person I was, which kind of society we lived in and which level of culture and civilization we had at home. It is worse by the fact that when we talked about “home” we had more negative scenarios than the positive ones to share.

Now in 2010, you will have difficulty to count how many ingredients (for cooking a Myanmar dish) you CANNOT find in Singapore. The population has become so big that importing any Myanmar food to Singapore is economically viable. Now that many monks are settling in Singapore, we have many places to go for religion. We can even attend extensive Dhama talks such as Bamaw Sayadaw Taya Pwe. We can also enjoy the celebrations such as water festival (started from Polytechnics), Kahtein Pwe and even literature talks. Such events express the devotion to the religion, the deep culture that we have rooted on and the values we maintained. These occasions remind me who I am and what I do as a person. It provides the affirmation that I come from a civilized society. The glass palace maybe shattered on the surface but there are precious gems embedded inside. Thus I think the celebrations for the culture and traditions is important not only to me but to the community as a whole. I would also like to thank people who put time and effort in such activities. Bravo, do celebrate our culture!

Tuesday, April 6, 2010

လောက၀တ် (၂)

ဆက်ပြီးတွေးမိတာကတော့ ဘယ်အခါတွေမှာ ကိုယ့်ရဲ့  လောက၀တ် စောင့်ထိမ်းနိုင်မှုကို စမ်းသပ်ခံရသလဲ ဆိုတာပါ။ တည့်တည့် ပြောရရင်တော့ လူတစ်စိမ်းကို ဘယ်လို အခါတွေမှာ ကိုယ်ချစ်ခင်သော သူများကဲ့သို့ ယဉ်ယဉ်ကျေးကျေး ကောင်းကောင်း မွန်မွန် ဆက်ဆံနိုင်သလဲ၊ ဘယ်လိုအချိန်တွေမှာတော့ သိပ်ဂရုမစိုက်ဘဲ မသိသလို နေလိုက်သလဲ ပေါ့နော်။

လောက၀တ်စောင့်ထိမ်းဖို့ ဆိုတာက အင်အားတွေ ထပ်ထည့်ရတာ မဟုတ်လား။ ကိုယ်က ရထားပေါ်၊ ကားပေါ်မှာ နေရာလေး ရနေလို့ သက်တောင့်သက်သာလေး ထိုင်နေတုန်း သက်ကြီးရွယ်အို တစ်ယောက်ကိုယ့် ရှေ့မှာ လာရပ်လို့ ရှိရင် ကိုယ့်နေရာလေး ဖယ်ပေးဖို့ ဆိုတာက ကိုယ့်ရဲ့ သက်တောင့် သက်သာ ဖြစ်မှုလေးကို စွန့်လွှတ် လိုက်ရမှာလေ။ အနည်းဆုံး မတ်တတ်ရပ်ရမယ်။ ရထားဖြစ်ဖြစ် ကားဖြစ်ဖြစ် ကြပ်ညပ် နေခဲ့ရင် လူတွေနဲ့ နီးကပ်လွန်းလို့ စိတ်ညစ်တဲ့ ဒါဏ်ကိုလည်း ခံရသေးတာ။ သတိထားမိတာကတော့ ကိုယ်တိုင်က သိပ်ကျန်းမာ မနေတဲ့ အခါ၊ စိတ်ညစ်ညူးနေတဲ့ အခါတွေမှာ သူများအတွက် နေရာဖယ်ပေးဖို့ ခက်ပါတယ်။ အဲဒီတော့ နံပါတ်တစ် - သူများကို ဦးစားပေးဖို့ ကိုယ်တိုင် ကျန်းမာရွှင်လန်းနေဖို့ လိုတယ်လို့ ထင်ပါတယ်။

ကိုယ်က ရုပ်ပိုင်းဆိုင်ရာ အားပြည့်နေသော်လည်း ကိုယ်ဖယ်ပေးလိုက်တဲ့ သူက ကိုယ်ပေးတဲ့ နေရာကို တန်ဖိုးမထား သလို၊ ထိုင်ရမှာ ရွံ သလို ပုံမျိုးလုပ်ရင်လည်း စေတနာ ပျက်တတ် သေးတယ်။ ဒီစာကိုဖတ်ပြီး ပြုံးနေမယ့်သူတွေ ရှိပါတယ်။ စောင်းမရေးပါ။ တည့်တည့်ပဲ ရေးတာပါ။ ကောင်မလေး တစ်ယောက်က ရထားပေါ်မှာ အဒေါ်ကြီး တစ်ယောက်ကို နေရာဖယ်ပေးပါတယ်။ အဖွားကြီးက မထိုင်ခင် ခုံကို လက်နဲ့ ခါတော့ အဲဒီကောင်မလေးက မတန်သလို လုပ်တယ် ဆိုပြီး စိတ်ကွက်ပါတယ်။ နောက်ကိုဘယ်တော့မှ ဖယ်မပေးတော့ဘူးလို့ တွေးပါသတဲ့။ ကိုယ်ကတော့ ရန်ကုန်မှာနေတုန်းက တစ်ချို့သော ကား စပါယ်ယာတွေကို မျက်စေ့နောက်လို့ ခဏခဏ ပြသနာ ရှာပါတယ်။ ကြီးကြီးကျယ်ကျယ် Steven Covey ရဲ့ စကားနဲ့ ပြောရရင်တော့ Response-able မဖြစ်ဘူးပေါ့နော်။ ကိုယ်ပေးချင်တဲ့ Response မျိုးကို ပေးမယ့် အစား သူ့ရဲ့ အပြုအမူ ပေါ်တည်ပြီးတော့ (ကိုယ့်ရဲ့  လောက၀တ် စံ အပြင်ဖက် အရောက်ခံပြီး) တုန့်ပြန်မိတာကိုး။ ဒီတော့နံပါတ် နှစ် - လောက၀တ်စံတွေကို ထိမ်းသိမ်းဖို့ စိတ်ဓါတ် အင်အားကြီးရမယ်။

အခုတစ်လော Temesak Review ကစရှို့လိုက်တဲ့ ရေကစားပွဲတွေ အပေါ်ဝေဖန်တဲ့ ဆောင်းပါး (http://www.temasekreview.com/2010/03/24/pap-mp-grace-fu-organizing-water-festival-is-a-way-of-telling-foreigners-that-we-respect-them/) အပေါ် ဒီနိုင်ငံသားများ က တုန့်ပြန် ကြတဲ့ စကားစစ်ပွဲ (Comment စစ်ပွဲဆိုရင် ပိုမှန်မလားမသိ) ကိုဖတ်ရတော့ နောက်တစ်ချက် ထပ်စဉ်းစားမိတယ်။ Temesak Review ဆိုတာက လက်ရှိ အာဏာရပါတီကို ဆန့်ကျင်တဲ့ သေးသေးကြီးကြီး လက်ရှိ အစိုးရရဲ့ အားနည်းချက်မှန်သမျှကို ဖွင့်ချ တဲ့ အဖွဲ့ ပါ။ လွန်ခဲ့တဲ့ နှစ်လလောက်က အစိုးရက ငွေထောက်ပံ့တဲ့ Community Center တွေက ဘာသာစကား သင်တန်း တွေမှာ နိုင်ငံခြားသားတွေကို လက်ခံသင်ပေးလို့ ပြသနာရှာ ထားသေးတယ်။ အဲဒီလို စကားလုံး တိုက်ပွဲတွေမှာ ဒီနိုင်ငံသား တွေရော၊ နိုင်ငံခြားသားတွေပါ အနှောင့်မလွတ် အသွားမလွတ် ပြောတာမျိုးက စပြီး၊ ရိုင်းရိုင်းစိုင်းစိုင်း ရေးကြတာတွေ အထိ တွေ့ရတတ်ပါတယ်။ ငါတို့ အခွန်ဆောင်ထားတဲ့ ပိုက်ဆံတွေနဲ့ နိုင်ငံခြားသားတွေကို သင်တန်းပေးပြီး ငါတို့ နိုင်ငံသားတွေ အလုပ်မရအောင် လုပ်နေတာတို့၊ (နိုင်ငံခြားသားတွေ ဘက်ကလည်း - မင်းတို့ တွေ အပျင်းကြီးလို့ ငါတို့ကို အလုပ်ပေးရတာ တို့) ဘာ Integration လဲ၊ သူတို့က ငါတို့နဲ့ ပေါင်းတတ်အောင် ကြိုးစားရမှာ ငါတို့က သူတို့ရဲ့  ဓလေ့ထုံးတမ်းတွေ နားလည်နေစရာမလိုဘူးတို့ တွေ ရေးကြတယ်။ တွေးမိတာက လူတွေဟာ သူတို့ကို ဆွပေးရင် ဆွပေးနေတဲ့ သူရဲ့  ရည်ရွယ်ချက်ကို တွေ့အောင် မကြည့်တော့ဘဲ ရိုင်းရိုင်း စိုင်းစိုင်း ပြောကြတော့တာပဲလား။ ကိုယ်ကသူများ ရဲ့  တန်ဆာခံ ဖြစ်သွားတာကို သတိတောင် မထားမိတော့ ဘူးလား ဆိုတာပါ။ ဒီတော့ နံပါတ်သုံး - လောက၀တ်ကို နိုင်နိုင်နင်းနင်း စောင့်စည်းချင်တယ် ဆိုရင် ဘေးဘီ ပါတ်ဝန်းကျင်ကို ကြည့်တတ် ဖြစ်နေတဲ့ အခြေနေကို သုံးသပ်ပြီး စိတ်ဆိုးသင့် မဆိုးသင့် ဝေဖန်ပိုင်းခြား နိုင်တဲ့ ဥာဏ်ပညာလည်း ရှိရဦးမယ်လို့ ထင်ပါတယ်။

တွေးမိတာလေးတွေပါ။ နောက်ထပ်စိန်ခေါ်မှုတွေ အများကြီး ရှိဦးမှာပါ။ ကိုယ်တိုင်ကတော့ လောက၀တ်ကို နိုင်နိုင် နင်းနင်း စောင့်ထိမ်းနိုင်တဲ့ သူ ဖြစ်ချင်ပေမယ့် တစ်ခါတစ်ခါ Response-able မဖြစ်သေးဘူး ဆိုပါတော့။ ကြိုးစားနေ ဆဲပါ။ ကိုယ့်ကို ဘယ်သူက ဘာပြောပြော မိမိစိတ်ကို နိုင်အောင်ထိမ်းနိုင်တဲ့သူ၊ မိမိရဲ့  လူမှုကျင့်ဝတ် တွေကို မပေါက် မကျိုး စောင့်စည်းနိုင်တဲ့ သူမျိုးများ ဖြစ်ဘူးချင် စမ်းပါဘိနော်။

Sunday, April 4, 2010

ဆုတောင်းပြည့်ကျောင်း အလှူ စာရင်းရှင်းတမ်း - ၂၀၁၀ မတ်လ

အလှူဒါန ပြုလိုသူများအတွက် မှာ ရေးခဲ့ တဲ့ သန်လျှင် ဘုရားကုန်းလမ်းဆုံက ဆုတောင်းပြည့် ကျောင်းအတွက် ဆရာတော်ထံ ဖေဖေါ်ဝါရီလ (၁၄) ရက်နေ့ အလှူငွေ လွှဲအပ်ခဲ့ တဲ့ အကြောင်းနဲ့ ဖေဖေါ်ဝါရီလ (၁၄) ရက်နေ့ နောက်ပိုင်း အလှူငွေ ကောက်ခံရှိမှု အခြေအနေတွေကို အလှူရှင်များကို တင်ပြချင်ပါတယ်။



ဖေဖေါ်ဝါရီလ (၁၄) ရက်နေ့ မနက်မှာ ဆရာတော်ထံကို အလျှင်းသင့်သလို ထည့်ဝင်ကြတဲ့ အလှူငွေ SGD 465 နဲ့ ဇန်န၀ါရီ၊ ဖေဖေါ်ဝါရီ၊ မတ်လများ အတွက် လစဉ် ထည့်ဝင်ကြတဲ့ အလှူငွေ သုံးလစာ SGD 180 (မြန်မာငွေ ၄၅၄,၇၂၅ ကျပ်) ကို ကိုယ်တိုင် ထည့်ဝင်နေကျ ဆရာတစ်ယောက် လစာငွေ ဖေဖေါ်ဝါရီ၊ မတ်လ အတွက် ကျပ်လေးသောင်း နဲ့ အတူ လှူဒါန်းခဲ့ပါတယ်။



ဖေဖေါ်ဝါရီလ (၁၄) ရက်နေ့ ဆုတောင်းပြည့်ကျောင်းကို အလှူငွေ သွားလှူစဉ်က ကျောင်းဆောင်အဟောင်းကနေ အသစ်ကို ပြောင်းရွှေ့  ထားတဲ့ ကျောင်းအိပ်ကျောင်းစား နေတဲ့ မိန်းကလေးများရဲ့ အိပ်ဆောင်ကိုဝင်ကြည့် ဖြစ်တော့ အရင်ကထက်စာရင် အများကြီး သန့်ရှင်း သပ်ရပ်နေတာကို တွေ့ခဲ့ရပါတယ်။



လူငယ်လေးတစ်စု အ၀တ်အစားတွေ လာရောက်လှူနေတာတွေ့လို့ မှတ်တမ်းတင်ဓါတ်ပုံ ရိုက်လာခဲ့သေးတယ်။ နာဂစ်(စ်) ပြီးတဲ့ နောက်မှာ လူတွေ လူမှူရေးအသိ (ကိုယ်လည်း တစ်ပိုင်တစ်နိုင် တတ်နိုင်သလောက် သူများကို ကူညီလို့ ရတယ် ဆိုတဲ့ အသိ) နဲ့ လူမှုရေး လုပ်ငန်းလေး တွေ ပိုလုပ်လာကြတာကို လည်း သတိထားမိခဲ့တယ်။



ဆရာတော်ဆီက ကြားနာခဲ့ရသလောက် ဆရာတော်က ကျောင်းသားဦးရေ (၅၀၀) ထိ တိုးပြီးလက်ခံလိုကြောင်း၊ အတန်းပညာ အသင့်အတင့် တတ်ပြီးတဲ့ ကလေးတွေကို ကွန်ပြူတာ ဒီဇိုင်းလို စက်ချုပ်ပညာလို လက်မှုလုပ်ငန်း လေးတွေ သင်ပေး လိုကြောင်းတွေ လည်းသိခဲ့ရပါတယ်။ နွေရာသီမှာ အတန်းကြီး ကလေးများအတွက် အင်္ဂလိပ်စာ သင်ပေးဖို့ စီစဉ်ပေးချင်သော်လည်း သံလျှင်ဆိုတော့ သွားရေးလာရေး နည်းနည်းခက်လို့ မစီစဉ်ပေးနိုင်ခဲ့ပါဘူး။

ဖေဖေါ်ဝါရီလ (၁၄) ရက်နေ့ အတွက် လှူဖို့ စီစဉ်ပြီးတဲ့ နောက်မှာမှ ကောက်ခံရရှိတဲ့ အလှူငွေ (ယနေ့ ဧပြီလ ၄ ရက်နေ့ထိ) SGD 195 ရှိပါပြီ။ ဧပြီလကစပြီး လစဉ်အလှူငွေထည့်ဝင်မယ့် အလှူရှင် အသစ်သုံးဦးလည်း ရှိပါတယ်။ မေလလယ် လောက်မှာ နောက်ထပ်တစ်ခါ လှူဒါန်းနိုင်ဖို့ ကြိုးစားနေပါတယ်။ မွေးနေ့၊ နှစ်ပါတ်လည် နဲ့ အခြား အကြောင်းများအတွက် အလှူဒါန ပြုလိုကြရင် မစိမ့် masaint@gmail.com ကို ဖြစ်ဖြစ်

ဆရာတော် ဦးနန္ဒ၀ံသ (၁၂/သလန (သ)၀၀၀၄၃၉ )
ဆုတောင်းပြည့် ပရဟိတ ကျောင်း
ဘုရားကုန်းလမ်းဆုံ
သံလျှင်မြို့ 
ကိုတိုက်ရိုက် ဆက်သွယ်ပြီးတော့ ဖြစ်ဖြစ် လှူဒါန်းနိုင်ကြပါတယ်။

လောက၀တ်

ဒီတစ်ပါတ် Singapore Symposium မှာ Courtesy အကြောင်း ပြောဖြစ်ကြတယ်။ Courtesy (in the context of "excellence of manner or social conduct") အတွက် အသင့်တော်ဆုံး မြန်မာစာလုံး ကတော့ လောက၀တ် ဖြစ်မယ်ထင်တယ်။ ကျေးဇူး ကိုAKK.

ညီမလေး တစ်ယောက်က လောက၀တ် ဆိုတာ ဘာလဲဆိုတာရယ် လောက၀တ် ဆိုတာကို ငယ်စဉ်ကတည်းက အိမ်က မိသားစု၊ ကျောင်းက ဆရာ ဆရာမတွေ ဆီကနေ ကိုယ်တို့ သင်ယူကြတဲ့ အကြောင်း တွေရယ် ပြောတယ်။ သူပြောတာတွေထဲက ကိုယ့် အတွက် တော်တော် အတွေးပွား စရာ နှစ်ခု ကတော့ - လောကမှာ အမြဲတမ်း လောက၀တ်ကို ဦးထိပ်ထားနေရင် သူများက ကိုယ့်ခေါင်းပေါ် တက်သွားလိမ့်မယ် ဆိုတာနဲ့ ခုခေတ် လူငယ်လေးတွေဟာ မီဒီယာရဲ့  လွှမ်းမိုးမှု၊ သူတို့ကိုယ်တိုင်ရဲ့  "မိုက်တယ်ကွ" ဆိုတဲ့ စာရင်းထဲ ပါလိုမှု တွေနဲ့ လောက၀တ် နည်းပါးလာတယ် ဆိုတာ တွေပါ။ သူကတော့ COOL လို့သုံးပါတယ်။ ခုခေတ်စကားနဲ့ ပြောရရင် "လန်းတယ်" လို့များ ပြောရမလားပဲ။

(၁) လောကမှာ အမြဲတမ်း လောက၀တ်ကို ဦးထိပ်ထားနေရင် သူများက ကိုယ့်ခေါင်းပေါ် တက်သွားလိမ့်မယ်။
ကိုယ်ကတော့ သိပ်သဘော မတူချင်ပါဘူး။ ကိုယ်တိုင်လည်း ကိုယ့်ကို သူတစ်ပါးက အခွင့်အရေး ယူသွားမှာ၊ ကိုယ်က လူနုံ လူအ အဖြစ် ရောက်ရမှာ တွေကို တော်တော် ပူပန်တတ်တဲ့သူပါ။ ဒါပေမယ့် အရေးကြီးတာက ကိုယ်တိုင်က လောက၀တ်နဲ့ လူ့အောက်ကျို့  ခြင်း ဆိုတာကို သေသေချာချာ ကွဲပြားနားလည်ရမယ်လို့ ထင်တယ်။ တိတိကျကျ ပြောရရင် "လူ့အောက်ကျို့  ခြင်း" ဆိုတာကို အရင် ရှင်းရမယ် ထင်ပါ့။ အဲဒီစကားက ကိုယ့် အတွက်တော့ တော်တော် အပြုသဘော မဆန်တာပါ။ ကိုယ့်ကိစ္စပြီးမြောက် အောင်မြင်ဖို့ သူတစ်ပါးကို အကူအညီတောင်းရတဲ့ အခါတွေ ဘ၀မှာ အကြိမ်ပေါင်း မရေမတွက် နိုင်လောက်အောင် ရှိပါတယ်။ ကိုယ်က သူတစ်ပါးကို ကူညီခွင့်ရတဲ့ အခါတွေလည်း ရှိတာပဲ။ ကိုယ်ကူညီခွင့် ကြုံရင် သူ့ဆီက ဘာပြန်ရမလဲလို့ မျှော်ကိုးခြင်းတွေ သိပ်မထားပဲ ကူညီနိုင်တယ် ဆိုရင် ကိုယ်က သူများဆီက အကူအညီ တောင်းရတဲ့ အခါ မှာလည်း အောက်မကျို့ ပဲ အကူအညီတောင်းလို့ ရတယ်လို့ ထင်ပါတယ်။ အကူအညီတောင်းခြင်းကို ကိုယ်ကတော့ "လူ့အောက်ကျို့  ခြင်း" လို့ မယူဆပါ။ ကိုယ်က ပေးသူနေရာက ဖြစ်ဖြစ် ယူသူနေရာက နေနေ လောက၀တ်ကို အပြည့်အ၀ စောင့်စီးလို့ ရပါတယ်။ ယဉ်ကျေးစွာ အကူအညီတောင်းခြင်း၊ ပျူငှာစွာ အကူအညီ ပေးခြင်းများကို လောကရဲ့  မင်္ဂလာတစ်ပါးလို့ မှတ်ယူပါတယ်။

ကိုယ်က အကူအညီပေး တတ်မှန်းသိလို့ ကိုယ့်ကို ထပ်ခါ တလဲလဲ အသုံးချ လာပြီဆိုရင်တော့ ကိုယ့်အတွက်ကိုယ် အချက်ပေး ခေါင်းလောင်း ခေါက်ပေတော့ပေါ့နော်။ အထက်စည်း ကပဲခိုင်းခိုင်း၊ အောက်စည်းကပဲ အကူအညီ တောင်းတောင်း ယဉ်ယဉ်ကျေးကျေး ငြင်းပယ် တတ်ရပါလိမ့်မယ်။ ဒီကိစ္စကတော့ ထင်သလောက်မလွယ်ပါ။ ကိုယ်က တစ်ခါငြင်းပယ်ပြီးရင် သူက နောက်ထပ်တစ်ခါ အကဲစမ်း ဦးမှာလေ။ ကျောချင်လို့ လုပ်နေတာတွေနဲ့ အမှန်တကယ် အကူအညီ လိုတာတွေကလည်း အရောင်ဆိုးမထားတော့ ခွဲခြားရ ခက်ပါတယ်။ ကိုယ့်ရဲ့  ချင့်ချိန်နိုင်စွမ်း နဲ့ပဲ စခန်းသွားရတော့ မှာပေါ့နော်။ သူ့ကို ကူညီသည်ဖြစ်စေ ငြင်းပယ်သည် ဖြစ်စေ လောက၀တ် မပျက်ဖို့ က အဓိကပါ။ ကိုယ့်ကို အကဲစမ်းလို့ မအောင်မြင်ဘူး ဆိုတာသေချာတဲ့ တစ်နေ့မှာ သူကိုယ့်ဘေးက ဝေးဝေးခွာရင်ခွာ၊ (ကံကောင်းခဲ့ရင်) ကိုယ့် အပေါ်သဘောထား ပြောင်းပြီး ဆက်ဆံပါလိမ့်မယ်။ ဒီတော့ ကိုယ်ယုံကြည်တာက "လောက၀တ်ကို ဦးထိပ်ထား လို့ လူတွေ ကိုယ့်ခေါင်းပေါ် မတက်ပါ" ။

(၂) COOL ဖြစ်ချင်လို့ လူငယ်တွေ လောက၀တ် နည်းပါးလာတယ်
ဒါကိုတော့ ကိုယ်က နှစ်ပိုင်းခွဲချင်ပါတယ်။ လူငယ်တွေ ဆိုတာနဲ့ COOL ဖြစ်ခြင်းပါ။ COOL ဆိုတာကို၂၀၀၀ ပြည့်နှစ် မတိုင်ခင်တွေမှာ တော့ "မိုက်တယ်" လို့သုံးပြီး အခုနောက်ပိုင်းတော့ "လန်းတယ်" လို့ ပြောကြတယ်လို့ ထင်ပါတယ်။ ၂၀၀၀ ပြည့်နှစ်မိုက်ပုံ မိုက်နည်းနဲ့  ၂၀၀၀ ကျော်ခေတ် လန်းပုံ လန်းနည်း ကိုက မတူတာကိုလည်း ထည့်တွက်ကြရမယ်ထင်တယ်။ ရှေးတုန်းက (ဒါကတော့ တော်တော် ရှေးကျမယ် ထင်ပါတယ်) ဆံပင်ကို သပ်ရပ်နေအောင် Gel နဲ့ပုံသွင်းပြီး အခုခေတ်မှာတော့ တက်ကြွသွက်လက်ပြီး အသက်ဝင်နေအောင် ကြိုးစားကြပါတယ်။ ဒီနေရာမှာတော့ ကိုယ်မလုပ်တတ် သော်လည်း သက်ဝင်လှုပ်ရှား နေတဲ့ (ကိုယ့်မိဘ အရွယ် လူကြီးတွေ အတွက် ဆိုရင်တော့ ရှုပ်ပွနေတယ်လို့ ထင်မလားမသိ) ဆံပင်ပုံစံတွေကို ကြိုက်ပါတယ်။ ခုခေတ်လူကြီး၊ လူငယ်မဆို လှုပ်ရှား ပြုမူပုံတွေ ပြောင်းလဲ လာတာတော့ အမှန်ပါ။ ကိုယ့်အမြင်မှာတော့ ပိုပြီး သွက်လက် လှုပ်ရှားလာကြတယ်၊ စကားဆိုရင်လည်း တည့်တည့် ပိုပြောတတ် လာကြတယ်လို့ ထင်ပါတယ်။ လောက၀တ်တွေ အတွက် အချိန်ပေးတာလည်း နည်းသွားပါတယ်။ ရှေးစံနဲ့ ကြည့်ရင်တော့ လောက၀တ် နည်းလာတယ်လို့ ပြောနိုင်ပါလိမ့်မယ်။ "What it takes" လိုမျိုး TV Program တွေထဲက "Well behaved people seldom break through" လို Tagline တွေကလည်း ပရိတ်သတ်အပေါ် လွှမ်းမိုးမှု ကြီးမားတာ အမှန်ပါ။ ကိုယ့်အမြင်ကတော့ "ရှေးတုန်းက နဲ့ ယှဉ်ရင်တော့ လူငယ်သာမက လူကြီးတွေမှာပါ လောက၀တ် နည်းပါးလာပါတယ်"

ဒီလို စိတ်ဝင်စားရာလေးတွေ လွတ်လပ်စွာ ပြောလို့ ရအောင် နေရာ၊ အချိန်တွေ (ညနေစာလည်း ပါသေးတယ်) စီစဉ်ပေးတဲ့ ညီမများနဲ့ Singaore Symposium အဖွဲ့သားများ ကို အထူး ကျေးဇူးတင်ပါတယ်။