တရုပ် နှစ် ကူး မှာ သူငယ်ချင်း တစ်ယောက်က ၀က်ရုပ် ကလေး တစ်ခု ပေးတာက အစပြု ပြီး တရုပ် နှစ် ကူး တိုင်း ၀က်ရုပ် ကလေး တွေ ရှာစု တတ်တဲ့  အကျင့် ရလာခဲ့  တယ်။ တရုပ် နှစ် ကူး ရောက် တိုင်း အရုပ် တစ် ရုပ် ၀ယ် ခဲ့  ပေ မယ့် ဒီနှစ် မှာ ဘာ့  ကြောင့်  ဒီ အရုပ် ကို ရွေး မိ တာ လဲ ဆိုတာ တော့ အမှတ် တမဲ့ ပဲ နေမိတယ်။ အခု နှစ်စဉ် ၀ယ် ဖြစ် တဲ့  ၀က်ရုပ် ကလေး ကို ပြန်ကြည့်  မိတော့ သူတို့  က ဘ၀ ဇာတ်ကြောင်း ကို ပြောပြ နေသလို ပဲ။
၂၀၀၂ - ပထမဆုံး အရုပ်ကိုစရတဲ့  နှစ်
၂၀၀၃ - ကိုင်ထား တဲ့  student pass လေး အသက်ဆက်ဖို့  စာမေး ပွဲ အောင် အောင် လုပ်ရပါတယ်။ တစ်ဖက်ကလည်း အချိန်ပိုင်း အလုပ်လုပ်ရပါတယ်။ ပိုက်ဆံရဲ့  တန်ဖိုး ကိုလည်း တော်တော်ကို နားလည်သွားပါတယ်။ ပိုက်ဆံအကြောင်းပဲတွေး နေလို့  လားမသိဘူး အဲဒီနှစ်က ၀က်ရုပ်က ငွေထုပ်ကြီး ပိုက်ထား လေရဲ့ ။
၂၀၀၄ - ကျောင်းပြီး သွား တော့  စိတ်ပင်ပန်းမှုက တစ်မျိုး တိုးလာပါတယ်။ အလုပ်ကလေး တစ်ခုရှိနေပေမယ့်  ၀င်ငွေက မလောက် ပြန်ပါဘူး။ ရုံးကဘကြီး ကို ၀က် ရုပ်ထဲမှာ ထဲ့ ထားတဲ့  ချောကလက်ဝယ်ကျွေးပြီး အရုပ်ကိုတော့  ကိုယ့်  ရဲ့  Collection ထဲကို ထည့်ထား လိုက်တယ်။ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပေါ့ ။
၂၀၀၅ - သင့်တင့်တဲ့ အလုပ်ကလေးရလာပြီး အဆင်ပြေစပြုလာပါပြီ။ Image ဆိုတာကိုလဲ သတိထားတတ်စပြုလာပါတယ်။ အဲဒါနဲ့ ပဲများများဝက်မရုပ်ကလေးဝယ်ဖြစ်သွားတယ်။ :)
၂၀၀၆ - အလုပ်ထဲမှာ အသားကျလာပြန်တော့ လည်း စိတ်ကိုအလုပ်ပေး ချင်လာပြန်တယ်။ ဒါနဲ့ ပဲ စိတ်ဝင်စားစရာရှာပြီး ကျောင်းတက် မယ်ဆိုတဲ့  စိတ်နဲ့  စာဖတ်နေတဲ့  အရုပ်တွေ ၀ယ်မိတယ်။
၂၀၀၇/၂၀၀၈ - ဉာဏ်ပညာနဲ့  ပတ်သက်တယ်လို့  ယူဆရတဲ့  အရုပ်တွေ ရွေးမိတယ်။ စိတ်ခွန်အား နည်းနည်း လျှော့ နေသလိုပဲ။
၂၀၀၉ - ငါ့ ရဲ့ ပေါ့ ပါးဖြတ်လတ်မှု၊ အလိုက်သင့် နေတတ်မှု၊ ဟာသဉာဏ် ... အဲဒါတွေဘယ်ရောက်ကုန်ပြီလဲလို့  တွေးမိလောက် အောင် "I've lsot my charm" လို့  ပြောမိလောက်အောင်ကို အလုပ်ထဲမှာရော အပြင်မှာပါ စိတ်ပင်ပန်းရပါတယ်။ တစ်ချိန်က စိတ်လက် ပေါ့ ပါးဖြတ်လတ်မှုလေး တွေကိုတမ်းတတဲ့ အနေနဲ့  ကြည်လင်တဲ့ အပြုံးပိုင်ရှင်ကလေး ကိုရွေးမိပါတယ်။
၂၀၁၀ အကြို - သိပ်မကြာခင်ကပဲ အမေကိုယ့် ဆီကိုပထမဆုံးအကြိမ် လာလည်ပါတယ်။ အမေနဲ့  အတူတူမလေးရှားသွားရင်း တွေ့  လာတာလေးပါ။ အမေ့ခရီးစဉ်ကို အမှတ်တရ ဖြစ်စေချင်တာ နဲ့ ပဲ ရှေ့ နှစ်အတွက် ကြိုဝယ်ထားလိုက်တယ်။
နှစ်တွေကြာလာတာနဲ့ အမျှ ကောင်းသော၊ ဆိုးသော အတွေ့ အကြုံတွေလည်းတိုးလာပါတယ်။ မကောင်းတာတွေဖယ် ကောင်းတာလေး တွေပွားယူဖို့ ကတော့  ကြိုးစားနေတုန်းပါပဲ။ မျက်နှာပေါ်က အပြုံးတွေပျောက်ပျက်မကုန်အောင်တော့  အစွမ်းကုန်အားထုတ်နေမှာပါ။
The paradox of insular language
1 year ago
1 comment:
Ma, your writing is attractive.. keep it up.
Post a Comment