Sunday, June 6, 2010

ဒွိဟ

Pieces တဲ့
ငါးနှစ်ကောင် အမြီး ခေါင်းဆိုင်လို့
မွေးကတည်းက ဒွိဟနဲ့ လှလှကြီး တွေ့ခဲ့တာ။

ဘ၀က တစ်ခါခါ Buffet စားသလိုပဲ
ကောင်းတာတွေ အားလုံးကိုတစ်ထိုင်တည်း စားဖို့ခက်တယ်။

အခုလည်း ဒွိဟက စိန်ခေါ်နေပြန်ပြီ
နောက်ထပ်တောင်တစ်လုံးတက်ဦးမလားတဲ့။

ဆင်ခြေတွေ ဆင်လက်တွေပေးကြည့်
ခွင့်သိပ်မရှိတော့ဘူး - အိုပြန်လာတော့ MC ပေါ့
အလုပ်တွေများတယ် - ကုမ္ပဏီဆိုတာ အသက်စတေးစရာနေရာ မဟုတ်ဘူး
သိပ်ပင်ပန်းမှာ - ဘယ့်နှယ် ဒီထက်မြင့်တဲ့ တောင်ကို တောင်တက်လာပြီးမှ။

အင်း - ဆွဲဆောင်ချက် တွေကလည်းပြင်း
ကိုယ့်သက်လုံကို စမ်းသပ်ဖို့ အကောင်းဆုံး အခွင့်အရေး
စိတ်ဓါတ်ခွန်အား ကိုလည်း စမ်းသေးတာ
အဆုံးထိရောက်အောင် မောင်းကြည့်လိုက်စမ်း။

ဟင်း - ဒုက္ခ နဲ့ လှလှ တွေ့ရပြန်ပေါ့
ဒီတစ်ခါ အတွင်းစိတ်နဲ့ အပြင်စိတ်ရဲ့ တိုက်ပွဲ။

ပြောတော့ဖြင့် လွယ်လိုက်တာ
နှလုံးသားကို နားထောင်တဲ့
သူပြောတာ သိပ်တိုးနေတော့ ဘယ်လိုလုပ်ရမှာတုန်း။

Yes ဘက်ကို ယိမ်းလိုက်တိုင်း No ဘက်ကိုကပ်သွား
ခေါင်းခါပြန်တော့ (နှလုံးသားက) ဒါမဟုတ်ပြန်ဘူး ဆိုလား။

ရှားရှားပါးပါး အခွင့်အရေး ဆိုတိုင်း
တွေ့ဦးမှာပါ ငါမသေသေးပါဘူးလို့ အော်ပြော။

အသံဗလံတွေ ရှုပ်ရှက် ဗရုတ်ဗရက်နဲ့
ခက်တော့ ခက်နေပြန် ပါပြီကော။

ကိုယ့်စိတ်ကို အောင်နိုင်ဖို့ အသာထား
သူပြောတာတောင် ကြားအောင် နားမထောင်နိုင်တဲ့ ဘဝ
ကိုင်းဘယ့် နဲ့လုပ်ကြမတုန်း။

No comments: