Sunday, January 31, 2010

ဆရာတော် ဦးဇောတိက ပြောသော Age of Communication and Negotiation

ဒီနေ့မနက် ဆရာတော်ကို ဆွမ်းမကပ်ခင်မှာ တစ်နာရီလောက် ဆရာတော် ပြောကြားတာတွေကို နာယူခွင့်ရလိုက်ပါတယ်။ ဆရာတော်က Flight, fight or flee ဆိုတဲ့ ခေတ်ကုန်ပြီး Communication and Negotiation ခေတ်ကို ရောက်နေပြီ။ ခေတ်နဲ့လိုက်လျော ညီထွေနေ တတ်အောင်နေရမယ်၊ ဒီခေတ်ကြီးမှာ ရှင်သန်ဖို့ ကိုယ်ပြောချင်တာကို ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ပြောပြတတ်ရမယ်၊ ကိုယ်ဘာပြောလိုက်ရင် တစ်ဖက်သား ဘယ်လိုခံစားရမယ် သူဘယ်လို တုန့်ပြန်လာနိုင်တယ် ဆိုတာတွေပါ ကြိုတွေးပြီး လိုရာခရီးရောက် အောင် ထိထိမိမိ ပြောဆိုဆက်ဆံတတ်ရမယ် လို့ ဟောပါတယ်။ ဆရာတော်ဟောတာ မှန်လိုက်တာနော်လို့ တွေးနေမိပါတယ်။ မနေ့ကပဲ သူငယ်ချင်းတွေကို ကိုယ့်အလုပ်ထဲက ဆက်ဆံရေး အခက်အခဲလေး တစ်ခု အကြောင်းပြော နေမိသေးတယ်။

တစ်ခါတစ်လေမှာ လူတွေဟာ "သူလား။ သူပြောရင်ဘာမှကို နားမလည်တာ" ဆိုတဲ့ Mental Blockage လေးတွေ ရှိတတ်တယ်။ ကိုယ့်စိတ်က မူလက ဖြူစင်ခဲ့ရင်တောင်မှ ဒါမျိုးတွေ ကြုံရတာ များလာရင် ကိုယ့်ရဲ့ စိတ်ထဲမှာလည်း "သူလား။ သူကငါပြောရင် ဘာမှကို နားမလည်တာ။ ပြောလဲမထူးမဲ့ အတူတူ ဘာမှ မပြောဘဲ နေလိုက်တယ်" ဆိုတဲ့ Communication ကိုဖြတ်တောက်ပစ်မဲ့ Blockage တွေ ပေါ်လာတယ်။ နှစ်ယောက်စလုံး Effective Communication ကို လမ်းစဖျောက်ပစ်ချင် နေမှတော့ ဘယ်လိုလုပ်ပြီး ကိုယ်ပြောချင်တာ တွေကို သူနားလည်အောင် ပြောပြလို့ ရပါတော့ မလဲနော်။

သူများတိုင်းပြည်ရောက် ကိုယ့်မိခင်ဘာသာစကား မဟုတ်တာကို ပြောနေရမှတော့ ဆက်ဆံရေး အခက်အခဲ ဆိုတာ တစ်နေ့မဟုတ် တစ်နေ့ ပုံစံတစ်မျိုး မဟုတ် တစ်မျိုးနဲ့ တွေ့မှာပါပဲ။ အိပ်ချိန်နုတ်လိုက်ရင် အလုပ်မှာ နေတဲ့ အချိန်က အိမ်မှာ နေတဲ့ အချိန် ထက်တောင် ပိုများသေးတာ ဆိုတော့ အလုပ်ထဲက လူတွေနဲ့ ဆက်ဆံရေးကောင်းဖို့ တော်တော်ကို အရေးကြီးပါတယ်။ Steven Covey ရဲ့  Seven Habbits of Highly Effective People ထဲမှာပြောတဲ့ Relationship တွေထဲမှာလည်း Work Relationship တစ်နည်းအားဖြင့် Relationship with Colleague ဟာ တစ်ခုအပါအ၀င်ပါ။

ဒီနေရာမှာလည်း ဆရာတော်ဟောတဲ့ Flight, fight or flee နဲ့ ဖြေရှင်းလို့ မရနိုင်တာဘူး ဆိုတာလည်း အသေအချာပါ။ အလုပ်ခွင်မှာ ရန်ထဖြစ်နေလို့ မရသလို ဘာမှမပြောဘဲ ခေါင်းငုံ့ သည်းခံရုံနဲ့ ပြီးသွားမယ့် ပြဿနာလည်း မဟုတ်တော့ သေသေချာချာ စဉ်းစားပြီး စနစ်တကျ အချိန်ယူဖြေရှင်းရမယ်လို့ ထင်ပါတယ်။ ကိုယ့်ပြဿနာကို ဖြေရှင်းဖို့ ပထမဆုံးအနေနဲ့ ကြိုးစား ကြည့်မှာကတော့ စိတ်ရှည်ရှည်ထားပြီး ကိုယ်ပြောရင် သူနားထောင်ချင်အောင် သူနားလည်အောင်၊ သူပြောတဲ့ အခါမှာ ကိုယ်ကလည်း သေသေချာချာ အချိန်ပေးပြီး နားထောင်ဖို့ မရှင်းရင် ပြန်မေးဖို့ ပါ။ သေချာတာကတော့ ကိုယ့်အချိန် တော်တော်များများကိုသူ့နဲ့ ဆက်ဆံရေး ကောင်းအောင် ကြိုးစားရင်း သုံးပစ်လိုက်ရမှာပါ။ အလုပ်က ခပ်များများနဲ့ အိမ်ပြန်တော့ နောက်ကျဦးမယ်ထင်ပါရဲ့။ နေ့စဉ်တွေ့နေရတဲ့ သူတွေနဲ့ စိတ်ထဲမှာ အဆင်ပြေပြေ အလုပ်လုပ်ဖို့ အထောက်အကူ ပြုမယ်ဆိုရင်တော့ အချိန်သုံးရကျိုးနပ်လောက်ပါရဲ့လေ။

Thursday, January 28, 2010

The other side of Microfinance

I attended a seminar on microfinance and that seminar has widened my knowledge horizon. I agree with what Prof Muhammad Yunus said "it's a business with social objective". Microfinance is doing business to fulfill the social objective(s). I thought social objective is the primary reason of the whole thing and business is there to facilitate the sustainability. However, this seminar painted the landscape of microfinance - a general view and the details of India, Cambodia and Pakistan.

I have heard about Grameen and I guess it could be 80% of the effort spent on the social objective and 20% on business. Grameen is known for improving the social status of women in Bangladesh. I think the Grameen Bank and the founder Prof Muhammad Yunus were awarded Nobel Peace Prize for the social objective but not the business. I did have a chance to hear such social-orientated businesses from India in that seminar. In such not-for-profit Micro Finance Institutions (MFIs), the biggest loans are about USD 200 and the interest rates are pretty low (can't remember the figure though).

On the other end of the spectrum, there are some organizations with 80% of the organization runs for business and 20% social objective. The speakers from Cambodia and Pakistan talked about their for-profit microfinance organizations. The Pakistani entrepreneur (I didn't say social entrepreneur) explained the smallest ticket (the smallest loan) is USD1500, and the interest rate is 40%. Don't be surprised. He is also working towards a social objective "providing access to finance (off course to the poor)". Anyway, people who do not have access to finance (i.e. they can't take loan from other banks because their loan is too small or they do not have enough property or something to put as guarantee) can get loans, run their own business and make money. Hmmm...

I think both forms of Microfinance are there for their own reason - sarcastically, one to spoil the poor and the other to make money between the investor and the lender.

Microfinance is so popular in India that some signals of "bubble" are already been seen. In some small towns, there are more MFI's than the poor. Thus some people took 3 to 6 loans and fell into the debt trap. I am sure there are people who took big loans from for-profit microfinance operators and fell into the business failure too. It is scary but true that there are always, always and always traps around us, even in the microfinance.

Despite various points of view on microfinance, all the four speakers agreed the poor need micro saving as mcuh as they need the loan. That is a new knowledge for me. But it seems so logical. Even if someone can make a small USD10 equivalent of money, no bank will accept this peanut. Thus they do need access to the banking facility as well. Another point is that microfinance by itself will not elevate poverty. Then, what should be the complementary? When I receive the invitation email for this seminar, I was thinking "which one is more effective in helping the poor - finance or human capital empowerment?" However, I walked out of the room with a different understanding "it is both - finance AND empowerment".

Saturday, January 16, 2010

My Comment for Ma Yin Yin Oo

Employers in Singapore look for hard working employees at a lower pay and less benefit. There is a law which permits foreigners to work legally. So we, foreigners came to Singapore and work. This is just Demand and Supply.

The position “Accounts Executive” could mean any where from an office girl helping out for a specific account to the one who is in charge of that specific account. It may also mean someone who is book keeping or taking care of debit and credit of the whole company. The title of a job scope varies depending on what image the employer wants to have.

Be it a real executive or an office girl, yes we do have language barriers. The first reason, we were not exposed to English as a language but as a subject. It means we do not speak well but write and read clearly. Second reason is the English in Singapore. Usually, those who intend to work overseas learn English (mainly listening and speaking) to improve communication. It is mostly from the native speakers. The pronunciation, the use of words and the grammar – everything is different when we started working in Singapore. Very often, people think and construct sentences in their own languages/dialect, then replace with English words. So we do have difficulty to communicate with locals.

However, we can perform the job, we work hard, we are willing to work at a lower pay. Therefore the employers keep us. Today we do not perform, tomorrow we have to pack and go home.

Despite all the difficulties and the pressure at work, Ma Yin Yin Oo finds a way to improve her communication skills. Again, there is subsidy which is funded by the government. If she is eligible, she should apply for the subsidy. Nothing is wrong.

I admire her willingness to learn in any possible ways. I hope the article and the comments do not discourage you. We have to keep on learning and also must share such learning opportunities with our friends. Congratulations Ma Yin Yin Oo.

Friday, January 15, 2010

Reality Show များနဲ့ လက်တွေ့ဘဝ

အခုတလော Reality Show တွေတော်တော် ကြည့်ဖြစ်နေတယ်။ အစွဲဆုံးကတော့ So You Think You Can Dance ပါ။ အဲဒီ အစီအစဉ်ရဲ့ နောက်ကကပ်လိုက် တာတွေကတော့ Project Run Way, Shear Genius နဲ့ Top Chef အစီအစဉ်တွေပါ။ ဒီအစီအစဉ်တွေ အားလုံးက စင်ပေါ်မှာ ပြိုင်ပွဲဝင်တဲ့ အချိန်တွေသာမက စင်နောက်မှာ လေ့ကျင့်ရ၊ ပြင်ဆင်ရတာတွေ ကိုပါ ပြတော့ ပြိုင်ပွဲများရဲ့ သဘာဝ တရားသဖြင့် ပြိုင်ကြတာတွေရော ကြုံတုန်းလေး တံတောင်နဲ့ တွက်လိုက်တာတွေပါ တွေ့ရတတ်ပါတယ်။ လူ့သဘာဝကို တော်တော် ထင်ဟပ် စေတာ ပါ။ American Idol ကျတော့ တစ်နိုင်ငံလုံးက မဲတွေရအောင် ကြိုးစားရတာ မလွယ်မှန်းသိသော်လည်း လူ့သဘောသဘာဝ တွေကို သိပ် မမြင်ရလို့ အစွဲကြီး မဟုတ်လှဘူး။

So You Think You Can Dance က အမေရိကန်နိုင်ငံ တစ်လွှားက မြို့ ကြီးတွေမှာ လိုက်ပြီး ပြိုင်ပွဲလုပ်ပါတယ်။ အဲဒီမြို့  ကြီးတွေမှာ အရွေးခံရရင် Las Vegas မှာ ပြိုင်ရတယ်။ လူအုပ်အကြီးကြီး ထဲကနေ ထိပ်ဆုံး မိန်းကလေး ဆယ်ယောက် ယောက်ျားလေး ဆယ်ယောက် အားလုံး အယောက်နှစ်ဆယ်ကို ရွေးဖို့အတွက် ကိုယ်တိုင် ကကွက် ထွင်ပြီး ကပြရတဲ့ အပြင် အကဆရာ (Choreographer) များက သင်ပေးတဲ့ အတိုင်းလည်း ကပြရပါတယ်။ ထိပ်ဆုံး (၂၀) ထဲကို ရောက်ဖို့ ဘယ်လောက် ခက်သလဲဆိုတာ ကြည့်တဲ့ ပရိတ်သတ် သိပါတယ်။

ထိပ်ဆုံး(၂၀) ထဲရောက်တော့ တစ်ကယ့်ဘ၀စတော့တာပဲ။ မိန်းကလေးတစ်ယောက် ယောက်ျားလေးတစ်ယောက် အတွဲလိုက် အကဆရာ များ သင်တဲ့ အတိုင်း Contemporary, Waltz, Jive, Hip Hop, Disco, Broadway အကများအပြင် ရံဖန်ရံခါ Indian တို့ Yugoslavia တို့လို ရိုးရာ အကတွေပါ ကရပါတယ်။ Choreographer များကလည်း အစွမ်းကုန် ပညာထုတ်ပြီး ကြွကြွရွရွ လှလှပပ အကများ သာမက သွေးစုပ်ဖုတ်ကောင်အလယ် ဂြိုလ်သားက ကမ္ဘာပေါ်မှာ နောက်ဆုံး အသက်ရှင်ကျန်ခဲ့ တဲ့ လူသားကို နိုင့်ထက်စီးနင်း လုပ်တာအဆုံး မရိုးရအောင် ဇာတ်လမ်း ထွင်ကြပါတယ်။ သူတို့တွေရဲ့ ကကွက်တစ်ချို့ ဆို Emmy လိုမျိုး ဆုကြီးတွေ အတွက် တစ်ပေး ခံရ လောက်အောင် ကောင်းကြတာပါ။ ကင်ဆာရောဂါသည်လေးနဲ့ သူ့ကောင်လေး နာကျင်ခံစားရတဲ့ အကြောင်း သရုပ်ဖေါ်တဲ့ ကကွက် ကပြတော့ ဒိုင်သုံးယောက်စလုံး မျက်ရည်လည်ရွှဲ ဖြစ်ကြပါတယ်။ အကဆရာရဲ့  ကကွက်က သိပ်မကောင်းလို့ ပြိုင်ပွဲမှာ ထင်ပေါ်လောက် အောင် ပညာပြခွင့် မရလိုက်တာ တွေလည်းရှိရဲ့ ။

So You Think You Can Dance ရဲ့  ပြိုင်ပွဲစင်မြင့်ဟာ အရမ်းစိတ်ဝင်စား ဖို့ကောင်းတာပဲ။ မဲက တစ်ဦးချင်းကို ပေးစေတာပါ။ တစ်ပါတ် တစ်ခါ ပြိုင်ရပြီး မဲအနည်း ဆုံး ရတဲ့ ယောက်ျားလေး တစ်ယောက်နဲ့ မိန်းကလေးတစ်ယောက် ပြိုင်ပွဲက ထွက်ရပါတယ်။ စင်ပေါ်မှာ ရှိတဲ့သူတွေရော အကဆရာတွေ ပါ ကိုယ့်အလုပ်ကို အကောင်းဆုံး ဖြစ်အောင်လုပ်ပြီးတော့ ကသူများအတွက်က မဲရဖို့ အကဆရာတွေ အတွက်က Emmy Nomination ရဖို့ အပြိုင်အဆိုင် အားထုတ်ကြရပါတယ်။ ဒိုင်တွေက အကပညာ၊ ဖျော်ဖြေမှုပညာတွေ အတွက် ဘာတွေပဲမှတ်ချက် ပေးပေး ပရိတ်သတ်က မဲမပေးရင် ပြိုင်ပွဲကနေ ထွက်ရတာပါပဲ။ တစ်ကယ့်ဘ၀မှာလည်း ဒီလိုပဲမဟုတ်လား။ လူထုအကြီးကြီးက ကိုယ့်ကို ဘယ်လိုမှတ်ချက် ပေးနေမလဲဆိုတာ မြင်ရတာမှမဟုတ်တာ။ ဘ၀မှာ မဲလုံလုံလောက်လောက် ရမှသာ ဆက်ရှင်သန် ကြကြေးဆိုရင် ဘယ်နှစ်ခါလောက် များ သေပြီးပြီလဲမသိ။

အပါတ်စဉ်ပြိုင်ပွဲ အတွက်မဲနှိုက်ပြီး မဲကျတဲ့သူနဲ့ တွဲရတယ်။ မဲကျတဲ့ အကဆရာရဲ့ ဥာဏ်ကွန့်မြူးမှုကို ရုပ်လုံးပေါ်အောင် ကပြရတယ်။ ပြိုင်ပွဲ ၀င်သူတွေက သူတို့ သိထားတတ်ထားပြီးသား အကပညာတွေ တူကြတာမဟုတ်ပါဘူး။ Contemporary သမားနဲ့ Hip Hop သမား တွဲပြီး Disco အကဆရာ သင်ပေးတဲ့အတိုင်း ကချင်လည်းကရတာပဲ။ ကိုယ်က Hip Hop သမား ကိုယ်ကျွမ်းကျင်ရာ Hip Hop ကရတော့ မှာမို့ အစွမ်းကုန် ကျဲလိုက်မယ် ကြံသော်လည်း ကိုယ့်အဖေါ်က Ballerina ဖြစ်နေရင် သူ့ကိုလည်း တွဲခေါ်ရသေးတယ်။ တစ်ကယ့်ဘ၀ မှာလိုဘဲ ကိုယ်သွားချင်တိုင်း ကိုယ်သွားနိုင်သလောက် အစွမ်းကုန် မပြေးနိုင်ဘဲ ဘေးကမိသားစုဝင်တွေ၊ လုပ်ဖေါ်ကိုင်ဖက် တွေကို စောင့်ခေါ်ရ သလိုပါဘဲ။ အကဆိုတာရဲ့  သဘောကိုက နှစ်ယောက်ဖြစ်ဖြစ် အုပ်စုလိုက်ဖြစ်ဖြစ် စင်ပေါ်မှာ အတူတူ ကနေတဲ့ သူအားလုံး ညီမှ ကြည့်လှတာကိုး။ အုပ်စုလိုက်ကရင် အားလုံးထဲမှာ ကိုယ်တစ်ယောက်ထဲ မညီမညာ ဖြစ်မနေအောင် ကရင်း အများထဲမှာ ကိုယ်က ထင်ပေါ် အောင်လည်း ကတတ်ရပြန်သေး တယ်။ နှစ်ယောက်တွဲကရင် ကိုယ့်အဖေါ်ပါအောင်လည်း တွဲခေါ်၊ ကိုယ်လည်း မဲနည်းပြီး ပြုတ်မကျန်ခဲ့အောင် က။ အင်း တော်တော် မလွယ်တာပါ။

အလုပ်ခွင်တစ်ခုကို ၀င်သွားတဲ့အခါလည်း ဒီလိုပဲမဟုတ်လားနော်။ ကိုယ့်အထက်အရာရှိ ဘယ်ဆရာသမားနဲ့ တွေ့ပြီး ဘယ်အက ကရမလဲဆိုတာ မဲနှိုက်လိုက် တာပေါ့။ ကိုယ်သိပ်မကျွမ်းကျင်တဲ့ အက ကဖို့ကြုံလာတဲ့ အခါ ကိုယ့်ထက်တတ် သူကို နမူနာထားပြီး ကလိုက်။ ကိုယ်ပိုင်တဲ့အက ကျတော့ ကိုယ်ကသူ့ကို တွဲခေါ်လိုက်နဲ့။ တစ်ခါတစ်ခါ ဆရာသမားရဲ့  ဆွဲဆောင်မှုမရှိတဲ့ ကကွက်တွေ ကိုလည်း ကရတတ်လေရဲ့ ။ ကိုယ့် မှာရှိတဲ့ Broadway ပညာကို အိပ်ကပ်ထဲ ခေါက်ထည့်ထားပြီး Hip Hop ကရတာက ခပ်များများ။ ဒါကြောင့်လည်း ဘ၀ဇာတ်ခုံရယ်လို့ တင်စားကြတာပေါ့။

Project Run Way နဲ့ Top Chef ကျတော့ တစ်မျိုး။ Project Run Way ဆိုရင် သတင်းစာစက္ကူက၊ ကားပစ္စည်းက၊ ချိုချဉ်စက္ကူက နေ အင်္ကျီဖြစ်အောင် ချုပ်ခိုင်းတယ်။ မဖြစ်နိုင်ဘူးလို့ ထင်ရတာတွေကို ဖြစ်အောင်လုပ် တတ်ရတယ်။ Top Chef ကတော့ ပါဝါ ကစားပွဲတွေ ပါတတ်တယ်။ ပြိုင်ဘက် တွေကို အုပ်စုခွဲ ပြီး အုပ်စုလိုက် ပြိုင်ခိုင်းတာ တွေပါတယ်။ ခေါင်းဆောင်ရွေး ရတော့မယ် ဆိုတာနဲ့ ပြသနာက စပြီ။ ဈေးဝယ်တာ၊ မီးဖိုထဲမှာ စီစဉ်တာ၊ ချက်တာ၊ ပြင်တာ၊ စားပွဲပေါ်မှာ တည်ခင်းကျွေးမွေးတာ ဘယ်နေရာမဆို တစ်ယောက် နဲ့ တစ်ယောက် ငြိမယ်ဆို ငြိစရာတွေ ချည့်ပဲ။ အချိန်မှီပြီးအောင်လုပ်ရတာ အသေးအဖွဲလေးတွေ မေ့မနေအောင် လုပ်ရတာ အားလုံး အလုပ် ခွင်ထဲကအတိုင်းဘဲ။

Shear Genius ကတော့ ဆံပင်ညှပ်ပြိုင်ပွဲပါ။ အဲဒီမှာတော့ ပထမပွဲမှာ နိုင်တဲ့သူက နောက်ပွဲမှာ ညှပ်ရမယ့် ဆံပင်ပုံစံကို ရွေးချယ် ပေးရတာမျိုး ပါပါတယ်။ ပွဲတစ်ပွဲမှာ ပထမပွဲမှာ နိုင်တဲ့ အမျိုးသမီးက သူ့ရဲ့ ပြိုင်ဘက် သူ့လိုပဲတော်တဲ့ ကောင်လေးကို တော်တော် ခက်ခက်ခဲခဲ Elizabethan (ရှေး အင်္ဂလိပ်ကား တွေမှာ တွေ့ရတဲ့ ပုံစံမျိုး) ရွေးပေးလိုက်ပါတယ်။ ကောင်လေးခမျာ ဘာလုပ်ရမှန်း မသိလို့  အကြိမ်ကြိမ် ဆုတွေတောင်းလိုက်ရတာ။ ကြောက်ကြောက်နဲ့ အာရုံစူးစိုက်မှု ကောင်းသွား လို့လားမသိ အဲဒီ ကောင်လေးက အဲဒီအပါတ် အတွက် နိုင်သွားပါတယ်။ တကယ်တမ်း ထိပ်ကို ဆက်တက်လာတဲ့ အခါကျတော့ သူတို့နှစ်ယောက် ထိပ်ဆုံး သုံးယောက်ထဲကို ၀င်မသွား ပါဘူး။ သူများကျန်နေခဲ့ အောင်တိုက်တဲ့ အမျိုးသမီးလည်း သူပါ ကျန်နေရစ်ပါတယ်။

ပြိုင်ပွဲဝင်တွေကတော့ မဲများများ ရပြီး ရှေ့ကို ဆက်တက်နိုင်ဖို့ ကြိုးစားကြတယ်။ ကိုယ်တို့တွေကတော့ ဆက်လက်ရှင်သန်ဖို့ ကြိုးစား ကြတယ်။ ဘ၀ဆိုတဲ့ Reality Show ထဲမှာ အခုထိတော့ ပါဝင်ကပြခွင့် ရနေတုန်းပဲ။ ပရိသတ်ထုတ်လိုက် လို့မဟုတ်ဘဲ နားချိန်တန်လို့ နားလိုက်တဲ့ အထိရောက် အောင်တော့ ဒီလိုဘဲ ကြိုးစားနေရဦးမှာဘဲ။ ရှင်သန်ခွင့် ဆိုတာကိုက မက်မောစရာ မဟုတ်လားနော်။

Sunday, January 10, 2010

အမျိုးသမီးတစ်ယောက်ရဲ့  ပုံတူကား

The Portrait of a Lady ရုပ်ရှင်ကြည့်ပြီး စိတ်ထဲမှာ အတွေးပေါင်း များစွာ စွဲကျန်နေခဲ့တယ်။ လွတ်လပ်မှုကို ခုံမင်သူ တစ်ယောက် မသိတောင် မသိလိုက်ဘဲ အိမ်ထောင်မှု ကျော့ကွင်းမှာ တုတ်နှောင်ခံလိုက် ရတဲ့အဖြစ်။ လက်ထပ် ခွင့်တောင်းသူ နှစ်ယောက် နှစ်အတော်ကြာမှာ သူတို့တောင်းဘူးတဲ့ လက်ထပ်ခွင့်ကို ဘယ်လို သဘောထားသလဲ။ ဘာတစ်ခွန်းမှ မပြောဘဲ တစ်သက်လုံး ဖြည့်ဆည်းသွားတဲ့ အချစ်။ "As quiet as possible" နေဖို့ ကြိုးစားပါတယ် ဆိုတဲ့သူ၊ ဇနီး နဲ့ သမီးကို လူကို သာမက ၀ိဥာဉ်ကိုပါ ချုပ်ကိုင်ထားဖို့ ကြိုးစားတဲ့ သူ၊ တစ်ကိုယ်ကောင်းဆန် အတ္တကြီးတဲ့သူ တစ်ယောက်အကြောင်း။ နောက်ဆုံးမှာ ကြည့်သူကို ကြိုက်သလို တွေးခွင့်ပေးပြီး အဆုံးသတ်ထားတဲ့ ဇာတ်လမ်း။ အို အများကြီးပဲ။

ရုပ်ရှင်ခေါင်းစဉ်ကို ပြောင်းခွင့်ရမယ်ဆိုရင် The Portrait of a Lady ကနေ The Portrait of a Freedom Seeker လို့ ပြောင်းကြည့် ချင်တယ်။ ဘာလို့လဲဆိုတော့ အမျိုးသမီး တွေသာမဟုတ် လွတ်လပ်စွာတွေးခေါ်လိုသူ ဘယ်သူမဆိုမှာ ဒီအဖြစ်မျိုး ဖြစ်နိုင်တာပဲလို့ တွေးမိလို့ပါ။ ဇာတ်လမ်းထဲမှာ Isabel Archer (Nicole Kidman) ကလွတ်လပ်ခွင့် မဆုံးရှုံးချင်လို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ လက်ထပ်ခွင့်တောင်းတဲ့ Lord တစ်ယောက်နဲ့ သူဋ္ဌေးသားတစ်ယောက်ကို ငြင်းခဲ့ပါတယ်။ သူ့ကိုချစ်တဲ့ သူ့အကိုဝမ်းကွဲ Ralph ရဲ့  အကြံကို လက်ခံပြီး Raoph ရဲ့အဖေက Isabel ကို အမွေပေးခဲ့လို့ လွတ်လွတ်လပ်လပ် ပျံသန်းချင်တဲ့ Isabel တစ်ယောက် ကမ္ဘာတစ်လွှား ခရီးတွေ သွားနိုင်ခဲ့တယ်။

Isabel ဟာ စန္ဒယား အတီးကောင်းတဲ့၊ ထက်ထက်မြက်မြက် ရှိပုံပေါ်တဲ့ Madame Merle ကို တော်တော်သဘောကျပါတယ်။ Madame Merle ကမိတ်ဆက်ပေးလို့ သိရတဲ့ Gilbert Osmond က လက်ထပ်ခွင့်တောင်းတာကို လက်ခံလိုက်ပါတယ်။ လူတွေက Gilbert ဟာ အတ္တကြီးတဲ့သူ၊ Isabel ကို အမွေရထားတဲ့ ငွေတွေကို လိုချင်လို့ လက်ထပ်တာပါလို့ ပြောကြပေမယ့် Isabel ကတော့ သူ့ယောက်ျားကို not rich, no title, no honour but he has the gentlest, kindest, lightest spirit ဆိုပြီး မျက်စေ့မှိတ်ပြီး လက်ထပ်ခဲ့ပါတယ်။

ဒီနေရာမှာ တော်တော်ကို တွေးမိပါတယ်။ အာဏာတွေ ငွေတွေကို ထားခဲ့ပြီး လွတ်လပ်မှုရှာတဲ့ သူက ကိုယ့်ကို ထောင်ချောက်ထဲမှာ ထားဖို့များတဲ့သူ ကို ဘာတွေများ ကြိုက်သွားပါလိမ့်လို့ သေသေချာချာ စေ့စေ့စပ်စပ် ကြည့်မိတယ်။ Gilbert က ပန်းချီဆွဲတဲ့ အနုပညာ သမားပါ။ အနုပညာနဲ့ပါတ်သက်ရင် အကောင်းကို နားလည်တယ်။ အကောင်းကြိုက်တတ်တယ်လို့ ယူဆရပါတယ်။ ဒါတွေက Isabel ကိုဆွဲဆောင်နိုင်တဲ့ အဓိကအချက်လို့ မထင်မိပါ။ "I offer nothing" "I never try to earn a penny" ဆိုတဲ့ အပြောတွေက Gilbert ဟာ လွတ်လွတ်လပ်လပ် စိတ်ထဲရှိသလို နေတတ်တဲ့သူ လို့ထင်စေပုံရပါတယ်။ စကားလုံး အနည်းဆုံး နဲ့ ဆိတ်ဆိတ်ငြိမ်ငြိမ် နေတတ်တာ ကလည်း Isabel ကိုဆွဲဆောင်တယ်ထင်ပါရဲ့ ။ Freedom/Independence ကို ခုံမင်သူကို Freedom/Independence နဲ့ ဆွဲဆောင် တာပေါ့။ လိုချင်တာတွေအများကြီး မရှိတဲ့ သူဆိုတော့ သူ နှစ်နှစ်ကာကာ လိုချင်တဲ့ လွတ်လပ်မှူနဲ့ မျှားတဲ့အခါ ဘေးလူတွေ ထင်ထင် ရှားရှား မြင်တဲ့ အားနည်းချက်တွေကိုတောင် မမြင်မိတော့ဘူး ထင်ပါရဲ့ ။

ှုIsabel ဟာလက်ထပ်ပြီးတဲ့ အခါ အများကြီး ပြောင်းလဲသွားပါတယ်။ ကိုယ့်စိတ်နဲ့ ကိုယ့်ကို မနေရပဲ ယောက်ျားမျက်နှာပဲ ကြည့်ပြီး ယောက်ျားအလိုကျ အလိုက်အထိုက်နေရတဲ့ဘ၀၊ လင်ပါသမီး ယောက်ျားကောင်းရဖို့ လိုက်ပြီးကြိုးစား ပေးရ၊ ဘာပဲလုပ်လုပ် ယောက်ျား က အလိုမကျလို့ စိတ်ညစ်ရတဲ့ဘ၀ ကို ကြည့်တဲ့သူကိုတောင် စိတ်ကျဉ်းကြပ် စေပါတယ်။

အိမ်ထောင်သည် Isabel ရဲ့ ဘ၀မှာ သူ့ယောက်ျားကို ပထမဆုံး ဆန့်ကျင်ဖြစ်သွားစေတာကတော့ သူ့အကိုဝမ်းကွဲ Ralph ရဲ့  နောက်ဆုံး အချိန်မှာပါ။ Ralph စီစဉ်ပေးတဲ့ အမွေတွေနဲ့ မကြောင့်မကျနေနိုင်တာ ဖြစ်ပေမယ့် Ralph ကို မသေခင်နုတ်ဆက်ချင်တဲ့ Isabel ရဲ့ ဆန္ဒ ကိုတော့ Gilbert က သဘောမတူပါဘူး။ သူတို့လင်မယား နှစ်ယောက်ကလွဲရင် သူတို့အတွက် ဘယ်သူမှ အရေးမကြီးဘူး၊ သူ့အတွက် တော့ Isabel သာလျှင် အနီးစပ်ဆုံး လူသားမို့ သူတို့နေတဲ့ Rome ကနေ ရေခြားမြေခြား အင်္ဂလန်ကို သွားခွင့် မပြုပါဘူးလို့ ပြောတဲ့နေ့ မှာပဲ Gilbert နဲ့ Madame Merle ဟာ (ရ) နှစ် (၈)နှစ် ကြာချစ်သူ ဖြစ်ခဲ့တဲ့ အကြောင်း၊ Gilbert ရဲ့ သမီးအဖြစ် Isabel ချစ်ခင်နေမိတဲ့ Pansy ဟာ Madame Merle ရဲ့  သမီးဖြစ်တဲ့ အကြောင်း တွေကို သိလိုက်ရတော့ Isabel ရင်နာရပါတယ်။ Isabel ကမသိပေမယ့် Gilbert နဲ့ Madame Merle ဟာ ခုထိလည်း ဖေါက်ပြန်နေ ဆဲပါ။

Ralph ကို တွေ့ချင်တဲ့ စိတ်အပြင်၊ အမှန်တရားတွေကို သိလိုက်ရပြီး သူ့ဘ၀ဟာ သူမျှော်မှန်းထားတာ နဲ့ တခြားစီ ဖြစ်နေတာ တွေကို မြင်လိုက်တဲ့ အမြင်သစ်တွေနဲ့ Isabel ဟာ Ralph ဆီကို အရောက်သွား ခဲ့ပါတယ်။ မောဟ ဖုံးလွှမ်းနေရာ ကနေ သတိတရား စ ပြန် ၀င် လာ သလို Gilbert က သူ့ကို ငွေအတွက် လက်ထပ်ခဲ့တာလား လို့ အခုမှပဲ Isabel ဟာပထမဆုံး စဉ်းစားဖြစ်ပါတော့တယ်။

Ralph ဆုံးသွားပြီးတဲ့နောက်မှာ အရင်က သူ့ကို လက်ထပ်ခွင့်တောင်းဖူးတဲ့ သူဋ္ဌေးသားက Gilbert ဆီကိုပြန်မသွားဖို့ သူ့ကိုလက်ထပ်ပြီး အင်္ဂလန်မှာပဲနေဖို့ ပြောပါတယ်။ Isabel က သူဋ္ဌေးကို လည်းလက်မခံ Gilbert ဆီပြန်သွားတာလည်း မပြနဲ့ ကြည့်တဲ့ သူတွေကို ကြိုက်သလို တွေးစေဖို့ "ဒီအတိုင်းပဲ" ရပ်ထားပြီး ဇာတ်လမ်းဆုံးသွားပါတယ်။

ဇာတ်လမ်းကဆုံးသွားပေမယ့် အတွေးတွေက မဆုံးသေးပါဘူး။ "သွားမပါချင်နေ၊ ကားပါရင်တော်ပြီ" ဆိုပြီး ချမ်းသာတဲ့ ယောက်ျားရဖို့ ကြိုးစားတဲ့ အကြောင်း ရုပ်ရှင် ဇာတ်လမ်းတွေ အများကြီးပါ။ ငွေနောက်လိုက်ရင်း ဒုက္ခရောက်ရတဲ့ အကြောင်းတွေလည်း ကြည့်ဖူးပါ တယ်။ Freedom နောက်ကို လိုက်ရင်း Freedom ဆုံးရှုံး ရတဲ့ အဖြစ်တော့ မှတ်မှတ်ရရ သိပ်မရှိလှဘူး။

The portrait of a lady ကို ကြည့်ပြီးတဲ့ အခါမှာတော့ ငွေမက်တဲ့ သူတွေနဲ့ လွတ်လပ်မှု မက်တဲ့သူ တွေကို ယှဉ်တွေးကြည့်မိတယ်။ ဘာများ ကွာလို့လဲနော်။ တစ်စုံ တစ်ခုကို ရူးရူးမူးမူး လိုချင်မိတဲ့ အခါ ကိုယ်လိုချင်တဲ့ အရာကလွဲပြီး ဘာကိုမှ မကြည့်တော့ဘူး။ ကိုယ်လိုချင်တဲ့ အရာကို ကြည့်ပြန်တော့ လည်း အမှန်အပြင် စိတ်ကူးနဲ့ ဖြည့်စွက် ကြည့်တတ်သေးတယ်။ အိမ်ထောင်ပြုတာမှ မဟုတ်ပါဘူး။ စီးပွားရေး လုပ်တာကအစ ပစ္စည်း တစ်ခု ၀ယ်တာအထိ တစ်ခါတစ်ခါ ဒီထောင်ချောက်ထဲကို ကျတတ်ကြတာပါဘဲ။

ကိုယ်လိုချင်တာကို ရှာဖွေရင်း မောဟ ထောင်ချောက်ထဲ မကျရအောင် သတိရှိဖို့ အရေးကြီး လှပါလားနော်။

Invictus - a missed opportunity

I expected more from Invictus. No doubt, Nelson Mandela's idea of reducing the racial tension through sports is great. The story "Playing the Enemy: Nelson Mandela and the Game That Changed a Nation" was well structured. But the film did not deliver well enough. I would think it is a missed opportunity. It just read the poem Invictus but did not really inspire the audience, at least me.

Invictus

Out of the night that covers me,
Black as the pit from pole to pole,
I thank whatever gods may be
For my unconquerable soul.

In the fell clutch of circumstance
I have not winced nor cried aloud.
Under the bludgeonings of fate
My head is bloody, but unbowed.

Beyond this place of wrath and tears
Looms but the Horror of the shade,
And yet the menace of the years finds
And shall find me unafraid.

It matters not how strait the gate,
How charged with punishments the scroll,
I am the master of my fate:
I am the captain of my soul


First: The first thing Nelson Mandela did once he took the office is "balancing black aspirations with white fears". Such scenes should have been more tensed with the black's expectations to get rid of all white staff and the white's insecurity, despite willing to continue serving the country. Now the film just passed the message, but did not arouse emotion.

Second: Francois Pienaar (Matt Damon) got inspired during the visit to the Cell in which Nelson Mandela stayed for 27 years. He imagined Nelson Mandela being caged inside the cell, Nelson Mandela carrying out hard labor in the field, Nelson Mandela reciting the Invictus poem repeatedly to stand up when all he wanted to do is to lie down. Again, I understood what these scenes mean but I was not touched at all.

There are a few good scenes such as Nelson Mandela confronted the South African rugby board to keep Springbok team and his tea session with Francois. But with the big names like Morgan Freeman and Matt Damon, I expected much more than this. What a waste a good story did not make us believed.

Friday, January 1, 2010

ဆယ်စုသစ်ကိုကြိုဆိုခြင်း

ဒီနှစ် ခရစ်(စ်)မတ်စ်ကိုရော နှစ်သစ် ကူးပြောင်းတာကိုရော ထူးထူးခြားခြားကြီးကို သိသိမှတ်မှတ်ဖြစ်နေမိတယ်။ New Year ကိုကြိုဆိုသမျှ တွေထဲက ကိုရဲထွဋ်နဲ့ မအေးအေးသန့် ပို့လိုက်တဲ့ ကဗျာလေးကိုတော့ တော်တော်သဘောကျလို့ မြန်မာလို ရေးကြည့်မိတယ်။ ကဗျာကိုတိုက်ရိုက် ဘာသာပြန်တာမဟုတ်ပဲ ဒီကဗျာဖတ်နေရင်းပေါ်လာတဲ့အတွေးတွေကို ချရေးထားတာပါ။

HAPPY 2010 TO YOU!

“Another fresh new year is here . . .
Another year to live!
To banish worry, doubt, and fear,
To love and laugh and give!

This bright new year is given me
To live each day with zest . . .
To daily grow and try to be
My highest and my best!

I have the opportunity
Once more to right some wrongs,
To pray for peace, to plant a tree,
And sing more joyful songs!”
(William Arthur Ward)

လတ်ဆတ်တဲ့နှစ်သစ်တစ်ခု ရောက်ရှိလာပြန်ပြီလေ။
နောက်ထပ်နှစ်တစ်ခုမှာ ရှင်သန်ကြဖို့။
သောက သံသယ နဲ့ အကြောက်တရားတွေပျက်ပြယ်စေ။
ချစ်ခင်ခြင်း၊ ရယ်မောခြင်း၊ ပေးဆပ်ခြင်းတွေနဲ့ (နှစ်သစ်ကို)ဖြည့်စွက်ကြစို့။

နှစ်သစ်က အလင်းတန်းတွေကိုယ့်ကို ပေးနေရဲ့ ။
နေ့တိုင်းကို လှိုက်လှိုက်လှဲလှဲ ရင်ထဲကချစ်ခင်တတ်စေဖို့ပေါ့။
(တိုင်ထိပ်ကိုဝင့်ဝင့်ကြွားကြွား လွင့်တက်နေတဲ့ တိုက်ပန်းနွယ်တွေလို)
မြင့်သထက်မြင့် ၀င့်သထက်ဝင့် မိုးထိအောင်လှေခါးထောင်ကြစို့။

အခွင့်အရေးတွေက ဒို့ရှေ့မှာပြန့်ကြဲလို့
မှားတာတွေ အမှန်ဖြစ်အောင်လုပ်ကြမယ်။
ငြိမ်းချမ်းရေးကို ရှေးရှု (နောက်ဖြစ်မယ့် လူသားတွေအတွက် အဖိုးအိုသရက်ပင်စိုက်သလို) မျှော်လင့်ချက်သစ်ပင်တွေစိုက်ရင်း
ပိုပြီးရင်ခုန်ရမယ့် သီချင်းတွေဆိုကြစို့နော်။

နောက်ထပ်သဘောကျတဲ့ ၂၀၁၀ ကြိုဆိုခြင်းစာပိုဒ်ကတော့ Seth Godin's Blog ကပါ။

Here are my picks for the two most important trends of the decade we're just starting:

1.Change: The infrastructure of massive connection is now real. People around the world have cell phones. The first internet generation is old enough to spend money, go to work and build companies. Industries are being built every day (and old ones are fading). The revolution is in full swing, and an entire generation is eager to change everything because of it. Hint: it won't look like the last one with a few bells and whistles added.

2.Frustration: Baby boomers are getting old. Dreams are fading, and so is health. Boomers love to whine and we love to imagine that we'll live forever and accomplish everything. This is the decade that reality kicks in. And, to top it off, savings are thin and resource availability isn't what it used to be. A lot of people ate their emergency rations during the last decade. Look for this frustration to be acted out in public, and often.

I think the coolest thing is that just about everyone gets to pick which one of these two alternatives they want to spend their time on. And being frustrated about change doesn't count as doing both.


ကိုယ့်ပါတ်ဝန်းကျင်မှာ မြင်နေရတဲ့ CHANGE ကတော့ ကြောက်စရာကောင်းလောက်အောင် မြန်လွန်းလှပါတယ်။ လွန်ခဲ့တဲ့ ရှစ်နှစ် ကိုးနှစ်လောက်က အိမ်တိုင်းမှာ အင်တာနက်မရှိဘူးလို့ မှတ်မိထားတဲ့ စင်္ကာပူမှာ ၂၀၁၀ ရောက်တော့ လူတော်တော်များများ ကားပေါ် ရထားပေါ်ကနေ အီးမေးလ် ပို့လိုက် Facebook မှာ ကိုယ့်စိတ်ထဲရှိတာတွေ ချရေးလိုက် လုပ်ကုန်ကြပြီ။ စက်တွေရဲ့  Performance သာမက လူတွေရဲ့  စွမ်းဆောင်ရည် တွေပါ Net အစွမ်းနဲ့ တစ် ကမ္ဘာလုံးကို "Real Time" သတင်းပို့ ကုန်ကြပြီ။ ကြည့်စမ်းပါဦး ဘယ်လောက်မြန်တဲ့ ပြောင်းလဲနှန်းလဲဆိုတာ။

ပညာရေး၊ နိုင်ငံရေး၊ စီးပွားရေး ဘာအကြောင်းပဲ ဂူဂယ် လုပ်လုပ် သတင်းတွေ ထောင်နဲ့သောင်းနဲ့ ချီပြီး ကျလာလိုက်တာ။ များလွန်းပြီး ဘာကိုအတည်ယူရမှန်း မသိတာကလည်း စိတ်ပျက် စိတ်ရှုပ်စရာ။ ငွေလား၊ လူလား၊ အင်အားလား နိုင်ငံတိုင်းမှာ အရင်းအမြစ် ရှားပါး၊ အပြိုင်အဆိုင်တွေ များလွန်းလို့ ရှိတဲ့ အထုပ်ကလေးတွေ ဖြည်ဖြည်စားရင်း အနာဂါတ်အတွက် အားတင်းနေတဲ့ နိုင်ငံတွေလည်း များလှ ပေါ့။ အဲဒီလိုအပြိုင်အဆိုင် တွေကြားမှာ ရထားတဲ့ ခြေတစ်ဖ၀ါးစာ နေရာလေး မပျောက်ပြက်အောင် ကြိုးစားရင်း စိတ်တွေ တင်းကြပ်ပြီး စိတ်ဓါတ် ကျသွားနိုင်တာလဲအမှန်။

Seth ကတော့ အဟုန်ပြင်းလှတဲ့ ရေစီးကြောင်းထဲမှာ ပျော်ပျော်ကြီး စီးမျောမလား၊ စိတ်တွေရှုပ်ပြီး ငုတ်တုတ်ထိုင် နေမလား ဆိုတဲ့ နှစ်ခုထဲက တစ်ခုပဲရွေးလို့ရမယ်တဲ့။ စိတ်ရှုပ်ရှုပ်ကြီးနဲ့ ရေစီးကြောင်း မြန်မြန်ကြီးထဲ လိုက်ပါနေလို့မရဘူးဆိုပဲ။

အင်း... နှစ်သစ် (တကယ်တော့ ဆယ်စုသစ်ဆိုလည်းမှန်တာပဲ) ကကိုယ့်ရှေ့ မှာ စိန်ခေါ်သလို ကြည့်နေပြီ။ ကဲ ဘယ်လိုလဲ။ ကိုယ်ကတော့ အသက်ခပ်ပြင်းပြင်းတစ်ချက် ရှူသွင်းပြီး ကိုရဲထွဋ်နဲ့ မအေးပို့တဲ့ ကဗျာလေးကို ထပ်ရွတ်နေမိတယ်။