ဒီဘလော့ဂ်ပေါ်မှာ ဘာမှမရေးတာ လပေါင်းများစွာကြာပြီ။ အခုတော့ သူများကဗျာတစ်ပုဒ်ကို ဖတ်ပြီး စိတ်ကူးရလို့ ရေးထားတာလေး ဘယ်နားထားရမှန်းမသိလို့ ဘယ်သူမှ မဖတ်တဲ့ ဒီပေါ်မှာ လာတင်ထားလိုက်တယ်။
ငါ နဲ့ ငါ နှိုင်း
ငါတို့ကို ငါတို့ကိုယ်တိုင်ရော ငါတို့မဟုတ်တာတွေကရော အရည်အသွေး စစ်ဆေးတယ်။
ပေတံအမျိုးမျိုး စံအမျိုးမျိုးမို့ တစ်ခါတိုင်းလိုက်တိုင်း အရပ်တစ်ခါ ပြောင်းမသွားစေနဲ့နော်။
ပက်ကင်ပဲပြောင်းပြောင်း၊ တံဆိပ်တွေပဲတတ်တတ် ငါကတော့ ငါပဲဖြစ်နေခွင့်ရှိရမယ်။
ကော်လက်စထရောဖရီး ပြောပြော အရောင်ဆိုးဆေးတွေ မသုံးဘူး ဆိုဆို။
ရေပူမှာဖျော်မလား ရေအေးနဲ့ပေးမလား (ကုန်ကုန်ပြောကြေးဆို) ရေမပါဘဲ ဆေးခါးကြီးလို မြိုခိုင်းရင်တောင်။
ငါနဲ့ ငါနှိုင်း မရိုင်းလောက်ဖူး ငါကထုတ်တဲ့ကုန် ငါပဲဖြစ်နေချင်တယ်။
The paradox of insular language
1 year ago