ကိုင်းကကျွန်းကို မှီချင်စိတ်မရှိတော့သလို
ကျွန်းကလည်း ကိုင်းအမှီကိုမခံချင်တော့တာ အထင်းသားပါ။
အားနည်းတဲ့ကိုင်းပင်က မျိုးဆက်သစ်ကိုအမှီအတွယ်လုပ်ပေမယ့်
အတ္တတွေခံနေတဲ့ ကျွန်းကြီးကတော့ ရေလည်ခေါင်မှာ အထင်းသား။
မှီခိုခြင်းနဲ့ အမှီခိုခံခြင်းရဲ့ဟာမိုနီလည်း ပျက်စီးသွားခဲ့ပြီ။
ဘ၀ရဲ့နောက်ဆုံးနေ့တွေကို တစ်ကိုယ်တည်း ရင်ဆိုင်ရမယ့် ရေလည်ကကျွန်းကြီးအစား ကိုယ်အဖျားတက်နေတယ်။